
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။
ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။
တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ ဝယ်ပေးနိုင်လို့ ဆက်တဲ့ အစိတ်အပိုင်းတွေကလည်း သေးသေး လေးတွေ ဖြစ်နေတတ်ပါတယ်။
နယူးဇီလန်က ၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြပါတယ်။ အဲ့ဒိ အဆက်ကလေးပျောက်နေတာ ၂နှစ်ရှိ နေပါပြီ။
နယူဇီလန် ဒန်ဒင်မြို့က ဆမီးယားအန်ဝါ ၂၀၁၈ ခုနှစ်တုန်းက လီဂိုရုပ်ကလေးတွေနဲ့ ကစားနေစဉ်မှာ သူ့ရဲ့ အရုပ်ဆက်ကလေးတစ်ခု ပျောက်သွား တယ်လို့ သူ့မိဘတွေကို ပြောဖူးပါတယ်။ အဖေဖြစ်သူ မူဒါဆာက အဲ့ဒိအပိုင်း အစကလေးကို ကြိုးစားပြီး ရှာပေးပါတယ်။
ဒါပေမဲ့ ဘယ်လိုရှာရှာ မတွေ့ ခဲ့ပါဘူး။ သူက သူ့သားအတွက် မွေးနေ့လက်ဆောင် ပေးထားတာ ဖြစ်လို့ အဲ့ဒိအရုပ်ကလေး ရဲ့ အရုပ်ဆက်ကို မရ ရအောင် ကြိုးစားခဲ့ပေမဲ့ အချည်းနှီးပါပဲ။
နောက်ဆုံးတော့ အဲ့ဒိအရုပ်ကလေးက တစ်ခုလို ဘဝနဲ့ ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွား ကြပါတယ်။ ဆမီးယား ကိုယ်တိုင်ကလည်း အဲ့ဒိ အရုပ်ဆက်ကလေးကို မေ့သွားခဲ့ပါပြီ။
ဒီ စနေေနေ့ကတော့ မိသားစုတွေ စုပြီး နေ့လည်စား စားနေချိန်မှာ ဆမီးယားက နှာခေါင်းထဲမှာ နာကျင်လာပါတယ်။ သူ့အဖေနဲ့ အမေကို နှာခေါင်ထဲမှာ နာနေတယ်လို့ ပြောနေချိန်မှာပဲ နှာချေ ချင် လာတာကြောင့် နှာခေါင်းကို လက်နဲ့ အုပ်ပြီး နှာချေချလိုက်တဲ့ အချိန်မှာ သူ့လက်ထဲကို အရာတစ်ခု ပြုတ်ကျ လာပါတယ်။
သူက အဲ့ဒါကို အလန့်တကြား ကြည့်လိုက်ချိန်မှာ သူပျောက်ဆုံးသွားတဲ့ လီဂို အရုပ်ဆက်ကလေး ဖြစ်နေပါတယ်။ ဆမီးယားက ဝမ်းပမ်း တသာနဲ့ သူ့မိဘတွေကို လီဂို အရုပ်ဆက်ကလေး ပြန်တွေ့ပြီလို့ အော်လိုက်ချိန်မှာပဲ ဆမီးယားရဲ့ မိဘတွေက အံ့လည်းသြ ထိတ်လည်း လန့်သွားခဲ့ကြပါတယ်။
မတော်တဆ ဆိုတဲ့ အတွေးနဲ့တင် သူတို့ အရမ်း ထိပ်လန့် သွားတဲ့အပြင် ကံကောင်းလိုက်တာ ဆိုတဲ့ အတွေးနဲ့ ဝမ်းသာ ကြရပါတယ်။
မောင်ယဿ, REF: sky news, Photo; skynews
Zawgyi
၇ႏွစ္သား ကေလးတစ္ေယာက္က ႏွာေခ်ရာက ၂ႏွစ္ၾကာ ေပ်ာက္ေနတဲ့ လီဂို႐ုပ္ အဆက္ကေလး တစ္ခု ထြက္က်လာလို႔ မိဘေတြ ထိတ္လန႔္ သြားၾက
ဒိဖက္ေခတ္မွာ မိဘေတြက အိမ္က သားသမီးေတြ အတြက္ အ႐ုပ္ကေလးေတြကို ဆက္ၿပီးကစားရတဲ့ လီဂို အ႐ုပ္ေလး ေတြကို ဝယ္ေပးေလ့ ရွိပါတယ္။
ကေလးေတြရဲ႕ ဦးေႏွာက္စြမ္းရည္ ဖြံ႕ၿဖိဳးႏိုင္ဖို႔ရယ္ ဖန္တီးတတ္တဲ့ အေလ့အထ ရွိဖို႔အတြက္ လီဂို အ႐ုပ္ေလးေတြကို ကစားတာ ေတာ္ေတာ္ ေကာင္းမြန္တဲ့ လုပ္ငန္း ျဖစ္ပါတယ္။
တန္ဖိုးနဲ႔ လိုက္ၿပီး လီဂိုအ႐ုပ္ကေလးေတြက အေသး အႀကီး ကြဲျပားခ်က္ ရွိေနပါတယ္။ လူလတ္တန္းစား မိသားစုေတြက သားသမီးေတြကို လီဂို႐ုပ္ ခပ္ေသးေသး ေလးေတြပဲ ဝယ္ေပးႏိုင္လို႔ ဆက္တဲ့ အစိတ္အပိုင္းေတြကလည္း ေသးေသး ေလးေတြ ျဖစ္ေနတတ္ပါတယ္။
နယူးဇီလန္က ၇ႏွစ္သား ကေလးတစ္ေယာက္က ႏွာေခ်ရာက ေပ်ာက္ေနတဲ့ လီဂို႐ုပ္ အဆက္ကေလး တစ္ခု ထြက္က်လာလို႔ မိဘေတြ ထိတ္လန႔္ သြားၾကပါတယ္။ အဲ့ဒိ အဆက္ကေလးေပ်ာက္ေနတာ ၂ႏွစ္ရွိ ေနပါၿပီ။
နယူဇီလန္ ဒန္ဒင္ၿမိဳ႕က ဆမီးယားအန္ဝါ ၂၀၁၈ ခုႏွစ္တုန္းက လီဂို႐ုပ္ကေလးေတြနဲ႔ ကစားေနစဥ္မွာ သူ႔ရဲ႕ အ႐ုပ္ဆက္ကေလးတစ္ခု ေပ်ာက္သြား တယ္လို႔ သူ႔မိဘေတြကို ေျပာဖူးပါတယ္။ အေဖျဖစ္သူ မူဒါဆာက အဲ့ဒိအပိုင္း အစကေလးကို ႀကိဳးစားၿပီး ရွာေပးပါတယ္။
ဒါေပမဲ့ ဘယ္လိုရွာရွာ မေတြ႕ ခဲ့ပါဘူး။ သူက သူ႔သားအတြက္ ေမြးေန႔လက္ေဆာင္ ေပးထားတာ ျဖစ္လို႔ အဲ့ဒိအ႐ုပ္ကေလး ရဲ႕ အ႐ုပ္ဆက္ကို မရ ရေအာင္ ႀကိဳးစားခဲ့ေပမဲ့ အခ်ည္းႏွီးပါပဲ။
ေနာက္ဆုံးေတာ့ အဲ့ဒိအ႐ုပ္ကေလးက တစ္ခုလို ဘဝနဲ႔ ပဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြား ၾကပါတယ္။ ဆမီးယား ကိုယ္တိုင္ကလည္း အဲ့ဒိ အ႐ုပ္ဆက္ကေလးကို ေမ့သြားခဲ့ပါၿပီ။
ဒီ စေနေေန႔ကေတာ့ မိသားစုေတြ စုၿပီး ေန႔လည္စား စားေနခ်ိန္မွာ ဆမီးယားက ႏွာေခါင္းထဲမွာ နာက်င္လာပါတယ္။ သူ႔အေဖနဲ႔ အေမကို ႏွာေခါင္ထဲမွာ နာေနတယ္လို႔ ေျပာေနခ်ိန္မွာပဲ ႏွာေခ် ခ်င္ လာတာေၾကာင့္ ႏွာေခါင္းကို လက္နဲ႔ အုပ္ၿပီး ႏွာေခ်ခ်လိုက္တဲ့ အခ်ိန္မွာ သူ႔လက္ထဲကို အရာတစ္ခု ျပဳတ္က် လာပါတယ္။
သူက အဲ့ဒါကို အလန႔္တၾကား ၾကည့္လိုက္ခ်ိန္မွာ သူေပ်ာက္ဆုံးသြားတဲ့ လီဂို အ႐ုပ္ဆက္ကေလး ျဖစ္ေနပါတယ္။ ဆမီးယားက ဝမ္းပမ္း တသာနဲ႔ သူ႔မိဘေတြကို လီဂို အ႐ုပ္ဆက္ကေလး ျပန္ေတြ႕ၿပီလို႔ ေအာ္လိုက္ခ်ိန္မွာပဲ ဆမီးယားရဲ႕ မိဘေတြက အံ့လည္းၾသ ထိတ္လည္း လန႔္သြားခဲ့ၾကပါတယ္။
မေတာ္တဆ ဆိုတဲ့ အေတြးနဲ႔တင္ သူတို႔ အရမ္း ထိပ္လန႔္ သြားတဲ့အျပင္ ကံေကာင္းလိုက္တာ ဆိုတဲ့ အေတြးနဲ႔ ဝမ္းသာ ၾကရပါတယ္။
ေမာင္ယႆ, REF: sky news, Photo; skynews
No Comments