
International-news






မောင်ယဿ

REF: daily mail / Photo; Ap

Unicode

၅သန်း ကျော်လာပြီဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု

တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဗိုင်းရက် ရောဂါ ကူးစက်မှုက မှတ်တိုင်သစ် တစ်ရပ်အနေနဲ့ ၅ သန်းကျော်သွားပြီလို့ WHO ကကြေညာတယ် ။ ဒါအပြင် သေဆုံး ဦးရေကလည်း ၃၂၈၀၀၀ ဦး ရှိသွားပါပြီ ။ မေလ ၂၀ ရက်နေ့ မနက်ပိုင်းကနေ ၂၁ ရက်နေ့ မနက်ပိုင်း အထိ ၂၄ နာရီ အတွင်းမှာ ကူးစက် ခံရသူ ၁၀၆၀၀၀ ဦး ဖြစ်ခဲ့လို့ အမြင့်ဆုံး စံချိန် ဖြစ်ခဲ့ပါတယ် ။ နေ့စဉ် ကူးစက်မှုအရေ အတွက် က ခုန်တက် သွားပါတယ် ။

ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက လက်တင် အမေရိကားက ရောဂါ ကူးစက် ခံရသူအရေအတွက် အမေရိကန်နဲ့ ဥရောပ ကို ကျော်တက် လာပါပြီ ။ နေ့စဉ် ရောဂါကူးစက်မှု ပမာဏက တစ် ကမ္ဘာလုံးမှာ အမြင့်ဆုံး ဖြစ်နေပါတယ် ။ အဓိက နိုင်ငံကတော့ ဘရာဇီး ဖြစ်ပြီး လက်ရှိမှာ အမေရိကန် ရုရှား ပြီးရင် တတိယ နေရာကို ရောက်လာပါပြီ ။

WHO ညွှန်ချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲအသစ်မှာ “ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး ကျနော်တို့ မှာ လုပ်စရာတွေ အများကြီး ကျန်နေ ပါသေးတယ် ။ ကျနော်တို့ လျှောက်ရမယ့် လမ်းက ခရီးအဝေးကြီး ကျန်ပါသေးတယ် ။ ဝင်ငွေ အလယ်အလတ်နဲ့ နည်းပါး တိုင်းပြည် တွေမှာ ရောဂါကူးစက်မှုတွေ မမြင့်တက်အောင် လုပ်ဖို့ ဦးစားပေး ရမှာပါ ။ ဒီကနေ့ ဆိုရင် တစ်ရက်တည်းနဲ့ ၁သိန်း ၆ထောင် ဖြစ်တယ် ဆိုတော့ ရောဂါစ ဖြစ်တည်းကနေ ဒီနေ့အထိ အမြင့်ဆုံး ဖြစ်သွားပါတယ်”လို့ ဆိုတယ် ။ အမေရိကန်မှာ သေဆုံးသူ ၉၂၀၀၀ ကျော်လာပြီး ဥရောပမှာ ၁၆၅၀၀၀ ဦး သေဆုံးခဲ့ ရပါတယ် ။ အဲ့ဒိထဲမှာ ယူကေ က ၃သောင်းခွဲ ပါပါတယ် ။

ပထမဆုံး ကိုဗစ်-၁၉ ရောဂါသည ်လို့ အမည်တပ် ခံရတဲ့ ၄၁ ဦး ကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီ ၁၀ရက်နေ့မှာ တွေ့ခဲ့ ရပါတယ် ။ ရောဂါကို အမျိုးအမည် မခွဲခြား နိုင်ဘဲ စတင်ဖြစ်ပွား ခဲ့တာကတော့ ၂၀၁၉ နိုဝင်ဘာလ ၁၇ ရက် နေ့ကပါ ။ ဝူဟန် တောကောင်နဲ့ ပင်လယ်စာဈေးကနေ စတင် ဖြစ်ပွားခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ၂ ပတ် အတွင်းမှာ ကူးစက်ခံရသူ ၁သန်း ရှိပါတယ် ။ ရောဂါ ဖြစ်ပွားတဲ့ ပမာဏ ၃ ပုံ ၂ ပုံက နိုင်ငံ ၄ နိုင်ငံမှာပဲ ရှိပါတယ် ။ ဘရာဇီးမှာက အခုထက်ထိ ငှက်ဖျားဖြတ်ဆေးနဲ့ ကုနေရလို့ အလေအလွှင့်တွေ များနေရခြင်း ဖြစ်ပါတယ် ။

မောင်ယဿ

REF: daily mail / Photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …