Health
မောင်ယဿ
Unicode
သြစတေးလျ ရိုက်ကွင်းမှာ တွမ်ဟန့်စ် တို့ လင်မယား ကိုဗစ်-၁၉ ကူးစက်ခံရ
တွမ်ဟန့်စ်နဲ့ ရီတာဝယ်ဆင် တို့က သြစတေးလျမှာ ရိုက်နေတဲ့ ဝါနားဘရားသားက ရိုက်တဲ့ ပရက်စလေ လို့ ယာယီ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကို ရိုက်နေစဉ်မှာ ကိုဗစ် – ၁၉ ရောဂါ ကူးစက် ခံရတယ်လို့ သိရပါတယ် ။
ရုပ်ရှင် လုပ်ငန်းထဲက ရောဂါ လက္ခဏါရှိသူ တစ်ဦးဦး ဆီက ကူးစက် ခဲ့လို့ အဲ့ဒိ အော်စကာဆုများရှင် ပုဂ္ဂိုလ်ကို ဆေးဝါး ကုသမှု တွေ ပေးနေရ တယ်လို့ ရုပ်ရှင်ကုမ္ပဏီ ဝါနားဘရားသားက Deadline သတင်းဌာန ပြောပါတယ် ။ ကုမ္ပဏီ ပြောခွင့် ရှိသူက “ကျနော်တို့ သြစတေးလျ ကျန်းမာရေး ဝန်ကြီးဌာန နဲ့ ထဲထဲ ဝင်ဝင် လုပ်နေပါတယ် ။
ရုပ်ရှင် လုပ်ငန်းထဲက မည်သူ မဆိုကို တစ်ဦးခြင်း စစ်ဆေးမှုတွေ လုပ်နေ ပါတယ် ။ သတင်းဌာနကို မင်းသားကြီးက တိုက်ရိုက် သတင်းပေးပို့ ရာမှာ -တွမ်ဟန့်စ်က “ ဟယ်လို အပေါင်းသင်းများ ခင်ဗျာ ။ ကျနော်နဲ့ ရီတာက အခု သြစတေးလျ မှာ လဲနေပါတယ် ။ ကျနော်တို့ မောနေတယ် ။ အအေးမိ နေသလိုပါပဲ ၊ တစ်ကိုယ်လုံး ဟိုနားဒီနား နာကျင် နေပါတယ် ။
ရီတာကတော့ တော်တော် ချမ်းနေပါတယ် ။ အဖျားသွေးလည်း ဝင်နေတယ် ။ ကျနော်တို့ကို ကော်ရိုနာဗိုင်းရက် ပိုး စစ်တော့ ၂ ယောက်လုံးမှာ တွေ့ထား ပါတယ် ။ ကဲ အခု ဘာဆက် လုပ်ရမလဲ ။ ဆေးပညာသည်တွေ ကတော့ လုပ်ထုံး လုပ်နည်း အတိုင်း ဆက်လုပ် နေတယ် ။ ကျနော်တို့ လင်မယားကို ရောဂါပိုး စစ်တယ် ။ တွေ့တယ် ။
အများ ပြည်သူ ကျန်းမာရေးနဲ့ ဘေးကင်း လုံခြုံဖို့အတွက် ကျနော်တို့ကို သီးခြား ခွဲထားတယ် ။ ဒီထက်လည်း ပို မပြောတတ်ဘူး ။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ပြန်ဖြစ် နိုင်မလား ။ အဲ့ဒါလည်း မသိဘူး”လို့ ဆိုပါတယ် ။ ဂရုစိုက် ကြပါလို့လည်း သူက ဆိုပါတယ် ။
ဝါနားဘရားသားက အဲလ်ဗစ် ပရက်စလေ ရုပ်ရှင်ကို ၂၀၂၁ အောက်တိုဘာလ ၁ ရက် နေ့မှာ ရုံတင် ပြသဖို့ စီစဉ်ထားပေမဲ့ လက်ရှိအခြေအနေအရ ရုံတင်ရက်က မသေချာတော့ပါ ။ ဟန့်စ်မှာက အဲ့ဒီကားအပြင် နယူမက္ကဆီကိုမှာ ရိုက်လက်စ ရုပ်ရှင်၂ ကား ရှိပါသေးတယ် ။ သိပ္ပံကားတစ်ကားဖြစ်တဲ့ BIOS နဲ့ News of the world ရုပ်ရှင် တို့ကို ယူနီဗာဆယ် ကုမ္ပဏီနဲ့ ရိုက်နေတာပါ ။
မောင်ယဿ
REF: deadline . com / Photo; AP
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …