
International-news






မောင်ယဿ


Unicode

သြစတေးလျှက နယ်စပ်ကို ၂၀၂၁ အထိ ပိတ်ထားမယ်လို့ ဆို

သြစတေးလျှ နိုင်ငံက နိုင်ငံတကာ ခရီးသည်တွေ နိုင်ငံအတွင်း လာရောက် လည်ပတ်ဖို့ အတွက် ၂၀၂၁ ခုနှစ် အထိ မဖြစ်နိုင် သေးပါဘူးလို့ ဆို လိုက်ပါတယ် ။ သြစတေးလျှ ကုန်သွယ်ရေး ဝန်ကြီး ဆီမွန် ဘာမင်ဂန် ရဲ့ အဆိုအရ သြစတေေးလျှ အနေနဲ့ လာမယ့်နှစ် အထိ နိုင်ငံရဲ့ နယ်စပ် စည်းတွေကို ပိတ် ထားရဦးမယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့ ပြည်ဝင်ခွင့် ဥပဒေနဲ့ ကိုက်ညီတဲ့ ရက်ရှည် နေထိုင်မယ့် သူတွေနဲ့ ကျောင်းသားတွေ အတွက် သက်ညှာခွင့် အကျိုးခံစားခွင့် ရှိမယ်လို့ လည်း ဆိုပါတယ် ။

“ပထမဆုံးအနေနဲ့ တိုင်းပြည်ထဲကို ပြန်ဝင်လာတဲ့ သြစတေးလျှ သားတွေကို ကွာရင်တိုင်း ၁၄ ရက် ဝင်ခိုင်းပြီး စောင်ကြည့်မှုတွေ လုပ်ပါမယ် ။ ကျန်တာတွေ ကတော့ လုပ်ရိုး လုပ်စဉ် အတိုင်း သွားမှာပါ ။ နောက်ပိုင်းမှာ ကျောင်းသားတွေနဲ့ သြစတေးလျှမှာ ရက်ရှည် နေထိုင်ပြီး အလုပ်လုပ်မယ့်သူတွေကို လက်ခံသွားမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒိ လုပ်ငန်းစဉ်တွေက အနည်းဆုံး ဒိနှစ်ကုန်လောက် အထိ ဖြစ်သွားနိုင်တဲ့ အတွက်ကြောင့် နိုင်ငံတကာ အလည်အပတ် ခရီးသည်တွေအတွက် ကတော့ ၂၀၂၁ နှစ်ဦး ပိုင်းအထိတော့ လက်ခံဖို့ မဖြစ်နိုင် သေး ပါဘူး”လို့ ကုန်သွယ်ရေးဝန်ကြီးက ဆိုပါတယ် ။

သြစတေးလျှ အနေနဲ့ ကော်ရို နာဗိုင်းရက် ပြန့်နှံ့ နေစဉ်မှာ တိုင်းပြည်ကို လော့ခ်ဒေါင်း ချလိုက်ရတဲ့အတွက် စီးပွားရေးဆိုင်ရာ ထိခိုက်မှု တွေရှိခဲ့တဲ့အတွက် ကြောင့် တက္ကသိုလ်တွေကို ထောက်ပံ့ မှု နည်း ပါးခဲ့ပါတယ် ။ အဲ့ဒါကြောင့် သြစတေးလျှ တက္ကသိုလ် တွေကို ပြန်လည်လာရောက် တက်ကြမယ့် နိုင်ငံတကာ ကျောင်းသားတွေ အနေနဲ့ ကုန်ကျစားရိတ်တွေ ပိုလာနိုင်ပါတယ် ။ သြစတေးလျှ က ပညာရေးနဲ့ စီးပွားရှာ တဲ့နေရာမှာ ကမ္ဘာ့ စတုတ္ထ အကြီးဆုံး နိုင်ငံဖြစ်ပြီး နှစ်စဉ် ပညာရေးကနေ သြစတေးလျှ ဒေါ်လာ ၃၈ ဘီလီယံကျော် ဝင်ငွေ ရှိပါတယ် ။

သြစတေးလျှက ကော်ရိုနာဗိုင်းရက် ပိုးတွေ့သူ၇၃၀၀ ကျော်ရှိ ပြီး သေဆုံးသူ ၁၀၇ ယောက်ရှိခဲ့ပါတယ်။ ကော်ရိုနာဗိုင်းရက် ကို ထိန်းချုပ်နိုင်ပြီ လို့ဆိုပေမဲ့ လက်ရှိကတော့ အိမ်တွင်းအောင်း ဖို့ရာနဲ့ လူချင်းခွဲနေဖို့ ကိစ္စတွေကတော့ ရှိတုန်းပါပဲ ။ အစိုးရကတော့ ပြည်တွင်း ရောဂါပြန့်နှံ့မှုကို အရင်ထိန်းချုပ်နိုင် ပြီး မှ နိုင်ငံခြားသား အဝင်အထွက် ကို လက်ခံစဉ်းစားဖို့ ကို စဉ်းစားထားပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; wiki

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …