
International-news






မီးသတ်လုပ်ငန်း ကို လုပ်ဆောင်နေရတဲ့ လူ့အဖွဲ့အစည်းတွေမှာ အန္တရာယ်တွေအများကြီးရှိနေတယ်ဆို ဒီဖြစ်ရပ်က သက်သေပြနေတာ လို့ဆိုတယ်။



Unicode

သြစတေးလျှ တောမီး သွားသတ်တဲ့ အမေရိကန် ၃ ဦး သေဆုံး

နယူးဆောက်ဝေး ပြည်နယ်မှာ လောင်ကျွမ်း နေတဲ့ တောမီးကို သွားသတ်ဖို့ အတွက် ရေသယ်လေယာဉ် ပျက်ကျတာကြောင့် စေတနာ့ ဝန်ထမ်း အမေရိကန် မီးသတ် သမား ၃ ဦး သေဆုံးသွားတယ်လို့ သတင်းရ ပါတယ် ။ နယူးဆောက်ဝေး ကျေးလက် မီးသတ်ဌာန နဲ့ သဘောတူညီချက် ရယူပြီး ကိုမား မြို့နဲ့ နီးတဲ့ မီးလောင်ပြင်ကို မီးသတ် နေတဲ့ ရေသယ် လေယာဉ်ပျံ ပျက်ကျတာပါ လို့ ပြည်နယ်ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ဆိုပါတယ် ။

နယူးဆောက်ဝေး ကျေးလက် မီးသတ်ဌာနနဲ့ သဘောတူ စာချုပ်ချုပ် ဆိုထားတဲ့ လေကြောင်းမီးငြိမ်းသတ်ရေး ကုမ္ပဏီ ကာလ်ဆန်လေကြောင်းမှာ အလုပ်လုပ်နေတဲ့ အမေရိကန် နိုင်ငံသား ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ် ။ ကာလ်ဆန် လေကြောင်း ကတော့ ရေသယ်လာတဲ့ လေယာဉ်က မီးနဲ့မလွတ်လို့ ပျက်ကျ သွားခဲ့ ရတယ်လို့ ယာယီ အားဖြင့် ပြောပါတယ် ။

“ ဒီကနေ့ မှာ ကျနော်တို့ သတိကြီးစွာ ထားရမယ့် အနေအထားတွေ ဖြစ်နေပါပြီ ။ ကျနော် တို့ရဲ့မီးသတ်သမားတွေရယ် စေတနာ့ ဝန်ထမ်းတွေကိုပါ ကယ်ဆယ်ရေး ပြန်လုပ်ဖို့အတွက် အရေးပေါ်အစီအစဉ်တွေ ပြန်လုပ်ရ တော့မှာပါ ။ ဒီမှာ မီးငြိမ်းသတ်ဖို့ လုပ်နေတဲ့ အေဂျင်စီ တွေက အများကြီးပါ ။ သူတို့မှာ အရေးပေါ် အခြေအနေတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ အရေးပေါ် အစီအစဉ်တွေ ပြန်တောင်းရ ပါတော့မယ်”လို့ ဝန်ကြီးချုပ်ကဆိုတယ် ။

ရေသယ်လေယာဉ် စီ -၁၃၀က ဗုဒ္ဓဟူးနေ့ နေ့လယ် ၁နာရီခွဲ လောက်မှာ ပျက်ကျခဲ့ တာပါ ။ လေယာဉ်ပျက်ကျ တာကို မြင်နေရ ပေမဲ့ မီးလောင်ပြင်ထဲကို ဝင်ပြီး ကယ်ဆယ်ရေး လုပ်ဖို့ အတွက် ကြိုးစားပေမဲ့ အချည်းနှီး ဖြစ်ခဲ့ပါတယ် ။ ဘာကြောင့် ပျက်ကျတာလဲ ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး ။ အမေရိကန်ပြည်သူ့သတင်းအချက်အလက် ကော်မရှင် အရာရှိကတော့ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ပါ ။

မီးသတ်လုပ်ငန်း ကို လုပ်ဆောင်နေရတဲ့ လူ့အဖွဲ့အစည်းတွေမှာ အန္တရာယ်တေ ွအများကြီးရှိနေတယ်ဆို ဒီဖြစ်ရပ်က သက်သေပြနေတာ လို့ဆိုတယ်။

လက်ရှိ သြစတေးလျှမှာ တောမီးငြိမ်းသက်ဖို့ရာအတွက် လုပ်ကိုင်နေတဲ့ အမေရိကန်နိုင်ငံသား ၂၀၀ ကျော်ရှိပြီး နောက်ထပ် လေယာဉ်မောင်း ၂၀ ကိုလည်း ထပ်လွှတ်ပါဦးမယ်။ ထောက်ပံ့ရေး အရေးပေါ် နဲ့ ရုံးဝန်ထမ်းတွေကို အဓိကထားပြီးလွှတ်နေပါတယ်။ ပြည်နယ်မြို့တော်ကိန်ဘာရာ လေဆိပ်ကိုတော့ပိတ်ထားလိုက်ပါပြီ။

မောင်ယဿ REF: google news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …