ၾကက္ဥႏွင့္ အလွအပေရး၊ က်န္းမာေရး

ၾကက္ဥႏွင့္ အလွအပေရး၊ က်န္းမာေရး
Health

ၾကက္ဥႏွင့္ အလွအပေရး၊ က်န္းမာေရး

အဖက္ဖက္က တိုးတက္ဖြံၿဖိဳးေနတဲ့ ေခတ္ႀကီးမွာ မိမိရဲ႕ခႏၶာကိုယ္ လွပက်န္းမာဖို႔ ေဆးဝါးမ်ိဳးစုံ အလွအပဆိုင္ရာ မ်ိဳးစုံကို အလြယ္တကူ ရရွိႏိုင္ၿပီ ဆိုေပမဲ့ တစ္ဖက္မွာ ေဆးဝါးရဲ႕ ဆိုးက်ိဳး သက္ေရာက္မႈ ေငြကုန္ေၾကးက်မ်ားမႈ ေတြအတြက္ စိတ္ပ်က္ေနရၿပီလား။

ဒီတေခါက္ မွာေတာ့ အလွအပနဲ႔ က်န္းမာေရးဆိုင္ရာ အားလုံးအတြက္ သဘာဝ နည္းလမ္းနဲ႔ လြယ္လြယ္ကူကူ အသုံးျပဳႏိုင္ဖို႔အျပင္ ေဘးထြက္ဆိုးက်ိဳး မရွိတဲ့ နည္းလမ္းေတြနဲ႔ အသုံးျပဳလို႔ရမဲ့ ၾကက္ဥရဲ႕ ေကာင္းက်ိဳးမ်ားကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

ၾကက္ဥကေတာ့ ခ်စ္တို႔သိတဲ့ အတိုင္းပါပဲ။ လူသားေတြကို ေကာင္းက်ိဳး အမ်ားႀကီးေပးတဲ့ သဘာ၀ လက္ေဆာင္ေလးေပါ့။ လူအမ်ားစုက ၾကက္ဥကို အကာပဲစားၿပီး အႏွစ္ကို မစားၾကဘူး။ ဝ မွာစိုးရိမ္ၾကတယ္။

အဟာရပညာရွင္ တစ္ခ်ိဳ႕က ၾကက္ဥအႏွစ္ကို စားေပးဖို႔ တိုက္တြန္းထားပါတယ္။ ၾကက္ဥက အဟာရဓါတ္ အမ်ားႀကီး ပါဝင္ၿပီး က်န္းမာေရး အက်ိဳးေက်းဇူးမ်ားစြာ ပါဝင္ပါတယ္။

ၾကက္ဥမွာဆိုရင္ ေကာင္းတဲ့ calorieနဲ႔ cholesteroiေတြ ပါဝင္သည့္အျပင္ calcium ၊Vitamin B ၊ Iron၊ Zincနဲ႔ Folic Acid ပါဝင္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ ၾကက္ဥကို မႀကိဳက္ဘူး ဆိုရင္ေတာင္ တစ္ပတ္ကို သုံးႀကိမ္ေလာက္ စားေပးဖို႔ က်န္းမာေရး စာတမ္းမွာ ေဖာ္ျပထားပါတယ္။

ၾကက္ဥ ႀကိဳက္သူေတြကေတာ့ တစ္ေန႔ကို ႏွစ္လုံးေလာက္ စားသင့္ပါတယ္။ ပညာရွင္ေတြက တန္ရင္ေဆး လြန္ရင္ေဘး ဆိုသလိုပါပဲ။ ၾကက္ဥကို ႏွစ္လုံးထက္ ပိုမစားဖို႔ သတိေပးထားပါတယ္။ ၾကက္ဥမွာပါတဲ့ ကိုလိန္းအာဟာရဓာတ္ (Nutrient Choline)က ဦးေႏွာက္ကို ဖြံ႕ၿဖိဳးေစပါတယ္။

ဦးေႏွာက္ဆဲလ္ အခ်င္းခ်င္းကို ဆက္သြယ္တဲ့ Phosphorusမွာ ကိုလိန္းဓာတ္ ပါဝင္တာေၾကာင့္ ဦးေႏွာက္ဖြံၿဖိဳးမႈ တည္ေဆာက္တဲ့ ေနရာမွာ အရမ္း အေရးပါ လွပါတယ္။ ၾကက္ဥမွာပါတဲ့ lutein က အျမင္စြမ္းအားကို ေကာင္းေစတာေၾကာင့္ အျမင္အာ႐ုံ ေကာင္းမြန္ဖို႔ အေကာင္းဆုံးအစားအစာပါ။

အ႐ိုးနဲ႔ သြားကို ခိုင္မာေစတဲ့ Vitamin D၊ အသားအရည္၊ ဆံပင္နဲ႔ အသည္းပ်က္စီးမႈကို ကာကြယ္ေပးမဲ့ Vitamin B၊ Biotin ၊Vitamin B 12 ႏွင့္ Protein တို႔ေၾကာင့္ ၾကက္ဥစားျခင္းျဖင့္ က်န္းမာ လွပေစပါတယ္။

ဒါ့အျပင္ Omega-3 fatty acids ေၾကာင့္ ႏွလုံးေသြးေၾကာနဲ႔ ဆိုင္တဲ့ ေရာဂါ ျဖစ္ပြားမႈကိုလည္း ေလ်ာ့ခ်ေပးပါတယ္။ မနက္စာအျဖစ္ ၾကက္ဥကို ပုံမွန္ စားေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးပါတယ္။

ဒါေၾကာင့္ ဝိတ္က်ခ်င္သူေတြ ၾကက္ဥကို မနက္ ၂လုံးေလာက္ စားေပးပါ။ အထူးသတိျပဳရမွာကေတာ့ ၾကက္ဥကို အစိမ္းေသာက္ျခင္းကေန ေရွာင္က်ဥ္ဖို႔ပါ။

ၾကက္ဥအစိမ္း (သို႔မဟုတ္) ေသခ်ာက်တ္ေအာင္ မခ်က္ထားတဲ့ ၾကက္ဥေတြမွာ Salmonella (ဆာမိုနဲလား) ဗက္တီးရီးယားေတြ ရွိတတ္ပါတယ္။ တစ္ခါတစ္ရံမွာ အစာအဆိပ္သင့္တာမ်ိဳး ျဖစ္ေစပါတယ္။

ဒါေၾကာင့္ အစိမ္းေသာက္တာကို ေရွာင္ေစခ်င္ပါတယ္။ၾကက္ဥကိုစားသုံး႐ုံတင္မက ဆံပင္ နဲ႔ မ်က္ႏွာေပါင္းတင္တဲ့ေနရာမွာ သဘာဝ ေပါင္းေဆးတစ္မ်ိဳးအေနနဲ႔ အသုံးျပဳႏိုင္ပါတယ္။

သင့္မ်က္ႏွာ ႏုေခ်ာလွပဖို႔ အတြက္ မ်က္ႏွာေပါင္းတင္ခ်င္ရင္ေတာ့ ၾကက္ဥနဲ႔ေပါင္းတင္လို႔ရတဲ့နည္း၂မ်ိဳးရွိပါတယ္။ ပထမနည္းကေတာ့ ၾကက္ဥ၊ သံပုရာသီး၊ ပ်ားရည္ (၃)မ်ိဳး လိုပါတယ္။ ၿပီးလွ်င္ ၾကက္ဥကိုေဖာက္ၿပီး ခြက္အလြတ္ထဲ ထည့္ပါ။

သမေအာင္ေမႊၿပီးေနာက္ စားပြဲတင္ဇြန္းနဲ႔ သံပုရာတစ္ဇြန္း ထည့္ပါ။ ၿပီးလွ်င္ ပ်ားရည္ကို စားပြဲတင္ဇြန္း တစ္ဇြန္း ထည့္ပါ။

အားလုံးကိုေရာ သမေအာင္ ေမႊၿပီးေနာက္ ဂြမ္းစျဖင့္ယူၿပိး သင့္မ်က္ႏွာကို သုတ္လိုက္ပါ။ မ်က္ႏွာေျခာက္တဲ့အထိ ထားၿပီးေရေဆးခ်ရင္ ထူးျခားေနတဲ့ သင့္မ်က္ႏွာကိုေတြ႕ရမွာပါ။

ေနာက္ထပ္ တစ္နည္းကေတာ့ ၾကက္ဥ ၊သံပုရာသီး၊ ဂ်ဳံမႈန႔္၊ တစ္ရႈး လိုအပ္ပါတယ္။ ၾကက္ဥကို သမေအာင္ ေမႊပါ။ ၿပီးေနာက္ စားပြဲတင္ဇြန္းနဲ႔ ဂ်ဳံမႈန႔္တစ္ဇြန္း (သို႔) ႏွစ္ဇြန္းထည့္ပါ။ သံပုရာရည္ကို စားပြဲတင္ဇြန္းျဖင့္ တစ္ဇြန္းထည့္ၿပီး အားလုံးကို သမေအာင္ ေမႊပါ။

ၿပီးလွ်င္ မ်က္ႏွာကို ထူထူေလး သုတ္လိမ္းပါ။ လိမ္းထားသည့္ ေနရာကို တစ္ရႈးစျဖင့္ ကပ္ထားပါ။ အထူးသတိထားရမွာက သုတ္လိမ္းတဲ့ ေနရာမွာ အေမႊးအမွ်င္ရွိေသာ မ်က္ခုံး၊ ႏႈတ္ခမ္းေမႊးရွိရာ ေနရာကို ေရွာင္ရမွာျဖစ္ပါတယ္။

ေျခာက္လာတဲ့အထိ ထားရပါမယ္။ေျခာက္လာလွ်င္ တျဖည္းျဖည္းခ်င္း ခႊာၿပီး ေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။ ျဖဴေဖြးႏူးညံတဲ့ မ်က္ႏွာကို ရရွိလာပါလိမ့္မယ္။

ေနာက္ထက္ အက်ိဳးေက်းဇူးတစ္ခုကေတာ့ ပ်က္စီးေနတဲ့ ဆံပင္သားအတြက္ အေကာင္းဆုံး ေပါင္းတင္နည္းျဖစ္တဲ့ ၾကက္ဥနဲ႔ေပါင္းတင္နည္း ျဖစ္ပါတယ္။ ၾကက္ဥက ဆံပင္အတြက္ လိုအပ္တဲ့ ဗီတာမင္ဓါတ္ေတြကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။

ဆံပင္သား ေပါင္းတင္ဖို႔အတြက္ ၾကက္ဥတစ္လုံး၊ သံလြင္ဆီ (သို႔မဟုတ္) အုန္းဆီ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းကို ေရာသမေမႊၿပီး ဦးေခါင္းအႏွံ႔ လိမ္းပါ။ နာရီဝက္ေလာက္ ထားၿပီး ေနာက္ ေခါင္း ေလ်ာ္ႏိုင္ပါၿပီ။

ဒီလိုေပါင္းတင္တာကို တစ္ပတ္ ႏွစ္ႀကိမ္ ျပဳလုပ္ႏိုင္ရင္ ပိုေကာင္းပါတယ္။ ဒါမွမဟုတ္ တစ္ပတ္တစ္ႀကိမ္ သို႔မဟုတ္ တစ္လ ၂ႀကိမ္ အၿမဲ ျပဳလုပ္ေပးပါက ဆံေကသာ ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

ဒါကေတာ့ ခ်စ္တဲ့ စာဖတ္ပရိသတ္ေတြ ၾကက္ဥကို က်န္းမာေရးအတြက္ စားရင္ပဲျဖစ္ျဖစ္ အလွအပအတြက္ ေပါင္းတင္ဖို႔ပဲ ျဖစ္ျဖစ္ လိုတဲ့ေနရာမွာ သုံးၿပီး လွလွပပ က်န္းက်န္းမာမာနဲ႔ ေနလို႔ရေအာင္ ဒီက႑ေလးကေန အႀကံျပဳလိုက္တာ ျဖစ္ပါတယ္။

ျဖဴျဖဴေလး
photo google

Unicode

ကြက်ဥနှင့် အလှအပရေး၊ ကျန်းမာရေး

အဖက်ဖက်က တိုးတက်ဖွံဖြိုးနေတဲ့ ခေတ်ကြီးမှာ မိမိရဲ့ခန္ဓာကိုယ် လှပကျန်းမာဖို့ ဆေးဝါးမျိုးစုံ အလှအပဆိုင်ရာ မျိုးစုံကို အလွယ်တကူ ရရှိနိုင်ပြီ ဆိုပေမဲ့ တစ်ဖက်မှာ ဆေးဝါးရဲ့ ဆိုးကျိုး သက်ရောက်မှု ငွေကုန်ကြေးကျများမှု တွေအတွက် စိတ်ပျက်နေရပြီလား။

ဒီတခေါက် မှာတော့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အားလုံးအတွက် သဘာဝ နည်းလမ်းနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့အပြင် ဘေးထွက်ဆိုးကျိုး မရှိတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုလို့ရမဲ့ ကြက်ဥရဲ့ ကောင်းကျိုးများကို ဖော်ပြပေးလိုက်တယ်နော်။

ကြက်ဥကတော့ ချစ်တို့သိတဲ့ အတိုင်းပါပဲ။ လူသားတွေကို ကောင်းကျိုး အများကြီးပေးတဲ့ သဘာ၀ လက်ဆောင်လေးပေါ့။ လူအများစုက ကြက်ဥကို အကာပဲစားပြီး အနှစ်ကို မစားကြဘူး။ ဝ မှာစိုးရိမ်ကြတယ်။

အဟာရပညာရှင် တစ်ချို့က ကြက်ဥအနှစ်ကို စားပေးဖို့ တိုက်တွန်းထားပါတယ်။ ကြက်ဥက အဟာရဓါတ် အများကြီး ပါဝင်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။

ကြက်ဥမှာဆိုရင် ကောင်းတဲ့ calorieနဲ့ cholesteroiတွေ ပါဝင်သည့်အပြင် calcium ၊Vitamin B ၊ Iron၊ Zincနဲ့ Folic Acid ပါဝင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကြက်ဥကို မကြိုက်ဘူး ဆိုရင်တောင် တစ်ပတ်ကို သုံးကြိမ်လောက် စားပေးဖို့ ကျန်းမာရေး စာတမ်းမှာ ဖော်ပြထားပါတယ်။

ကြက်ဥ ကြိုက်သူတွေကတော့ တစ်နေ့ကို နှစ်လုံးလောက် စားသင့်ပါတယ်။ ပညာရှင်တွေက တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလိုပါပဲ။ ကြက်ဥကို နှစ်လုံးထက် ပိုမစားဖို့ သတိပေးထားပါတယ်။ ကြက်ဥမှာပါတဲ့ ကိုလိန်းအာဟာရဓာတ် (Nutrient Choline)က ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။

ဦးနှောက်ဆဲလ် အချင်းချင်းကို ဆက်သွယ်တဲ့ Phosphorusမှာ ကိုလိန်းဓာတ် ပါဝင်တာကြောင့် ဦးနှောက်ဖွံဖြိုးမှု တည်ဆောက်တဲ့ နေရာမှာ အရမ်း အရေးပါ လှပါတယ်။ ကြက်ဥမှာပါတဲ့ lutein က အမြင်စွမ်းအားကို ကောင်းစေတာကြောင့် အမြင်အာရုံ ကောင်းမွန်ဖို့ အကောင်းဆုံးအစားအစာပါ။

အရိုးနဲ့ သွားကို ခိုင်မာစေတဲ့ Vitamin D၊ အသားအရည်၊ ဆံပင်နဲ့ အသည်းပျက်စီးမှုကို ကာကွယ်ပေးမဲ့ Vitamin B၊ Biotin ၊Vitamin B 12 နှင့် Protein တို့ကြောင့် ကြက်ဥစားခြင်းဖြင့် ကျန်းမာ လှပစေပါတယ်။

ဒါ့အပြင် Omega-3 fatty acids ကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။ မနက်စာအဖြစ် ကြက်ဥကို ပုံမှန် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။

ဒါကြောင့် ဝိတ်ကျချင်သူတွေ ကြက်ဥကို မနက် ၂လုံးလောက် စားပေးပါ။ အထူးသတိပြုရမှာကတော့ ကြက်ဥကို အစိမ်းသောက်ခြင်းကနေ ရှောင်ကျဉ်ဖို့ပါ။

ကြက်ဥအစိမ်း (သို့မဟုတ်) သေချာကျတ်အောင် မချက်ထားတဲ့ ကြက်ဥတွေမှာ Salmonella (ဆာမိုနဲလား) ဗက်တီးရီးယားတွေ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အစာအဆိပ်သင့်တာမျိုး ဖြစ်စေပါတယ်။

ဒါကြောင့် အစိမ်းသောက်တာကို ရှောင်စေချင်ပါတယ်။ကြက်ဥကိုစားသုံးရုံတင်မက ဆံပင် နဲ့ မျက်နှာပေါင်းတင်တဲ့နေရာမှာ သဘာဝ ပေါင်းဆေးတစ်မျိုးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

သင့်မျက်နှာ နုချောလှပဖို့ အတွက် မျက်နှာပေါင်းတင်ချင်ရင်တော့ ကြက်ဥနဲ့ပေါင်းတင်လို့ရတဲ့နည်း၂မျိုးရှိပါတယ်။ ပထမနည်းကတော့ ကြက်ဥ၊ သံပုရာသီး၊ ပျားရည် (၃)မျိုး လိုပါတယ်။ ပြီးလျှင် ကြက်ဥကိုဖောက်ပြီး ခွက်အလွတ်ထဲ ထည့်ပါ။

သမအောင်မွှေပြီးနောက် စားပွဲတင်ဇွန်းနဲ့ သံပုရာတစ်ဇွန်း ထည့်ပါ။ ပြီးလျှင် ပျားရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်း ထည့်ပါ။

အားလုံးကိုရော သမအောင် မွှေပြီးနောက် ဂွမ်းစဖြင့်ယူပြိး သင့်မျက်နှာကို သုတ်လိုက်ပါ။ မျက်နှာခြောက်တဲ့အထိ ထားပြီးရေဆေးချရင် ထူးခြားနေတဲ့ သင့်မျက်နှာကိုတွေ့ရမှာပါ။

နောက်ထပ် တစ်နည်းကတော့ ကြက်ဥ ၊သံပုရာသီး၊ ဂျုံမှုန့်၊ တစ်ရှုး လိုအပ်ပါတယ်။ ကြက်ဥကို သမအောင် မွှေပါ။ ပြီးနောက် စားပွဲတင်ဇွန်းနဲ့ ဂျုံမှုန့်တစ်ဇွန်း (သို့) နှစ်ဇွန်းထည့်ပါ။ သံပုရာရည်ကို စားပွဲတင်ဇွန်းဖြင့် တစ်ဇွန်းထည့်ပြီး အားလုံးကို သမအောင် မွှေပါ။

ပြီးလျှင် မျက်နှာကို ထူထူလေး သုတ်လိမ်းပါ။ လိမ်းထားသည့် နေရာကို တစ်ရှုးစဖြင့် ကပ်ထားပါ။ အထူးသတိထားရမှာက သုတ်လိမ်းတဲ့ နေရာမှာ အမွှေးအမျှင်ရှိသော မျက်ခုံး၊ နှုတ်ခမ်းမွှေးရှိရာ နေရာကို ရှောင်ရမှာဖြစ်ပါတယ်။

ခြောက်လာတဲ့အထိ ထားရပါမယ်။ခြောက်လာလျှင် တဖြည်းဖြည်းချင်း ခွှာပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ဖြူဖွေးနူးညံတဲ့ မျက်နှာကို ရရှိလာပါလိမ့်မယ်။

နောက်ထက် အကျိုးကျေးဇူးတစ်ခုကတော့ ပျက်စီးနေတဲ့ ဆံပင်သားအတွက် အကောင်းဆုံး ပေါင်းတင်နည်းဖြစ်တဲ့ ကြက်ဥနဲ့ပေါင်းတင်နည်း ဖြစ်ပါတယ်။ ကြက်ဥက ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဆံပင်သား ပေါင်းတင်ဖို့အတွက် ကြက်ဥတစ်လုံး၊ သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရောသမမွှေပြီး ဦးခေါင်းအနှံ့ လိမ်းပါ။ နာရီဝက်လောက် ထားပြီး နောက် ခေါင်း လျော်နိုင်ပါပြီ။

ဒီလိုပေါင်းတင်တာကို တစ်ပတ် နှစ်ကြိမ် ပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လ ၂ကြိမ် အမြဲ ပြုလုပ်ပေးပါက ဆံကေသာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဒါကတော့ ချစ်တဲ့ စာဖတ်ပရိသတ်တွေ ကြက်ဥကို ကျန်းမာရေးအတွက် စားရင်ပဲဖြစ်ဖြစ် အလှအပအတွက် ပေါင်းတင်ဖို့ပဲ ဖြစ်ဖြစ် လိုတဲ့နေရာမှာ သုံးပြီး လှလှပပ ကျန်းကျန်းမာမာနဲ့ နေလို့ရအောင် ဒီကဏ္ဍလေးကနေ အကြံပြုလိုက်တာ ဖြစ်ပါတယ်။

ဖြူဖြူလေး
photo google

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …