၂၀၂၀ နှစ်ဦး သဘာဝ ဘေးအန္တရာယ် ၇ ခု
- By : Phoe Linn
- Category : International-news
၂၀၂၀ နှစ်ဦး သဘာဝ ဘေးအန္တရာယ် ၇ ခု
၂. သြစတေးလျှတောမီး ။ ။
၎. ဟိမဝန္တာတောင်တွေမှာ သစ်ပင်တွေပေါက်လာခြင်း ။ ။
၅. ဒူဘိုင်းရေကြီးမှု ။ ။
Unicode
၂၀၂၀ နှစ်ဦး သဘာဝ ဘေးအန္တရယ် ၇ ခု
ကမ္ဘာမီဒီယာ တွေမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာက အသားပေး ဖော်ပြတဲ့ကိစ္စဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၁၀စုနှစ်က စပြီးလူတွေက သဘာဝပတ်ဝန်းကျင်အကြောင်းကို ပိုမိုစိတ်ဝင်စားလာခဲ့ကြပါတယ် ။ အဲ့အရင် ၁၀ စုနှစ် တွေတုန်းကတော့ မီဒီယာ တွေမှာ စစ်ပွဲ သတင်းတွေ စစ်ရေးနဲ့ နိုင်ငံရေး သတင်းတွေက နေရာကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံရတဲ့သတင်းတွေပါ ။
ဒီနှစ်ပိုင်းတွေမှာတော့ စစ်ပွဲတွေထက် ပိုကြောက်စရာကောင်းတာက လူသားမျိုးနွယ်တင်မက ကမ္ဘာပေါ်က သက်ရှိ တွေအားလုံးရဲ့အသက်တွေကို စိန်ခေါ်နေတဲ့ သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုတွေပါပဲ။ ၂၀၂၀နှစ်ဦးပိုင်မှာ ကမ္ဘာပေါ်မှာ လူတွေ စိတ်ဝင်စားမှု အခံရဆုံး သဘာ၀ ဘေးအန္တရာယ် ၇ခုကို ဖော်ပြ လိုက်ပါတယ် ။
၁. တာအယ်မီးတောင်ပေါက်ကွဲမှု ။ ။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနဲ့မိုင်၆၀လောက်အကွာက မီးတောင်ပေါက်ကွဲမှုက အန္တရယ်နဲ့ အလွန်ီးစပ်နေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ကြိုတင်ခန့်မှန်းနိုင်မှုကြောင့် အသေအပျောက် အထိအခိုက်နည်းခဲ့ပါတယ် ။
၂. သြစတေးလျှတောမီး ။ ။
မနှစ်ကတည်းက လောင်နေတဲ့တောမီးက ဒီနှစ်နှစ်ဦးပိုင်းမှာလျော့သွားမယ်လို့ ထင်ခဲ့ပေမယ်။ အပူချိန်က ခဏပဲလျော့ကျခဲ့ပြီး ပြန်မြင့်တက် လာပါတယ်။ ဒါပေမဲ့ မိုးတွေ ရွာကျလာလို့ အနည်းငယ် စိတ်အေးရပေမယ့် မိုးတိတ်သွားလို့ နွေဝင်သွားရင် စိုးရိမ်စရာက ရှိနေပြန်ရော ။
၃. နယူဇီလန် နီညိုရောင်ရေခဲပြင် ။ ။
သြစတေးလျှ တောမီးက သူ့ဖာသာသူလောင်နေတာမဟုတ်ဘဲ အိမ်နီးချင်နိုင်ငံ နယူဇီလန်က ရေခဲပြင်တွေကို ကြက်ခိုးလာစွဲပြီး နီညိုရောင်ပြောင်းသွားစေတာပါပဲ။ နီညိုရောင်ပြောင်းတာထက် ပိုတာက ရေခဲတွေအရည် ပျော်ကုန် တာပဲဖြစ်ပါတယ် ။
၄. ဟိမဝန္တာတောင်တွေမှာ သစ်ပင်တွေပေါက်လာခြင်း ။ ။
ရေခဲတွေဖုံးလွှမ်းနေတဲ့ ဟိမဝန္တာတောင်ကြီးပေါ်မှာ ချုံပုတ်တွေ မြက်ပင်တွေပေါက်လာတာပါပဲ။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ အဲ့ဒိသစ်ပင်တွေကြောင့် ရေခဲတွေ အရည်ပိုပျော်လာရင် ကုန်းတွင်းပိုင်း ကန်းတွေ ချောင်းတွေမှာ ရေကြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်လာ နိုင်တာပါပဲ ။
၅. ဒူဘိုင်းရေကြီးမှု ။ ။
ဒူဘိုင်းဆိုတာ အရှေ့အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းဒေသ တစ်ခုပါ ။ အခုတော့ မိုးတွေအသည်း အသန် ရွာပြီး ရေတွေကြီးလို့ ရာသီဥတု ကမောက်ကမ ဖြစ်ခဲ့ရတယ ် ။ ရေဘယ်လောက်တောင် ကြီးသလဲ ဆိုရင် လေယာဉ်ခရီးစဉ် တွေတောင် ဖျက်ပစ်ရတဲ့အထိ ဖြစ်ခဲ့ရတယ် ။ မိုးရွာတာ ၃နာရီလောက်ကြာတာက တစ်လလောက်ရွာတဲ့ ရေထက်တောင် များသေးတယ် ။
၆.အင်ဒိုနီးရှားရေကြီးမှု ။ ။
ဆယ်စုနှစ်အတွင်းမှာ အဆိုးဝါးဆုံး ရေကြီးမှု တစ်ခုကို အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ကြုံတွေ့ လိုက်ရတယ်။မြေပြိုမှုတွေဖြစ်ပြီး ဆယ်ဂဏန်းနဲ့ချီပြီးသေဆုံးမှုတွေဖြစ်ခဲ့ရတယ် ။
၇.အမေရိကန် ဒိဆောက်က မုန်တိုင်း ။ ။
တက္ကဆတ် အလာဘားမား လူစီယားနား ပြည်နယ် ၃ ခုကိုဖြတ်တိုက်သွားတဲ့ ဒိဆောက်မုန်တိုင်းက ၁၁ဦးသေပြီး အဆောက်အအုံ အမြောက်အများ ပျက်စီးသွားခဲ့ရတယ်။ မိုကြိုးမုန်တိုင်းဖြစ်တဲ့အပြင် လေပြင်းတွေကြောင့် အဆောက်အအုံတွေ ထိခိုက်မှုများခဲ့တာပါ ။
မောင်ယဿ REF:world of buzz
No Comments