ၿငိမ္”
- By : Phoe Linn
- Category : Entertainment, Knowledge

ၿငိမ္”
••••••••
တစ္ေန႔သ၌ ကြၽႏ္ုပ္ထံသို႔ ကြၽႏ္ုပ္၏မိတ္ေဆြႀကီးျဖစ္သူ ကိုေဖာင္တိန္သည္ ေရာက္ရွိ၍လာေလ၏။ေရာက္ လွ်င္ေရာက္ျခင္းပင္၎က –
“ေသဖို႔အတြက္ျပင္ဆင္ၿပီးၿပီလား” ဟု ထုံးစံအတိုင္း ႏႈတ္ဆက္လိုက္ေလေတာ့၏။ထိုအခါ ကြၽႏ္ုပ္ က –
“ေသဖို႔ျပင္ဆင္ခ်ိန္မရေသးဘူး.. ခင္ဗ်ားအခု ထမင္းစားဖို႔ လာတာမဟုတ္လား..”ဟု ကိုေဖာင္
တိန္အား ျပန္၍ေမးလိုက္ေလရာ ၎က –
“ဟုတ္တယ္ဆရာစိုး .. က်ဳပ္ထမင္းစားခ်င္တယ္ ..၊ေရွာက္သီးသုတ္နဲ႔ စားခ်င္တယ္ ..”ဟု ေတာင္း ဆိုေသာေၾကာင့္ ကြၽႏ္ုပ္သည္ အနီးရွိ လူတစ္ေယာက္ကို အကူအညီေတာင္းကာ တိုးေခ်ာင္ေလးဘူတာ ေစ်းသို႔လႊတ္၍ အေျပးအလႊား ေရွာက္သီးတစ္လုံး ၀ယ္ခိုင္းလိုက္ရေလ၏။
ေရွာက္သီးရလာေသာအခါ ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႀကီးအား ေရွာက္သီးသုတ္ေပးရန္ အတြက္ ျပင္ဆင္ေနစဥ္ အခ်ိန္တြင္ ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္လက္ထဲမွ ေရွာက္သီးကိုယူသြားေလ၏။ထို႔ေနာက္ ေရွာက္သီးကို သူ႔ဘာသာသူ အခြံႏႊာ ၏။
အသားမ်ားကိုလည္းႏႊင္၏။ ၿပီးေနာက္ ပုဂံထဲသို႔ထည့္ကာ ငံျပာရည္ ေလာင္းခ်ကာ င႐ုတ္သီးမႈန္႔ျဖဴးျပန္ ၏။ ထို႔ေနာက္ ပဲမႈန္႔မ်ားထပ္၍ ျဖဴးကာ ဘာမွမထည့္ေတာ့ဘဲ ဒီအတိုင္း နယ္ဖတ္ကာ ထမင္းထဲသို႔ပုံထည့္ လိုက္ၿပီးလွ်င္ ကိုေဖာင္တိန္သည္ အားရပါးရ စားေလေတာ့၏။
ငံျပာရည္ေလာင္းထားသည့္ ေရွာက္သီး သုတ္မ်ားကို ထမင္းထဲသို႔ ပုံ၍ထည့္လိုက္ အားရပါးရစားလိုက္ျဖင့္ တစ္လုပ္ၿပီး တစ္လုပ္ဆက္တိုက္ စားေနေလေတာ့၏။ ကိုေဖာင္တိန္ထမင္းစားေနသည္ကိုၾကည့္ရင္း ကြၽႏ္ုပ္သည္ မစားရအေညႇာ္ခံျဖစ္ကာ သြားရည္က်ၿပီး သြားက်ိန္း၍လာေသာေၾကာင့္ ဆက္မၾကည့္ေတာ့ဘဲ ကြၽႏ္ုပ္လည္း ကိုယ့္ဘာသာတစ္ ေယာက္တည္း ေတြးေငးရင္းေနေလ၏။ အတန္ငယ္ၾကာေသာအခါ ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္အားအကဲ ခတ္မိသြားကာ –
“ဘာေတြ ေတြးေငးၿပီး မ်က္ႏွာညႇိဳးေနရတာလဲ ဆရာစိုး” ဟု ေမးလိုက္ေလေတာ့၏။ထိုအခါ ကြၽႏ္ုပ္က –
“ဒီလိုပါပဲ ကိုေဖာင္တိန္ရယ္ က်ဳပ္အသက္က ငါးဆယ္နားကို ကပ္လာေနၿပီ ဒါေပမဲ့ က်ဳပ္ျဖစ္ခ်င္ တာေတြ ျဖစ္လာဖို႔အတြက္ တအားႀကိဳးစားခဲ့တာေတာင္ ဘာတစ္ခုမွ ျဖစ္မလာတာေတြကို ေတြးမိေနတာ ပါ” ကိုေဖာင္တိန္အား ျပန္၍ေျဖလိုက္၏။ ထိုအခါ ကိုေဖာင္တိန္ႀကီး-
“ေၾသာ္ ဘာမ်ားလဲလို႔ ..၊ဒီမွာ ဆရာစိုး …ခင္ဗ်ားလိုခ်င္တဲ့ အရာဟာ ေအာင္ျမင္မႈ ဒါမွမဟုတ္ ခင္ဗ်ား ဘ၀အတြက္ လိုအပ္တယ္ဆိုတဲ့ ဘယ္အရာကိုမဆို ႀကိဳးစားၿပီး ရယူလို႔ရတယ္၊ ခိုးဝွက္ၿပီးယူလို႔လည္း ရတယ္၊လုယူလို႔လည္းရတယ္၊ ဓားျပတိုက္ယူလို႔လည္းရတယ္ …၊
ဒါေပမဲ့ ခင္ဗ်ားခိုးဝွက္ လုယူလို႔မရတဲ့အ ရာေတြထဲမွာ ဉာဏ္အလင္းမပါဘူး ..၊ဉာဏ္အလင္းဟာ ပိုင္ဆိုင္လို႔ရတဲ့ ႐ုပ္ဝတၳဳပစၥည္း မဟုတ္ဘူး ..၊ခင္ဗ်ားရဲ႕ ပိုင္ဆိုင္မႈေတြက ဘယ္ေလာက္ပဲ မ်ားျပားေနပါေစ အခ်ိန္တန္ရင္ ေသခ်ာေပါက္ဆုံးရႈံးရမယ့္ အရာေတြ ပဲျဖစ္တယ္ ..၊ဉာဏ္အလင္းကေတာ့ အဲဒီဟာေတြနဲ႔ လုံး၀ကြဲျပား ျခားနားတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ထာ ၀ရတည္ရွိေနႏိုင္တဲ့ အရာျဖစ္တယ္။
ဒါ့ေၾကာင့္ ထာ၀ရနဲ႔တစ္ခဏရဲ႕ ကြာလွမ္းတဲ့ ျခားနားခ်က္ကို ခင္ဗ်ား အေနနဲ႔ သိျမင္ႏိုင္စြမ္း မရွိေသးဘူးဆိုရင္ ခင္ဗ်ားဟာ လူျဖစ္ရႈံးသြားၿပီ …၊ ဇာတ္သိမ္းလို႔မရေတာ့တဲ့ ဇာတ္ ေကာင္တစ္ေကာင္ဘ၀ကို ေရာက္သြားၿပီ
တကယ္ေတာ့ လူ႔ဘ၀ကိုေရာက္လာ၊ ရလာၾကတယ္ဆိုတာ က်ဳပ္တို႔ရဲ႕ ျဖစ္တည္မႈကို က်ဳပ္တို႔ကိုယ္တိုင္ ဇာတ္သိမ္းျပစ္လိုက္ဖို႔အတြက္ အခြင့္အေရး အျပည့္အ၀ရွိထားၾက တာ ..၊ဒါေပမဲ့ က်ဳပ္တို႔က က်ဳပ္တို႔ကိုယ္တိုင္ ဇာတ္သိမ္းဖို႔ထက္ ေနာက္ထပ္အခန္းဆက္ေတြ ျဖစ္လာဖို႔အအတြက္ကိုပဲ အားတက္သေရာ လုံးပမ္းေနၾကတယ္။
ဒီေတာ့ က်ဳပ္တို႔မလိုခ်င္၊ မျဖစ္ခ်င္တဲ့ ဇာတ္သိမ္း ျခင္းက ေန၀င္ခ်ိန္မွာ က်ဳပ္တို႔ကို ျပည္ဖုံးကားခ်တာကို ခံၾကရေတာ့တာပဲ ..၊ ဘယ္ေလာက္ခံျပင္းဖို႔ေကာင္း သလဲ ..၊ဒါဟာ ကိုယ့္ဇာတ္ကိုသူမ်ားလာသိမ္းေပးသြားတာပဲေလ ..၊ ဘယ္လိုလုပ္ ဇာတ္သိမ္းလွပေတာ့ မွာလဲ ..၊ကိုယ့္ဇာတ္ကိုယ္သိမ္းတာဟာ အလွပဆုံးနဲ႔ အႏုပညာအေျမာက္ဆုံးပါပဲ ..။
ဒီေတာ့ ဇာတ္သိမ္း လွခ်င္ရင္ ကိုယ့္ဇာတ္ကိုယ္ သိမ္းရလိမ့္မယ္ ..၊ ေန၀င္ခ်ိန္ကိုေစာင့္ေနလို႔မျဖစ္ဘူး၊ ေန၀င္ရင္ဇာတ္သိမ္းမ လွဘူး ..၊ အဲဒီအတြက္ ခင္ဗ်ားရဲ႕ ဘ၀ဇာတ္ခုံေပၚမွာ ဉာဏ္တရားလမ္းစဥ္ ဇာတ္၀င္ခန္းတစ္ခုကို အေရးတ ႀကီးထည့္သြင္း ကျပရလိမ့္မယ္ ..၊
အဲဒီဇာတ္၀င္ခန္းအတြက္ ဂီတမလိုဘူး၊ ဒႆနမလိုဘူး၊ ဒရမ္မာလည္း မလိုဘူး …၊ ဘာ့ေၾကာင့္လည္းဆိုေတာ့ ဉာဏ္တရားလမ္းစဥ္က အေျဖာင့္သြားတာ ဒရမ္မာဆိုတာအ ေကာက္သြားတာ။ခင္ဗ်ားလိုအပ္တာကေတာ့ ၿငိမ္ေနဖို႔ပဲလိုတယ္၊ ခင္ဗ်ားရဲ႕ၿငိမ္သက္ျခင္းထဲမွာ စိတ္ႏွ လုံးေအးခ်မ္းေနေစရလိမ့္မယ္၊
ၿငိမ္တာနဲ႔ ၿငိမ္းတာေတြ႕ရင္ တစ္နည္းအားျဖင့္ ၿငိမ္တာနဲ႔ၿငိမ္းတာ တစ္သား တည္းျဖစ္သြားတဲ့ အခ်ိန္က်ရင္ ခင္ဗ်ားေမ့ခ်င္ေယာင္ ေဆာင္ထားတဲ့ ေန၀င္ခ်ိန္ဟာ ေပၚလာလိမ့္မယ္ ..၊ အဲဒီခါမွာ ခင္ဗ်ားရဲ႕ သတိတရားဟာ ႏႈိးၾကားမႈအျပည့္အ၀နဲ႔ ႐ုန္းထလာလိမ့္မယ္၊ သတိတရားနဲ႔ၿငိမ္သက္ ေနျခင္းဆိုတာ ဉာဏ္တရားလမ္းစဥ္ေပၚကို ေရာက္ရွိသြားသူေတြရဲ႕ ဘဝေနထိုင္မႈစစ္စစ္ျဖစ္တယ္၊
ခင္ဗ်ား ရဲ႕ေနထိုင္မႈဟာ စစ္မွန္လာၿပီဆိုရင္စစ္မွန္မႈဟာ ဆက္တိုက္ျဖစ္လာၿပီဆိုရင္ ေန၀င္ခ်ိန္ဟာ ခင္ဗ်ားကို ဇာတ္သိမ္းလို႔ မျဖစ္ႏိုင္ေတာ့ဘူး …၊ ဘာ့ေၾကာင္လဲဆိုေတာ့ ခင္ဗ်ားရဲ႕ဇာတ္သိမ္းပိုင္းကို ခင္ဗ်ားကိုယ္တိုင္ ရွာေဖြေတြ႕ရွိ သြားတဲ့အတြက္ပဲျဖစ္တယ္ …။
ဒါ့ေၾကာင့္ ၿငိမ္ပါ၊ ၿငိမ္းပါ၊ ထာ၀ရဆိုတဲ့ အရာကို ခင္ဗ်ားပိုင္ဆိုင္ ရရွိသြားႏိုင္ ပါလိမ့္မယ္ …” ဟု
ေျပာလိုက္ၿပီးလွ်င္ ကိုေဖာင္တိန္ႀကီးသည္ ထမင္းစားျခင္းကိုပါ လက္စသတ္လိုက္ေလ ၏။ ၿပီးေနာက္ လက္မေဆးဘဲ ၎၀တ္ထားသည့္ပုဆိုးျဖင့္ ထမင္းေပေနသည့္လက္ကိုသုတ္ကာ ကြၽႏ္ုပ္ အားႏႈတ္မဆက္ဘဲ ထြက္သြားေလေတာ့၏။ေဗဒင္ဆိုင္ခန္းအေရွ႕သို႔ေရာက္ေသာအခါ –
“ေသဖို႔အတြက္ျပင္ဆင္ထားေပေတာ့ ဆရာစိုးေရ …” ဟု
ကြၽႏ္ုပ္အား ေအာ္ႀကီးဟစ္က်ယ္ျဖင့္ ႏႈတ္ဆက္ကာ ကိုေဖာင္တိန္ႀကီးသည္ ေျခလွမ္းကိုတစ္လွမ္းျခင္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေလွ်ာက္လွမ္း ကာ ျပန္သြားပါေလေတာ့သတည္း …။
သေဗ္ၺသတ္ၱာကမ္ၼဒါယာဒါ
သိဒၶိစိုး
Unicode
ငြိမ်”
••••••••
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီးဖြစ်သူ ကိုဖောင်တိန်သည် ရောက်ရှိ၍လာလေ၏။ရောက် လျှင်ရောက်ခြင်းပင်၎င်းက –
“သေဖို့အတွက်ပြင်ဆင်ပြီးပြီလား” ဟု ထုံးစံအတိုင်း နှုတ်ဆက်လိုက်လေတော့၏။ထိုအခါ ကျွန်ုပ် က –
“သေဖို့ပြင်ဆင်ချိန်မရသေးဘူး.. ခင်ဗျားအခု ထမင်းစားဖို့ လာတာမဟုတ်လား..”ဟု ကိုဖောင်
တိန်အား ပြန်၍မေးလိုက်လေရာ ၎င်းက –
“ဟုတ်တယ်ဆရာစိုး .. ကျုပ်ထမင်းစားချင်တယ် ..၊ရှောက်သီးသုတ်နဲ့ စားချင်တယ် ..”ဟု တောင်း ဆိုသောကြောင့် ကျွန်ုပ်သည် အနီးရှိ လူတစ်ယောက်ကို အကူအညီတောင်းကာ တိုးချောင်လေးဘူတာ စျေးသို့လွှတ်၍ အပြေးအလွှား ရှောက်သီးတစ်လုံး ၀ယ်ခိုင်းလိုက်ရလေ၏။
ရှောက်သီးရလာသောအခါ ကျွန်ုပ်သည် ကိုဖောင်တိန်ကြီးအား ရှောက်သီးသုတ်ပေးရန် အတွက် ပြင်ဆင်နေစဉ် အချိန်တွင် ကိုဖောင်တိန်သည် ကျွန်ုပ်လက်ထဲမှ ရှောက်သီးကိုယူသွားလေ၏။ထို့နောက် ရှောက်သီးကို သူ့ဘာသာသူ အခွံနွှာ ၏။
အသားများကိုလည်းနွှင်၏။ ပြီးနောက် ပုဂံထဲသို့ထည့်ကာ ငံပြာရည် လောင်းချကာ ငရုတ်သီးမှုန့်ဖြူးပြန် ၏။ ထို့နောက် ပဲမှုန့်များထပ်၍ ဖြူးကာ ဘာမှမထည့်တော့ဘဲ ဒီအတိုင်း နယ်ဖတ်ကာ ထမင်းထဲသို့ပုံထည့် လိုက်ပြီးလျှင် ကိုဖောင်တိန်သည် အားရပါးရ စားလေတော့၏။
ငံပြာရည်လောင်းထားသည့် ရှောက်သီး သုတ်များကို ထမင်းထဲသို့ ပုံ၍ထည့်လိုက် အားရပါးရစားလိုက်ဖြင့် တစ်လုပ်ပြီး တစ်လုပ်ဆက်တိုက် စားနေလေတော့၏။ ကိုဖောင်တိန်ထမင်းစားနေသည်ကိုကြည့်ရင်း ကျွန်ုပ်သည် မစားရအညှော်ခံဖြစ်ကာ သွားရည်ကျပြီး သွားကျိန်း၍လာသောကြောင့် ဆက်မကြည့်တော့ဘဲ ကျွန်ုပ်လည်း ကိုယ့်ဘာသာတစ် ယောက်တည်း တွေးငေးရင်းနေလေ၏။ အတန်ငယ်ကြာသောအခါ ကိုဖောင်တိန်သည် ကျွန်ုပ်အားအကဲ ခတ်မိသွားကာ –
“ဘာတွေ တွေးငေးပြီး မျက်နှာညှိုးနေရတာလဲ ဆရာစိုး” ဟု မေးလိုက်လေတော့၏။ထိုအခါ ကျွန်ုပ်က –
“ဒီလိုပါပဲ ကိုဖောင်တိန်ရယ် ကျုပ်အသက်က ငါးဆယ်နားကို ကပ်လာနေပြီ ဒါပေမဲ့ ကျုပ်ဖြစ်ချင် တာတွေ ဖြစ်လာဖို့အတွက် တအားကြိုးစားခဲ့တာတောင် ဘာတစ်ခုမှ ဖြစ်မလာတာတွေကို တွေးမိနေတာ ပါ” ကိုဖောင်တိန်အား ပြန်၍ဖြေလိုက်၏။ ထိုအခါ ကိုဖောင်တိန်ကြီး-
“သြော် ဘာများလဲလို့ ..၊ဒီမှာ ဆရာစိုး …ခင်ဗျားလိုချင်တဲ့ အရာဟာ အောင်မြင်မှု ဒါမှမဟုတ် ခင်ဗျား ဘ၀အတွက် လိုအပ်တယ်ဆိုတဲ့ ဘယ်အရာကိုမဆို ကြိုးစားပြီး ရယူလို့ရတယ်၊ ခိုးဝှက်ပြီးယူလို့လည်း ရတယ်၊လုယူလို့လည်းရတယ်၊ ဓားပြတိုက်ယူလို့လည်းရတယ် …၊
ဒါပေမဲ့ ခင်ဗျားခိုးဝှက် လုယူလို့မရတဲ့အ ရာတွေထဲမှာ ဉာဏ်အလင်းမပါဘူး ..၊ဉာဏ်အလင်းဟာ ပိုင်ဆိုင်လို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်း မဟုတ်ဘူး ..၊ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေက ဘယ်လောက်ပဲ များပြားနေပါစေ အချိန်တန်ရင် သေချာပေါက်ဆုံးရှုံးရမယ့် အရာတွေ ပဲဖြစ်တယ် ..၊ဉာဏ်အလင်းကတော့ အဲဒီဟာတွေနဲ့ လုံး၀ကွဲပြား ခြားနားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ထာ ၀ရတည်ရှိနေနိုင်တဲ့ အရာဖြစ်တယ်။
ဒါ့ကြောင့် ထာ၀ရနဲ့တစ်ခဏရဲ့ ကွာလှမ်းတဲ့ ခြားနားချက်ကို ခင်ဗျား အနေနဲ့ သိမြင်နိုင်စွမ်း မရှိသေးဘူးဆိုရင် ခင်ဗျားဟာ လူဖြစ်ရှုံးသွားပြီ …၊ ဇာတ်သိမ်းလို့မရတော့တဲ့ ဇာတ် ကောင်တစ်ကောင်ဘ၀ကို ရောက်သွားပြီ
တကယ်တော့ လူ့ဘ၀ကိုရောက်လာ၊ ရလာကြတယ်ဆိုတာ ကျုပ်တို့ရဲ့ ဖြစ်တည်မှုကို ကျုပ်တို့ကိုယ်တိုင် ဇာတ်သိမ်းပြစ်လိုက်ဖို့အတွက် အခွင့်အရေး အပြည့်အ၀ရှိထားကြ တာ ..၊ဒါပေမဲ့ ကျုပ်တို့က ကျုပ်တို့ကိုယ်တိုင် ဇာတ်သိမ်းဖို့ထက် နောက်ထပ်အခန်းဆက်တွေ ဖြစ်လာဖို့အအတွက်ကိုပဲ အားတက်သရော လုံးပမ်းနေကြတယ်။
ဒီတော့ ကျုပ်တို့မလိုချင်၊ မဖြစ်ချင်တဲ့ ဇာတ်သိမ်း ခြင်းက နေ၀င်ချိန်မှာ ကျုပ်တို့ကို ပြည်ဖုံးကားချတာကို ခံကြရတော့တာပဲ ..၊ ဘယ်လောက်ခံပြင်းဖို့ကောင်း သလဲ ..၊ဒါဟာ ကိုယ့်ဇာတ်ကိုသူများလာသိမ်းပေးသွားတာပဲလေ ..၊ ဘယ်လိုလုပ် ဇာတ်သိမ်းလှပတော့ မှာလဲ ..၊ကိုယ့်ဇာတ်ကိုယ်သိမ်းတာဟာ အလှပဆုံးနဲ့ အနုပညာအမြောက်ဆုံးပါပဲ ..။
ဒီတော့ ဇာတ်သိမ်း လှချင်ရင် ကိုယ့်ဇာတ်ကိုယ် သိမ်းရလိမ့်မယ် ..၊ နေ၀င်ချိန်ကိုစောင့်နေလို့မဖြစ်ဘူး၊ နေ၀င်ရင်ဇာတ်သိမ်းမ လှဘူး ..၊ အဲဒီအတွက် ခင်ဗျားရဲ့ ဘ၀ဇာတ်ခုံပေါ်မှာ ဉာဏ်တရားလမ်းစဉ် ဇာတ်၀င်ခန်းတစ်ခုကို အရေးတ ကြီးထည့်သွင်း ကပြရလိမ့်မယ် ..၊
အဲဒီဇာတ်၀င်ခန်းအတွက် ဂီတမလိုဘူး၊ ဒဿနမလိုဘူး၊ ဒရမ်မာလည်း မလိုဘူး …၊ ဘာ့ကြောင့်လည်းဆိုတော့ ဉာဏ်တရားလမ်းစဉ်က အဖြောင့်သွားတာ ဒရမ်မာဆိုတာအ ကောက်သွားတာ။ခင်ဗျားလိုအပ်တာကတော့ ငြိမ်နေဖို့ပဲလိုတယ်၊ ခင်ဗျားရဲ့ငြိမ်သက်ခြင်းထဲမှာ စိတ်နှ လုံးအေးချမ်းနေစေရလိမ့်မယ်၊
ငြိမ်တာနဲ့ ငြိမ်းတာတွေ့ရင် တစ်နည်းအားဖြင့် ငြိမ်တာနဲ့ငြိမ်းတာ တစ်သား တည်းဖြစ်သွားတဲ့ အချိန်ကျရင် ခင်ဗျားမေ့ချင်ယောင် ဆောင်ထားတဲ့ နေ၀င်ချိန်ဟာ ပေါ်လာလိမ့်မယ် ..၊ အဲဒီခါမှာ ခင်ဗျားရဲ့ သတိတရားဟာ နှိုးကြားမှုအပြည့်အ၀နဲ့ ရုန်းထလာလိမ့်မယ်၊ သတိတရားနဲ့ငြိမ်သက် နေခြင်းဆိုတာ ဉာဏ်တရားလမ်းစဉ်ပေါ်ကို ရောက်ရှိသွားသူတွေရဲ့ ဘဝနေထိုင်မှုစစ်စစ်ဖြစ်တယ်၊
ခင်ဗျား ရဲ့နေထိုင်မှုဟာ စစ်မှန်လာပြီဆိုရင်စစ်မှန်မှုဟာ ဆက်တိုက်ဖြစ်လာပြီဆိုရင် နေ၀င်ချိန်ဟာ ခင်ဗျားကို ဇာတ်သိမ်းလို့ မဖြစ်နိုင်တော့ဘူး …၊ ဘာ့ကြောင်လဲဆိုတော့ ခင်ဗျားရဲ့ဇာတ်သိမ်းပိုင်းကို ခင်ဗျားကိုယ်တိုင် ရှာဖွေတွေ့ရှိ သွားတဲ့အတွက်ပဲဖြစ်တယ် …။
ဒါ့ကြောင့် ငြိမ်ပါ၊ ငြိမ်းပါ၊ ထာ၀ရဆိုတဲ့ အရာကို ခင်ဗျားပိုင်ဆိုင် ရရှိသွားနိုင် ပါလိမ့်မယ် …” ဟု
ပြောလိုက်ပြီးလျှင် ကိုဖောင်တိန်ကြီးသည် ထမင်းစားခြင်းကိုပါ လက်စသတ်လိုက်လေ ၏။ ပြီးနောက် လက်မဆေးဘဲ ၎င်း၀တ်ထားသည့်ပုဆိုးဖြင့် ထမင်းပေနေသည့်လက်ကိုသုတ်ကာ ကျွန်ုပ် အားနှုတ်မဆက်ဘဲ ထွက်သွားလေတော့၏။ဗေဒင်ဆိုင်ခန်းအရှေ့သို့ရောက်သောအခါ –
“သေဖို့အတွက်ပြင်ဆင်ထားပေတော့ ဆရာစိုးရေ …” ဟု
ကျွန်ုပ်အား အော်ကြီးဟစ်ကျယ်ဖြင့် နှုတ်ဆက်ကာ ကိုဖောင်တိန်ကြီးသည် ခြေလှမ်းကိုတစ်လှမ်းခြင်း တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်လှမ်း ကာ ပြန်သွားပါလေတော့သတည်း …။
သဗေ်္ဗသတ်္တာကမ်္မဒါယာဒါ
သိဒ္ဓိစိုး
No Comments