
International-news








Unicode

ကြိုးကြာနီတို့ရဲ့ နှစ်သုံးဆယ် အိပ်မက် ( သို့ ) ပရီးမီးယားလိဂ် ဖလား

အနှစ် ၃၀ ကြာ စောင့်မျှော်နေခဲ့ရတဲ့ ပရီမီးယားလိဂ် ဖလားကို လီဗာပူးအသင်းက ဒီကနေ့ပိုင်ပိုင်နိုင်နိုင် ကိုင်ခွင့်ရခဲ့ပါပြီ ။ သူတို့ရဲ့ အောင်ပွဲကို ကော်ရိုနာဗိုင်းရက်ကြောင့် ခမ်းခမ်းနားနား မကျင်းပ နိုင်ပေမဲ့ အန်ဖီးလ် ကွင်း တစ်ဝိုက် မှာတော့ အနီရောင် မီးခိုးတွေ အလုံးလိုက် အဆုတ်လိုက် ဝေသီနေပါတယ် ။ ဇွန် ညနေရဲ့ ကောင်းကင် ဟာလည်းပဲ ရဲရဲတောက်နေပါတယ် ။

မနေ့က ကန်တဲ့ပွဲတွေ ထဲမှာ လီဗာပူး က ပရီမီးယားလိဂ်အမှတ်ပေး ဇယားမှာ သူ့နောက်က ဖိအားပေး လိုက်နေတဲ့ မန်စီးတီးအသင်းကို စောင့် ကြည့်နေခဲ့ပါတယ် ။ လက်ကျန်ပွဲ ၇ပွဲပဲ ကျန်တော့တဲ့ အချိန်မှာ လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုး ဝ ဂိုး နဲ့ အနိုင်ယူပြီး မန်းစီးတီးရဲ့အမှားကို စောင့်နေခဲ့ပါတယ် ။ မန်စီတီးက ချယ်ဆီး အိမ်ကွင်းမှာ ၂ဂိုး ၁ဂိုးနဲ့ ရှုံးသွားတဲ့အချိန်မှာတော့ လီဗာပူးနဲ့ မန်စီတီးက ၂၃မှတ်ကွာသွားပြီ ဖြစ်လို့ ပရီမီးယားလိဂ် ဖလားကို ရသွားခဲ့ပါတယ် ။ လီဗာပူးချန်ပီယံ ဖြစ်ခဲ့တဲ့ တစ်လျှောက်မှာ လက်ကျန်ပွဲ ၇ ပွဲနဲ့ ချန်ပီယံဖြစ်တာ ဒါပထမဆုံး အကြိမ်ပ ါ။ နောက်ပြီးတော့ ပရိမီးယားလိဂ်သမိုင်းမှာ နောက်အကျဆုံး ချန်ပီယံ ဖြစ်ခွင့်ရတဲ့ အသင်း ဖြစ်သွားပါတယ် ။ အကြောင်းကတော့ ကော်ရိုနာဗိုင်းရက် ပြန့်ပွား ဘောလုံးပွဲတွေကို ၃လကျော် နားလိုက်ရလို့ပါပဲ ။

ကလပ်အသင်းမန်နေဂျာ ဂျာဂျန်ကလောပ် က “ ကျနော့် မှာပြောစရာစကား မရှိနိုင်အောင်ဖြစ်နေပါတယ် ။ တကယ့်ကို မယုံချင်စရာပါပဲဗျာ ။ ကျနော့်အတွေးထဲမှာ ခန့်မှန်းထားတာထက်တောင် အများကြီး ပိုနေပါတယ် ။ ကလပ်အသင်း ချန်ပီယံဖြစ်တာကတော့ တကယ့်ကို မိုက်တယ်ဗျာ”လို့ သူ့ကိုယ် သူမယုံမကြည် ဖြစ်နေတဲ့ ပုံစံမျိုး ပြောသွားပါတယ် ။

ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး ပရီမီးယားလိဂ် ပွဲတွေကို ပြန်လည်စတင်ခဲ့ပါတယ် ။ ပရိသတ်မပါတဲ့ အားကစားရုံ တွေကနေ ကစားတဲ့ ပြိုင်ပွဲတွေကို ရုပ်သံကနေပဲ ထုတ်လွှင့် ပြသခဲ့ပါတယ် ။ ပြိုင်ပွဲမှာပါတဲ့ ကလပ်အသင်း တွေရော ဘောလုံးကွင်း အမှုထမ်းတွေရော ကျန်တဲ့ ဝန်ထမ်းတွေကို ပါ တစ်ပတ် ၂ခါ ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ ကစားစေခဲ့တာပါ ။

ကလော့ပ်က “၃လ လုံးလုံး စိတ်ထဲမှာ အနှောက်အယှက် ဖြစ်နေတာ အခုမှပဲ စိတ်သက်သာရာ ရသွားတယ် ။ ပြိုင်ပွဲက ပြန်စနိုင်ပါ့မလား ။ နောက် ရာသီကိုရောက်သွားတော့ ၂၀၂၀ ဘောလုံး ရာသီကို ဒီလိုပဲ ရပ်လိုက် တော့မှာလား ။ အောင်ပွဲက လက်တစ်ကမ်း အလိုမှာ ပြိုင်ပွဲနားသွားရင် လီဗာပူးက အိမ်မက်ဆိုး ကြီးကနေ ဘယ်တော့မှာ နိုးထ နိုင်ပါ့မလဲ ဆိုတဲ့အတွေးတွေနဲ့ စိတ်တထင့်ထင့် ဖြစ်နေတာ အခုမှပဲ အလုံးကြီးကျသွား တယ်”လို့သူက ဆိုပါတယ် ။

မောင်ယဿ REF: euronews photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …