၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

မောင်ယဿ ( ဇူလိုင် ၈)

လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကား ကမ်းခြေဒေသတွေ ရေလွှမ်းမိုး နေခြင်းက လာမယ့် ၂၀၃၀ ဆိုရင် ပိုမိုဆိုးဝါး လာပြီး နေရာ တော်တော်များများ ပင်လယ်အောက်ရောက်သွားမယ်လို့ အမျိုးသား အာကာသသိပ္ပံအဖွဲ့ (နာ ဆာ ) ကဟောကိန်းထုတ် လိုက်ပါတယ်။

ဟာဝိုင်ရီ တက္ကသိုလ်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ပြောင်းလဲမှု လေ့လာရေးအဖွဲ့ နဲ့ နာဆာတို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ သုတေသန ရလဒ်အရ လက်ရှိနှစ်စဉ်မြင့်တက်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ရယ် ၊ ၁၈နှစ်ခွဲ မျာတစ်ကြိမ် ကပ်သွားသွားတဲ့ ကမ္ဘာနဲ့ လနဲ့ ကြားက အကွာအဝေးရယ် ၊ ၂ခုပေါင်းစပ်လိုက်ရင် အမေရိကားကမ်းခြေတွေ ပင်လယ်ရေအောက်ကျရောက်သွားနိုင်တယ်လို့ သိရပါတယ်။

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

လကမ္ဘာကိုပတ်နေတဲ့ ပတ်လမ်းတစ်ဝက်မှာ ဒီရေတွေက ပုံမှန်အတိုင်း ရှိနေပြီး တခါတရံ ပုံမှန်ထက်တောင် နိမ့်ဆင်းနေပါတယ်။ ဒီရေအတက်အကျက ပုံမှန်ဖြစ်နေတက်ပြီး လရဲ့ အခြားပတ်လမ်း တစ်ဝက်ရောက်ရင် ဒီရေ အတက်ကြမ်းပြီး ပုံမှန်ထက်ပိုပြီး မြင့်တက်လေ့ရှိပါတယ်။

ဒီရေဆင်း သွားတဲ့အခါတောင် ရေကတော်ရုံနဲ့ မကျနိုင်ဘူး ဖြစ်တတ် ပါတယ်။ တွက်ချက်မှုအရ တက်ရေက ကျတဲ့အချိန်မှာတောင် ပုံမှန်အနေအထားမှာ ရှိပါတယ်၊ ဒီရေထိုးပြီးဆိုရင်တော့ တက်ရေ အမြင့်ဆုံးအမှတ်ကို ကျော်ကျာ် သွားတတ်ပါတယ်။

 

ကမ္ဘာကြီး ပူနွေးလာတဲ့ အတွက်ကြောင့် ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာချိန်မှာ လပတ်လမ်း အခြားတစ်ဖက်ကို ရောက်တဲ့အချိန်နဲ့ ကြုံတွေ့တဲ့အခါမှာ ထူးကဲဒီရေတက်လာပြီး ကမ်းခြေဒေသတွေ ရေမြုပ်သွားနိုင်ပါတယ်။

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်2

 

နာဆာ အုပ်ချုပ်ရေးမှူး ဘီလ်နယ်ဆင်က “ လဆွဲအားရယ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုရယ်၊ ရာသီဥတု ပြောင်းလဲမှုရယ် ဆိုတဲ့ အကြောင်းတရားတွေ ပေါင်းဆုံမိတဲ့ အခါမှာတော့ တစ်ကမ္ဘာလုံး မှာရှိတဲ့ ကမ်းခြေဒေသတွေ ကျွန်းနိုင်ငံတွေအပြင် ကျနော်တို့ရဲ့ ကမ်းခြေဒေသတွေပါ ရေမြုပ်သွားမှာပါ” လို့ ဆိုပါတယ်။

 

“ ကျနော်တို့ရဲ့ သုတေသန ဌာနက ကျနော်တို့ ဆီကို သတင်းအချက် အလက်တွေ ပို့ပေးထားပါတယ်။ ကျနော်တို့ ကမ်းခြေဒေသမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် ပေးနိုင်အောင်လို့ ကြိုတင် သတင်းအချက်အလက် ထုတ်ပြန်ပေးတာနဲ့ သဘာ၀ ဘေးအန္တရာယ် တားဆီးရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နိုင်ရေးအတွက် အကြံပြုတာပါ” လို့ ဆိုတယ်။

REF: UPI,Photo: Credit UPI

Zawgyi

၂၀၃၀ မွာ အေမရိကန္ကမ္းေျခေဒသေတြ ေရျမဳပ္မယ္လို႔ နာဆာ ေဟာကိန္းထုတ္

လက္ရွိျဖစ္ေပၚေနတဲ့ အေမရိကား ကမ္းေျခေဒသေတြ ေရလႊမ္းမိုး ေနျခင္းက လာမယ့္ ၂၀၃၀ ဆိုရင္ ပိုမိုဆိုးဝါး လာၿပီး ေနရာ ေတာ္ေတာ္မ်ားမ်ား ပင္လယ္ေအာက္ေရာက္သြားမယ္လို႔ အမ်ိဳးသား အာကာသသိပၸံအဖြဲ႕ (နာ ဆာ ) ကေဟာကိန္းထုတ္ လိုက္ပါတယ္။

ဟာဝိုင္ရီ တကၠသိုလ္က ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ေပ ေျပာင္းလဲမႈ ေလ့လာေရးအဖြဲ႕ နဲ႔ နာဆာတို႔ ပူးေပါင္းၿပီး ျပဳလုပ္တဲ့ သုေတသန ရလဒ္အရ လက္ရွိႏွစ္စဥ္ျမင့္တက္ေနတဲ့ ပင္လယ္ေရမ်က္ႏွာျပင္ရယ္ ၊ ၁၈ႏွစ္ခြဲ မ်ာတစ္ႀကိမ္ ကပ္သြားသြားတဲ့ ကမာၻနဲ႔ လနဲ႔ ၾကားက အကြာအေဝးရယ္ ၊ ၂ခုေပါင္းစပ္လိုက္ရင္ အေမရိကားကမ္းေျခေတြ ပင္လယ္ေရေအာက္က်ေရာက္သြားႏိုင္တယ္လို႔ သိရပါတယ္။လကမာၻကိုပတ္ေနတဲ့ ပတ္လမ္းတစ္ဝက္မွာ ဒီေရေတြက ပုံမွန္အတိုင္း ရွိေနၿပီး တခါတရံ ပုံမွန္ထက္ေတာင္ နိမ့္ဆင္းေနပါတယ္။

 

ဒီေရအတက္အက်က ပုံမွန္ျဖစ္ေနတက္ၿပီး လရဲ႕ အျခားပတ္လမ္း တစ္ဝက္ေရာက္ရင္ ဒီေရ အတက္ၾကမ္းၿပီး ပုံမွန္ထက္ပိုၿပီး ျမင့္တက္ေလ့ရွိပါတယ္။

ဒီေရဆင္း သြားတဲ့အခါေတာင္ ေရကေတာ္႐ုံနဲ႔ မက်ႏိုင္ဘူး ျဖစ္တတ္ ပါတယ္။ တြက္ခ်က္မႈအရ တက္ေရက က်တဲ့အခ်ိန္မွာေတာင္ ပုံမွန္အေနအထားမွာ ရွိပါတယ္၊ ဒီေရထိုးၿပီးဆိုရင္ေတာ့ တက္ေရ အျမင့္ဆုံးအမွတ္ကို ေက်ာ္က်ာ္ သြားတတ္ပါတယ္။

ကမာၻႀကီး ပူေႏြးလာတဲ့ အတြက္ေၾကာင့္ ေရခဲေတြ အရည္ေပ်ာ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာခ်ိန္မွာ လပတ္လမ္း အျခားတစ္ဖက္ကို ေရာက္တဲ့အခ်ိန္နဲ႔ ႀကဳံေတြ႕တဲ့အခါမွာ ထူးကဲဒီေရတက္လာၿပီး ကမ္းေျခေဒသေတြ ေရျမဳပ္သြားႏိုင္ပါတယ္။

နာဆာ အုပ္ခ်ဳပ္ေရးမႉး ဘီလ္နယ္ဆင္က  လဆြဲအားရယ္၊ ပင္လယ္ ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈရယ္၊ ရာသီဥတု ေျပာင္းလဲမႈရယ္ ဆိုတဲ့ အေၾကာင္းတရားေတြ ေပါင္းဆုံမိတဲ့ အခါမွာေတာ့ တစ္ကမာၻလုံး မွာရွိတဲ့ ကမ္းေျခေဒသေတြ ကြၽန္းႏိုင္ငံေတြအျပင္ က်ေနာ္တို႔ရဲ႕ ကမ္းေျခေဒသေတြပါ ေရျမဳပ္သြားမွာပါ” လို႔ ဆိုပါတယ္။

 

“ က်ေနာ္တို႔ရဲ႕ သုေတသန ဌာနက က်ေနာ္တို႔ ဆီကို သတင္းအခ်က္ အလက္ေတြ ပို႔ေပးထားပါတယ္။ က်ေနာ္တို႔ ကမ္းေျခေဒသမွာရွိတဲ့ က်ေနာ္တို႔ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို ကာကြယ္ ေပးႏိုင္ေအာင္လို႔ ႀကိဳတင္ သတင္းအခ်က္အလက္ ထုတ္ျပန္ေပးတာနဲ႔ သဘာ၀ ေဘးအႏၲရာယ္ တားဆီးေရး လုပ္ငန္းေတြကို လုပ္ကိုင္ႏိုင္ဖို႔ ျပင္ဆင္ႏိုင္ေရးအတြက္ အႀကံျပဳတာပါ” လို႔ ဆိုတယ္။

REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
Uncategorized
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ မောင်ယဿ ( ဇူလိုင် ၂၆ ) ဖိလစ်ပိုင် ဆရာဝန် ဒေါက်တာ အန်နီဂ်ဘရီရယ်ချန်က ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းကို ကာကွယ် ဆေးအမျိုးမျိုး ထိုးထားတဲ့ လူတွေရဲ့ အဆုတ်တွေနဲ့ ကိုဗစ်ရောဂါ အသည်းအသန် ခံစားနေရတဲ့ အရေးပေါ် ကုသဆောင်ထဲက လူနာရဲ့ အဆုတ်ဓာတ်မှန် ကို ယှဉ်တွဲပြီး ပြသခဲ့ပါတယ်။ အဲ့ဒိဆရာဝန်က ဖိလစ်ပိုင်နိုင်ငံ ကူးစက်ရောဂါနဲ့ ကိုယ်တွင်း ကလီစာ ကုသရေးအထူးကူဖြစ်ပြီး အေအိုင်ဒီအက်စ် ၊ အိတ်ချ်အိုင်ဗွီ ရောဂါ ထိန်းချုပ်ရေး ကော်မတီရဲ့ တာဝန်ခံလည်းဖြစ်ပါတယ်။ သူက သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ …

Uncategorized
သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်

သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင် မောင်ယဿ ( ဇူလိုင် ၁၉ ) အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီက ပြုလုပ်တဲ့ လေ့လာမှု စစ်တမ်းတစ်ရပ်ရဲ့ အဆိုအရ သောက်ရေထဲမှာ ခဲဓာတ် နည်းနည်းလေးပါတယ်ဆိုရင်တောင် ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အမေရိကားမှာ ကျေက်ကပ် အားနည်းတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင် တွေ စုစုပေါင်း ပမာဏက သန်း ၃၀ ကနေ သန်း ၄၀ အတွင်းမှာ ရှိပါတယ်။ ဒါကြောင့် ခဲဓာတ် အလွန်နည်းတဲ့ သို့မဟုတ် မပါတဲ့ သောက်ရေ ရရှိဖို့အတွက် အဲ့ဒိအေဂျင်စီက ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်နေပါတယ်။ ဘောစတွန်မြို့က ဆေးပညာရှင်စင်တာတစ်ခုက …

Uncategorized
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ မောင်ယဿ ( ဇူလိုင် ၁၉ ) ကိုဗစ်ရောဂါ ကုသရေးနဲ့ ထိန်းချုပ်မှု ဆိုင်ရာတွေမှာ အားနည်းတဲ့ ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ နဂိုရ်ကတည်းက အစိုးရကို မကျေနပ်တဲ့ သူတွေက လမ်းပေါ်တက် ဆန္ဒပြတာကို ထိုင်းရဲတွေက မီးသတ်ပိုက်တွေ နဲ့ ပတ် ၊ ရာဘာတုတ်တွေနဲ့ ရိုက် ၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ပြီး မနေ့က နှိမ်နင်းခဲ့ ပါတယ်။ ဘန်ကောက်အစိုးရက ၅ယောက်ထက်ပိုမစုရလို့ ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းနဲ့ မညီဘဲ ဆန္ဒပြတဲ့ သူတွေကို နှိမ်နင်းတာလို့ ထိုင်းရဲတွေက ဆိုပါတယ်။ ဆန္ဒပြသမားတွေကတော့ ဆန္ဒပြမှုကို …