
International-news





မောင်ယဿ


Unicode

သြစတေးလျှက ဗစ်တိုးရီးယားမှာ အရေးပေါ် အခြေအနေ ပြန်ကြေညာရ

သြစတေးလျှ ဗစ်တိုးရီးယား ပြည်နယ်က တိုင်းပြည်အတွင်း လူဦးရေ ဒုတိယ အထူထပ် အများပြားဆုံး ပြည်နယ် တစ်ခုဖြစ် ပါတယ် ။ ဒီနေ့ (တနင်္ဂနွေနေ့ ) မှာတော့ ပြည်နယ် အရေးပေါ်အခြေအနေကို ပြန်လည် ထုတ်ပြန် ကြေငြာ လိုက်ရပါတယ် ။ ကော်ရိုနာ ဗိုင်းရက် ပြန်လည် ကူးစက်မှုတွေ ရှိလာတဲ့အတွက် အရေးပေါ် အခြေအနေကို ဇူလိုင်လ ၁၉ ရက်နေ့ အထိ ပြန်သက်မှတ် လိုက်ရပါတယ် ။ အစပိုင်း က ရောဂါ ကူးစက်မှု လက္ခဏါ လျော့ပါး လာတဲ့အတွက် လူစုလူဝေး စုခွင့် တိုးမြှင့် ပေးလာရာ အခုလို ကူးစက်မှုတွေ ပြန်ပေါ်လာလို့ အရေးပေါ် အခြေအနေကို ကြေငြာ ခဲ့ရတာပါ ။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့က အိမ် အပြင်မှာ လူစုလူဝေး စုခွင့် အယောက်၂၀ ခွင့်ပြု ခဲ့ရာ အခုတော့ အိမ်အပြင်မှာ ၁၀ ယောက်သာ စုဝေးခွင့် ရတော့ပါတယ် ။ နောက်ပြီး အိမ်တွင်းမှာလည်း ၅ဦးထက် ပိုပြီး စုခွင့်မပေးပါဘူး ။ ဒီကနေ့ မနက်မှာ ပိုးတွေ့ လူနာ ၁၉ဦးကို တွေ့ရှိ ခဲ့ခြင်းက ပြည်နယ် ကျန်းမာရေး အရာရှိတွေကို ထိတ်လန့် သွားစေပါတယ် ။ လက်ရှိ စာရင်းနဲ့ စုစုပေါင်းလိုက်ရင်တော့ ပြည်နယ်အတွင်း ပိုးတွေ့လူနာ ၁၈၃၆ ဦး ဖြစ်နေပါတယ် ၊ ကော်ရိုနာဗိုင်းရက် စဖြစ်ကတည်းက တစ်နိုင်ငံလုံး အတိုင်း အတာ အနေနဲ့ ၄ ပုံ ၁ ပုံ ရှိပါတယ် ။

ဇွန်လ၁ရက်နေ့ ကနေစပြီး သြစတေးလျှမှာ ကန့်သက်ချက်တွေ ဖြုတ်ပေးပြီးနောက် မှာတော့ ပါတီပွဲ အကြီးကြီးတွေ ၊နေ့လယ်စာတွေ ညစာစားပွဲတွေကို တခမ်းတနား ကျင်းပ ကြတာကြောင့် ရောဂါ ပျော့ပျော့ ရှိတဲ့သူတွေ ပွဲလာတက်ကြတဲ့အချိန်မှာ ကူးစက်မှုတွေ စဖြစ်တော့လာပဲလို့ ပြည်နယ် ကျန်းမာရေး အရာရှိတွေက ဆိုတယ် ။ ဒီလိုအခြေအနေတွေ ပြန်ဖြစ်လာတော့ ရောဂါ ကူးစက်မှု ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာမှာကို စိတ်ပူနေကြရပါတယ် ။ ပြည်နယ် လူထုတွင်းမှာ ဗိုင်းရက် ကူးစက်မှု ကို အောင်မြင်စွာ တားဆီးနိုင်ဖို့ လူထုအားကိုပဲ အားကိုးရတော့မှာပဲလို့ရဲ တပ်ဖွဲ့က ဆိုပါတယ် ။

မောင်ယဿ

REF: japan today / Photo; jakata post

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …