International-news
မောင်ယဿ
Unicode
၈နှစ်သား လူငယ်ဟော်ကီပြိုင်ပွဲ အကောင်းဆုံးဆု ဆေးခြောက်တွေဖြစ်နေ
မြေးဖြစ်သူ ၈နှစ် သားကလေး လူငယ် ဟော်ကီပြိုင်ပွဲ မှာ အကောင်းဆုံး ကစားသမားဆုရခဲ့လို့ အဖိုးဖြစ်သူက ဆုကိုဖောက်ကြည့်လိုက် တဲ့ အခါမှာ ကန်ဒေါ်လာ ၂၀၀ ဖိုးရှိတဲ့ ဆေးခြောက်တွေ ဖြစ်နေလို့ ဒေါသတွေ ထွက်ခဲ့ ရပါတယ် ။
ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဗီယာနယ် က ကိရက်က တိုရွန်တိုစီတီဗီ သတင်းဌာနကို “ကျနော်မြေးလေးဗျာ လူငယ် ဟော်ကီပြိုင်ပွဲကို ဝင်ပြိုင်တာ အကောင်းဆုံး ကစားသမားဆုရခဲ့ပါတယ် ။ သူ့ကိုဆုအဖြစ် ခရီးသွားလက်မှတ် တစ်စောင်နဲ့ အထုတ် တစ်ထုတ် ချီးမြှင့်ခဲ့ ပါတယ် ။ အသင်းတိုင်းလည်း ပန်းခြင်းတစ်ခြင်းနဲ့ ဆုလက်ဆောင် အထုတ်ကလေးတွေ ကိုယ်စီ ရကြပါတယ် ။
အဲ့ဒိ အထုတ်ကလေးတွေက တန်မှ ဒေါ်လာ ၅၀ ပေါ့ဗျ ာ။ ကျနော့် မြေးလေးကို ပေးတဲ့ဆုကြတော့ စက္ကူထုတ်ကို တိပ်နဲ့ ပတ်ထားတယ်ဗျ ။ ပုံစံက ထူးခြားနေတော့ ကျနော် စိတ်ထဲ သိပ်မသကာၤဘူး ဖြစ်နေတယ် ။ အိမ်ရောက်တော့ မိသားစု အစုံအလင် ရှေ့မှာပဲ အထုတ်ကို ဖောက်ခဲ့ပါတယ် ။
အထုတ် ထဲက ထွက်လာတာကတော့ အိုးကလေးတစ်လုံး ဖြစ်နေတယ် ။ အိုးမှာကလည်း ဒေါ်လာ၂၀၀ ဆိုပြီးစာကပ်ထားသေးတယ် ။ ပြီးမှ အိုးထဲကထွက်လာတာ ဆေးခြောက်တွေရယ် ပီကယ်ရယ် မီးခြစ်ရယ် ဆေးရှု ပြောင်းကလေးရယ် ထွက်လာတယ်ဗျာ ” လို့ ပြောပါ တယ် ။ “မြေးကလေးက မေးရှာပါတယ် ။ အဘိုး ကျနော်ရတဲ့ဆုက ချောကလက်အကောင်းစားတွေလားတဲ့ ။
ကျနော်ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားကြည့်ကြပေါဗျ ာ။ ကျနော်ကတော့ သူ့ကို လိမ်ပြီးတော့ ချောကလက်တွေက အထဲမှာ မကောင်းတဲ့ ဆေးတွေ ထည့်ထားတယ် ။ မစားနဲ့ လွှင့်ပစ်လိုက်ပြီလို့ ပြောပြီး သူစိတ်ပြေ သွားအောင် ဟိုအကြောင်း ဒီအကြောင်း စကားလမ်းလွှဲပြီး လျှောက်ပြောရတာပေါ့ ။” လို့ ရုပ်သံလိုင်းကို ရှင်းပြပါတယ် ။
ဒေါ်ဆန်ခရိခ်မိုင်နာ ဟောကီ အသင်းကတော့ အဲ့ဒိဆုက လူကြီးတွေအတွက်ရည်ရွယ်ထားတာပါ ဘယ်လိုလုပ် ကလေးတွေဆီကို ရောက်သွားလည်း မသိပါဘူးလို့ ရှင်းပါတယ် ။ ဆုတွေကို ခြင်းတွေနဲ့ သက်သက်ထားတာပါ ။ ဆုပေးတော့ လူကြီးအသင်းနောက်ဆုံးလူ က ဆုလာမယူလို့ ဆုပေးတဲ့သူက အဲ့ဒီဆုကို လူငယ်အကောင်းဆုံး ကစားသမားကိုပေးလိုက်တာနဲ့ တူတယ်လို့ ရှင်းသွားပါတယ် ။
ရဲအငြိမ်းစားဖြစ်သူ ကိရက် ကတော့ ကလေးတွေ ပြိုင်ပွဲမှာ ဆေးခြောက်ထုတ် ရှိနေတာကိုက အသင်းက တော်တော်အသုံးမကျ တာလို့ ပြစ်ပြစ်နှစ်နှစ် ဝေဖန် ခဲ့ပါတယ် ။
မောင်ယဿ
REF: fox news / Photo; ni.gov
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …