
International-news







မောင်ယဿ

REF: upi / Photo; upi

Unicode

ကြက်ဥ ၃လုံး ဆင့် ထောင်နိုင်တဲ့ ယီမင်သား ဂင်းနစ် စံချိန်တင်နိုင်ခဲ့

မလေးရှားမှာ နေတဲ့ ယီမင်နိုင်ငံသားတစ်ဦးက ကြက်ဥ အစိမ်း ၃ လုံးကို ဆင့် ထောင်နိုင်လို့ သူ့ကို ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန်ဝင် တစ်ဦးအဖြစ်သတ်မှတ်ပြီး မှတ်တမ်းဝင်ကတ် ချီးမြှင့်ခဲ့ပါတယ် ။

ကြက်ဥထောင်တာနဲ့ပတ်သက်ပြီး ကမ္ဘာသမိုင်းမှာ အထင်ကရ ဖြစ်ရပ်တစ်ခုရှိခဲ့ဖူးပါတယ် ။ အဲ့ဒါကတော့ ၁၅ ရာစု လောက်က အီတလီလူမျိုး ခရစ္စတိုဘာ ကိုလံဘတ် က စပိန်ဘုရင်ထံမှာ ကုန်သွယ်မှု လမ်းကြောင်း နယ်မြေသစ် ကိစ္စဆွေးနွေးတဲ့ အခါမှာ အတ္တလန်တစ် သမုဒ္ဒရာကို ဖြတ်ပြီး ကမ္ဘာ့ နောက်ဖက်စွန်းက နယ်မြေတွေကို ရှာမယ်လို့ တင်ပြခဲ့ပါတယ် ။ အဆုံးအစ မဲ့ သမုဒ္ဒရာကြီးကိုဖြတ်ပြီး နယ်မြေသစ် ရှာတယ်ဆိုတာ လူအား ငွေအား ဆုံးရှုံးတာ သက်သက်ပဲ မဖြစ်နိုင်ဘူးလို့ မူးမတ်တွေ နယ်စားတွေက ဝိုင်းဝေဖန်ခဲ့ပါတယ် ။

အဲ့ဒိအချိန်မှာ ကိုလံဘတ်က ကြက်ဥပြုတ် တစ်လုံးကိုယူပြီး ပန်းကန်ပြားပေါ်မှာ ထောင်နိုင်လားဆိုပြီး စိန်ခေါ်ခဲ့ပါတယ် ။ အားလုံးကို ကြိုးစားကြည့်ပေမဲ့ လက်လျှော့ လိုက်ကြရပါတယ် ။ ဘယ်သူမှ ကြက်ဥပြုတ်ကို ပန်းကန်ပြားပေါ် မထောင်နိုင်ခဲ့ပါဘူး ။ အဲ့ဒိတော့ ကိုလံဘတ်က ကြက်ဥဖင်ကို ပန်းကန်ပြားပေါ် ဆောင့်ချပြီး ဥကိုခွဲကာ ထောင်ပြခဲ့ပါတယ် ။ အားလုံးက သူ့ရဲ့ ဖြတ်ထိုးဉာဏ်ကို ချီးကျူးပြီး နယ်မြေသစ် ရှာခွင့်ပြုခဲ့ပါတယ် ။

အခုဖြစ်ရပ်ကတော့ ကိုလံဘတ်လို ဥပြုတ်မဟုတ်ဘဲ ကြက်ဥအစိမ်းကို မဆောင့်ချဘဲ ဒီအတိုင်း အတည့် ထောင်ခဲ့ တာပါ ။ တစ်လုံးတည်းထောင်တာ မဟုတ်ဘဲ ၃လုံးဆင့် ထောင်ပြနိုင်ခဲ့လို့ ဂင်းနစ် စံချိန် တင်သွား နိုင်ခဲ့ပါတယ် ။ ဂင်းနစ်အဖွဲ့က ကွာလာလာမ်ပူက မိုဟာမတ်မက်ဘဲလ်(၂၀နှစ်)ကို ကမ္ဘာ့အမြင့်ဆုံး ကြက်ဥ ထောင်နိုင်သူအဖြစ် ဂုဏ်ပြုခဲ့ပါတယ် ။

သူ့ရဲ့ကြက်ဥ၃လုံး မျှော်စင်လို ထောင်နိုင်မှု မျှခြေထိန်းနိုင်တဲ့ စွမ်းအားကိုချီးကျူးဂုဏ်ပြုခဲ့တာပါ။ ကြက်ဥတွေက ၅စက္ကန့်ကျော်ကျော် ငြိမ်နေခဲ့ပါတယ် ။ သူက ကြက်ဥတွေကို ၆နှစ်သားကတည်းက အထောင် ကျင့်ခဲ့တယ်လို့ ဆိုပါတယ် ။ သူက ကြက်ဥဗဟိုကို မှန်းပြီးထောင်တဲ့ စနစ်တစ်ခုကို ဖန်တီး နိုင်ခဲ့ပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …