ၾကက္သြန္အစြမ္း အံ့မခန္း
- By : Kaung Khant
- Category : Health

ၾကက္သြန္အစြမ္း အံ့မခန္း
ေခတ္ေပၚအစားအေသာက္ ေဆးဝါးနဲ႔ အလွအပၾကားမွာ လူသားေတြကတစ္ခါတစ္ရံ သဘာဝတရားရဲ႕ ေကာင္းက်ိဳးေတြကိုေမ့ေနတတ္တာေလးေတြရွိပါတယ္။အခုလိုအလွအပနဲ႔ က်န္းမာေရးလိုက္စားတဲ့ေခတ္မွာ အဆီပိုေတြေၾကာင့္ ေငြကုန္ေၾကးက်မ်ားၿပီးမထိေရာက္တဲ့အျပင္ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ စိုးရိမ္ေနရတဲ့အခ်ိန္ရွိသလို အမ်ိဳးသားမ်ား ကာမသုခအတြက္ ျပည္စုံဖို႔ ေခတ္ေပၚေဆး မွီဝဲခ်င္ေပမဲ့ ေဘးထြက္ေဆးဆိုးက်ိဳးေတြကို ေၾကာက္ေနၾကသူေတြအတြက္ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အိမ္တြင္း ေဆးေလး ေဝမွ်ေပးလိုက္ပါတယ္။
အိမ္ေနာက္ေဖးမီးဖိုေခ်ာင္ထဲက ၾကက္သြန္နီကေတာ့ ကြၽႏ္ုပ္တို႔ အလြယ္တကူရ ရွိႏိုင္သလို အစြမ္းထက္မူကေတာ့ ဘုရားက လက္ေဆာင္ေပးတဲ့ ေဆးတစ္လက္လို႔ ေျပာရပါမယ္။
ၾကက္သြန္နီကို ဟင္းခ်က္နည္းမ်ိဳးစုံအတြက္ အသုံးျပဳၿပီး စားသုံးေနၾကပါတယ္။ ခ်က္ပုံနဲ႔စားပုံမ်ား မတူညီၾကသလို သူ႔ရဲ႕အက်ိဳးေပးအာနိသင္ကလည္း ကြဲျပားၾကပါတယ္။ ယခုေဖာ္ျပေပးမည့္ နည္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆးအျဖစ္ အစိမ္းသုပ္စားရတဲ့ စားသုံးနည္းတစ္ခု ျဖစ္ပါတယ္။
အရင္ဆုံး အဆီပိုေတြနဲ႔ ဝေနသူေတြအတြက္ အဆီက်ေစမယ့္ ၾကက္သြန္နီ အစိမ္းသုပ္ အေၾကာင္း ေျပာခ်င္ပါတယ္။
အရင္ဆုံး ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲ ထည့္ပါ။ သံပုရာသီး ညႇစ္ထည့္ပါ။ အနံ႔ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညႇစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို႔ ေျပာင္းသြားေစပါသည္။ သခြါးသီး ထည့္လိုပါက (အနည္းငယ္မွ်) ပါးပါးလွီး၍ ထည့္ႏိုင္ပါသည္။ အစပ္ႀကိဳက္ပါက င႐ုတ္သီးစိမ္း အနည္းငယ္ လွီးထည့္ႏိုင္ပါသည္။
ဆားအနည္းငယ္မွ် ထည့္ေပးပါ။ ဆားမပါလွ်င္ အရသာေပါ့မည္။ ဆားမ်ားလြန္းရင္လည္း အငံေၾကာင့္ ေသြးတိုးေစပါသည္။ ၾကက္သြန္မိတ္ (သို႔မဟုတ္) ကုလားနံနံပင္တို႔ကိုလည္း အနံ႔ႀကိဳက္တတ္လွ်င္ အနည္းငယ္မွ် ထည့္ႏိုင္ပါသည္။ ၎တို႔ကို နယ္ၿပီးလွ်င္ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို႔ရပါၿပီ။ ဒီအတိုင္း မစားခ်င္လွ်င္ ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသုံးေပးႏိုင္ပါသည္။ ပါးစပ္မနံေအာင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို အစိမ္းစားၿပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္ သဘာဝနည္းလမ္းေကာင္းေလးတစ္လက္ကို ၫြန္ေပးလိုက္ပါမယ္။
ၾကက္သြန္အနံ႔ကို ႏိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴ တို႔ကို စားၿပီးလွ်င္ ေျမပဲဆန္ ၃ ၊ ၄ ေစ့ကိုသာ ဝါးစားပါ။ တစ္မိနစ္အတြင္း အနံ႔မ်ားကို ေျမပဲက စုတ္ယူသြားမည္။ ေနာက္တစ္နည္းကေတာ့ အဖန္ရည္ (လက္ဖက္ရည္ၾကမ္း) ျဖင့္ ပလုတ္က်င္းေပးပါ။ ဒါအျပင္ ႏြားႏို႔တစ္ငုံျဖင့္ ပလုပ္က်င္းေပးလို႔ရတဲ့နည္းလည္းရွိပါတယ္။အရသာရွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသုံးျခင္းျဖင့္ ခႏၶာကိုယ္တြင္ ပိုလွ်ံေနေသာ အဆီမ်ားကို ေလွ်ာ့ခ်ၿပီး သြယ္လ်က်စ္လစ္ေသာ ကိုယ္ခႏၶာအလွကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။
ေနာက္ထပ္ၾကက္သြန္နီရဲ႕ အက်ိဳးျပဳမႈကေတာ့အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားသေဘာက် ႀကိဳက္ႏွစ္သက္မဲ့ အရာမ်ိဳးပါ။ အမ်ိဳးသားအမ်ားစုက ကာမ ပိုင္းဆိုင္ရာမွာအားနည္းမွာ စိုးရိမ္တတ္ၾကတယ္။အခ်ိဳ႕ဆိုရင္ ကာမ အာတိုးေဆးကို မလိုအပ္ဘဲ မွီဝဲၾကတယ္။ ဆရာဝန္ၫႊန္ၾကားခ်က္ မပါဘဲ အလြယ္တကူဝယ္ယူေသာက္သုံးတဲ့အခါ အခ်ိန္မတိုင္ခင္ ပန္းေသပန္းညႇိဳးတာေတြ ျဖစ္လာတတ္ပါတယ္။ဒါေၾကာင့္မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးက ကာကြယ္ရာလည္းေရာက္သလို သဘာဝ ေဆးနည္းျဖစ္တဲ့အတြက္ ေငြေၾကးအကုန္က်သက္သာၿပီးေဘးထြက္ဆိုးက်ိဳးမရွိတဲ့ၾကက္သြန္နီသဘာဝ ကာမအားတိုးေဆးကို အသုံးျပဳႏိုင္ဖို႔ နည္းလမ္းေပးလိုက္ပါတယ္။
အရင္ဆုံး ပ်ားရည္ စားပြဲတင္ဇြန္း ၂ဇြန္းကို ခြက္ထဲထည့္ထားပါ။ၾကက္သြန္နီ ၂ဥ ကို အခြံခြာ၊ဖင္ပိုင္းေခါင္းပိုင္းျဖတ္ၿပီးရင္ ၾကက္သြန္နီ အလုံးလိုက္ကို ဓားဖ်ားခြၽန္နဲံ့ အလည္အူတိုင္ ကေလာ္ထုတ္ပါ။ၿပီးလွ်င္ ခြက္တစ္လုံးထဲထည့္ၿပီးအလည္အူေဖာက္ထားတဲ့ အထဲကို ပ်ားရည္ေလာင္းထည့္ပါ။ၿပီးလွ်င္ ပ်ားရည္ေလာင္းထားတဲ့ၾကက္သြန္နီခြက္ကိုအဖုံးပိတ္ထားၿပီး၄၅မိႏွစ္ၾကာေအာင္စိမ္ထားေပးပါ။စိမ္ထားၿပီးလွ်င္ ထိုၾကက္သြန္နီဥကိုတစ္ၿပိဳင္တည္းစားေပးရပါမယ္။ ၾကက္သြန္နီပ်ားရည္စိမ္ကို ပုံမွန္စားသုံးေပးပါက သိသိသာသာ ကာမခြန္အားတိုးလာေစမွာျဖစ္ပါတယ္။ ၾကက္သြန္နီေစ့ကို ေထာင္းစားပါမယ္ဆိုရင္လည္း ခြန္အားတိုးေစပါတယ္။
ဆံပင္ပါးလို႔ စိတ္ညစ္ေနသူေတြ၊ ဦးေရျပားပိုးက်လို႔ ဆံပင္ကြတ္ၿပီး ကြၽတ္သြားသူေတြနဲ႔ ထိပ္ေျပာင္သူေတြအတြက္ ၾကက္သြန္နီက ကူညီေပးပါဦးမယ္။
ၾကက္သြန္နီ ၂ဥကိုယူ၊အခြံႏႊာၿပီး ေလးစိတ္စိတ္ပါ။ၿပီးရင္ အရည္ညႇစ္ဖို႔အတြက္ ဘလန္ဒါထဲ သို႔မဟုတ္ ႀကိတ္ဆုံထဲ ထည့္ၿပီး က်ိတ္ပါ။ၿပီးလွ်င္ အရည္ကိုစားပြဲတင္ဇြန္းနဲ႔ ၃ဇြန္း၄ဇြန္းညႇစ္ပါ။ညႇစ္ၿပီးသားအရည္ထဲကိုအုန္းဆီ စားပြဲတင္ဇြန္း တစ္ဇြန္းနဲ႔ ရွားေစာင္းလက္ပတ္ဂ်ယ္ တစ္ဇြန္းထည့္ၿပီး သမေအာင္ေမႊပါ။ၿပီးလွ်င္ဦးေရျပားအႏွံ လိမ္းက်ံၿပီးတစ္နာရီထားပါ။ နာရီျပည့္လွ်င္ေခါင္းေလွ်ာ္ႏိုင္ပါၿပီ။ တစ္ပတ္ကို တစ္ႀကိမ္ႏွစ္ႀကိမ္ပုံမွန္ေလးလိမ္းေပးျခင္းျဖင့္ ထူးျခားမႈ ကိုသိသိသာသာခံစားရမွာ ျဖစ္ပါတယ္
ၾကက္သြန္နီသည္ ကေလး ဆီးခ်ဳပ္ေရာဂါအတြက္ ေကာင္းမြန္ပါတယ္။
မီးဖုတ္ထားေသာ ၾကက္သြန္နီကို ခြဲ၍ ဆီးအိမ္ေပၚ၌ ပူပူေႏြးေႏြးကပ္ေပးပါက သက္သာလာမွာျဖစ္ပါတယ္။ နားကိုက္ျခင္းအတြက္လည္း ၾကက္သြန္နီမီးဖုတ္အရည္ ေႏြးေႏြးကို နားထဲထည့္ပါက နားကိုက္တာ ေကာင္းမြန္ေစပါတယ္။ ကေလးမ်ား ဝမ္းဗိုက္နာေရာဂါမ်ား အတြက္လည္း ၾကက္သြန္နီရည္ အနည္းငယ္ကို တိုက္ေကြၽးပါက ေကာင္းမြန္ေစပါတယ္။
နားျပည္ယိုေရာဂါ အတြက္လည္း ၾကက္သြန္နီအရည္ညႇစ္၍ နားထဲ တစ္ေန႔ သုံးႀကိမ္ထည့္ပါက သက္သာလာမွာျဖစ္ပါတယ္။
ေက်ာက္ကပ္ေရာဂါျဖစ္သူေတြ၊ေက်ာက္ကပ္ေဆးရမဲ့သူ ေတြအတြက္ ၾကက္သြန္နီ တစ္လုံးကို အခြံခြာ ေရေဆး ပါးပါးလွီးၿပီး ေရမေဆးရ။ ဆန္ေဆးရည္ တတိယေရ ဖန္ခြက္ထဲထည့္ လွီးထားေသာၾကက္သြန္နီကိုလည္း ထည့္စိမ္ပီး ေသာက္ခိုင္းပါက ေက်ာက္ကပ္အတြက္ သိသိသာသာေကာင္းလာမွာျဖစ္ပါတယ္။
ၾကက္သြန္နီဥကိုစားလွ်င္ ဓမၼတာထိန္ေနသည့္အမ်ိဳးသမီးမ်ား ျပန္၍ ေပၚေပါက္လာတတ္ၿပီး
သတၱဳရည္ကို ပ်ားရည္၊ ဂ်င္းစိမ္းရည္ေထာပတ္တို႔ႏွင့္ေရာ၍ စားသုံးပါက ေခ်ာင္းဆိုးေရာဂါေပ်ာက္ေစပါတယ္။ ၾကက္သြန္နီဥစိမ္းသည္ အနံ႔ဆိုးေသာ္လည္း အစာအိမ္လမ္းေၾကာင္းအတြက္ ပိုးသတ္ႏိုင္ေသာအစြမ္းရွိပါတယ္။
ျဖဴျဖဴေလး
Unicode
ကြက်သွန်အစွမ်း အံ့မခန်း
ခေတ်ပေါ်အစားအသောက် ဆေးဝါးနဲ့ အလှအပကြားမှာ လူသားတွေကတစ်ခါတစ်ရံ သဘာဝတရားရဲ့ ကောင်းကျိုးတွေကိုမေ့နေတတ်တာလေးတွေရှိပါတယ်။အခုလိုအလှအပနဲ့ ကျန်းမာရေးလိုက်စားတဲ့ခေတ်မှာ အဆီပိုတွေကြောင့် ငွေကုန်ကြေးကျများပြီးမထိရောက်တဲ့အပြင် ဘေးထွက်ဆိုးကျိုးကြောင့် စိုးရိမ်နေရတဲ့အချိန်ရှိသလို အမျိုးသားများ ကာမသုခအတွက် ပြည်စုံဖို့ ခေတ်ပေါ်ဆေး မှီဝဲချင်ပေမဲ့ ဘေးထွက်ဆေးဆိုးကျိုးတွေကို ကြောက်နေကြသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အိမ်တွင်း ဆေးလေး ဝေမျှပေးလိုက်ပါတယ်။
အိမ်နောက်ဖေးမီးဖိုချောင်ထဲက ကြက်သွန်နီကတော့ ကျွန်ုပ်တို့ အလွယ်တကူရ ရှိနိုင်သလို အစွမ်းထက်မူကတော့ ဘုရားက လက်ဆောင်ပေးတဲ့ ဆေးတစ်လက်လို့ ပြောရပါမယ်။
ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။
အရင်ဆုံး အဆီပိုတွေနဲ့ ဝနေသူတွေအတွက် အဆီကျစေမယ့် ကြက်သွန်နီ အစိမ်းသုပ် အကြောင်း ပြောချင်ပါတယ်။
အရင်ဆုံး ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။ သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။
ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။ ၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။ ပါးစပ်မနံအောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။
ကြက်သွန်အနံ့ကို နိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စေ့ကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။ နောက်တစ်နည်းကတော့ အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။ ဒါအပြင် နွားနို့တစ်ငုံဖြင့် ပလုပ်ကျင်းပေးလို့ရတဲ့နည်းလည်းရှိပါတယ်။အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
နောက်ထပ်ကြက်သွန်နီရဲ့ အကျိုးပြုမှုကတော့အမျိုးသားတော်တော်များများသဘောကျ ကြိုက်နှစ်သက်မဲ့ အရာမျိုးပါ။ အမျိုးသားအများစုက ကာမ ပိုင်းဆိုင်ရာမှာအားနည်းမှာ စိုးရိမ်တတ်ကြတယ်။အချို့ဆိုရင် ကာမ အာတိုးဆေးကို မလိုအပ်ဘဲ မှီဝဲကြတယ်။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ အလွယ်တကူဝယ်ယူသောက်သုံးတဲ့အခါ အချိန်မတိုင်ခင် ပန်းသေပန်းညှိုးတာတွေ ဖြစ်လာတတ်ပါတယ်။ဒါကြောင့်မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးက ကာကွယ်ရာလည်းရောက်သလို သဘာဝ ဆေးနည်းဖြစ်တဲ့အတွက် ငွေကြေးအကုန်ကျသက်သာပြီးဘေးထွက်ဆိုးကျိုးမရှိတဲ့ကြက်သွန်နီသဘာဝ ကာမအားတိုးဆေးကို အသုံးပြုနိုင်ဖို့ နည်းလမ်းပေးလိုက်ပါတယ်။
အရင်ဆုံး ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်းကို ခွက်ထဲထည့်ထားပါ။ကြက်သွန်နီ ၂ဥ ကို အခွံခွာ၊ဖင်ပိုင်းခေါင်းပိုင်းဖြတ်ပြီးရင် ကြက်သွန်နီ အလုံးလိုက်ကို ဓားဖျားချွန်နဲံ့ အလည်အူတိုင် ကလော်ထုတ်ပါ။ပြီးလျှင် ခွက်တစ်လုံးထဲထည့်ပြီးအလည်အူဖောက်ထားတဲ့ အထဲကို ပျားရည်လောင်းထည့်ပါ။ပြီးလျှင် ပျားရည်လောင်းထားတဲ့ကြက်သွန်နီခွက်ကိုအဖုံးပိတ်ထားပြီး၄၅မိနှစ်ကြာအောင်စိမ်ထားပေးပါ။စိမ်ထားပြီးလျှင် ထိုကြက်သွန်နီဥကိုတစ်ပြိုင်တည်းစားပေးရပါမယ်။ ကြက်သွန်နီပျားရည်စိမ်ကို ပုံမှန်စားသုံးပေးပါက သိသိသာသာ ကာမခွန်အားတိုးလာစေမှာဖြစ်ပါတယ်။ ကြက်သွန်နီစေ့ကို ထောင်းစားပါမယ်ဆိုရင်လည်း ခွန်အားတိုးစေပါတယ်။
ဆံပင်ပါးလို့ စိတ်ညစ်နေသူတွေ၊ ဦးရေပြားပိုးကျလို့ ဆံပင်ကွတ်ပြီး ကျွတ်သွားသူတွေနဲ့ ထိပ်ပြောင်သူတွေအတွက် ကြက်သွန်နီက ကူညီပေးပါဦးမယ်။
ကြက်သွန်နီ ၂ဥကိုယူ၊အခွံနွှာပြီး လေးစိတ်စိတ်ပါ။ပြီးရင် အရည်ညှစ်ဖို့အတွက် ဘလန်ဒါထဲ သို့မဟုတ် ကြိတ်ဆုံထဲ ထည့်ပြီး ကျိတ်ပါ။ပြီးလျှင် အရည်ကိုစားပွဲတင်ဇွန်းနဲ့ ၃ဇွန်း၄ဇွန်းညှစ်ပါ။ညှစ်ပြီးသားအရည်ထဲကိုအုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ် တစ်ဇွန်းထည့်ပြီး သမအောင်မွှေပါ။ပြီးလျှင်ဦးရေပြားအနှံ လိမ်းကျံပြီးတစ်နာရီထားပါ။ နာရီပြည့်လျှင်ခေါင်းလျှော်နိုင်ပါပြီ။ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်ပုံမှန်လေးလိမ်းပေးခြင်းဖြင့် ထူးခြားမှု ကိုသိသိသာသာခံစားရမှာ ဖြစ်ပါတယ်
ကြက်သွန်နီသည် ကလေး ဆီးချုပ်ရောဂါအတွက် ကောင်းမွန်ပါတယ်။
မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါက သက်သာလာမှာဖြစ်ပါတယ်။ နားကိုက်ခြင်းအတွက်လည်း ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်ပါက နားကိုက်တာ ကောင်းမွန်စေပါတယ်။ ကလေးများ ဝမ်းဗိုက်နာရောဂါများ အတွက်လည်း ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးပါက ကောင်းမွန်စေပါတယ်။
နားပြည်ယိုရောဂါ အတွက်လည်း ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်ပါက သက်သာလာမှာဖြစ်ပါတယ်။
ကျောက်ကပ်ရောဂါဖြစ်သူတွေ၊ကျောက်ကပ်ဆေးရမဲ့သူ တွေအတွက် ကြက်သွန်နီ တစ်လုံးကို အခွံခွာ ရေဆေး ပါးပါးလှီးပြီး ရေမဆေးရ။ ဆန်ဆေးရည် တတိယရေ ဖန်ခွက်ထဲထည့် လှီးထားသောကြက်သွန်နီကိုလည်း ထည့်စိမ်ပီး သောက်ခိုင်းပါက ကျောက်ကပ်အတွက် သိသိသာသာကောင်းလာမှာဖြစ်ပါတယ်။
ကြက်သွန်နီဥကိုစားလျှင် ဓမ္မတာထိန်နေသည့်အမျိုးသမီးများ ပြန်၍ ပေါ်ပေါက်လာတတ်ပြီး
သတ္တုရည်ကို ပျားရည်၊ ဂျင်းစိမ်းရည်ထောပတ်တို့နှင့်ရော၍ စားသုံးပါက ချောင်းဆိုးရောဂါပျောက်စေပါတယ်။ ကြက်သွန်နီဥစိမ်းသည် အနံ့ဆိုးသော်လည်း အစာအိမ်လမ်းကြောင်းအတွက် ပိုးသတ်နိုင်သောအစွမ်းရှိပါတယ်။
ဖြူဖြူလေး
No Comments