
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။
ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။
သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် လုပ်ငန်းတွေအတွက် ငွေးကြေးများစွာ သုံးလိုက်ရတယ်။
မြေဧကပေါင်း ၄၇ သန်း အထိ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ တောကောင်ပေါင်း သန်း ၁၀၀၀ကျော် အသက် ဆုံးရှုံးခဲ့ ရပါတယ်။ လူထောင်ပေါင်း များစွာ အိုးအိမ်တွေကိုစွန့်လွှတ်ခဲ့ ရပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး အသတ်ခံရမှု။ ။ အီရန်ဗိုလ်ချုပ်ကြီး ကာဆန် ဆူလာမန်းနီးကို အမေရိကန် ဒရုန်းတွေက ဇန်နဝါရီလ ၂ရက်နေ့ မှာ တိုက်ခိုက် လိုက်လို့ သေဆုံး သွားပါတယ်။ အမေရိကန်- အီရန် စစ်ရေးတင်းမာမှု က ချက်ခြင်း ဆိုသလို ဖြစ်သွားပါတယ်။
အီရန်- အမေရီကန်စစ်ပွဲ ဖြစ်သွားရာက မမျှော်လင့်ဘဲ တတိယ ကမ္ဘာ ဖြစ်လာနိုင်ခြေ ရှိတဲ့ အနေအထားပါ။ ဒါပေမဲ့ အီရတ်က အမေရိကန် စစ်အခြေစိုက် စခန်း၂ ခုကို အီရန်တွေက ဒုံးကျည်တွေ နဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက် တာနဲ့ ပဲ ပွဲပြီးသွားလို့ တော်တော့တယ်။
ကိုဗစ်- ၁၉ ဗိုင်းရက်။ ။ ၂၀၁၉ နှစ်ကုန် ကတည်းက တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ကော်ရိုနာဗိုင်းရက် အသစ်က ကမ္ဘာကြီးကို ဒီလောက် ခြိမ်းခြောက် လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးပျက်သွား ပြီလားလို့ မေးရ လောက်အောင်ကို ကိုဗစ်-၁၉ ဗိုင်းရက်က ဒုက္ခတွေ ပေးသွားပါတယ်။
အင်ဒို ရေကြီးမှု။ ။ ၂၀၂၀ ဝင်တယ် ဆိုရုံပဲ ရှိသေးတယ် အင်ဒိုနီးရှားမှာ အခါလွန်မိုး ရွာသွန်းပြီး ရေကြီးတာ လူ ၆၆ ယောက် သေပြီး လူ ၄ သိန်းလောက်ကို ရွှေ့ပြောင်း ပေးလိုက်ရတယ်။
ရေတွေကြီး ပြီး အိမ်တွေမြုပ်လို့ ဒေသခံတွေက တစ်ကမ္ဘာလုံး ရေနှစ်သွားပြီ လားတောင် အောက်မေ့ရတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။
ကျိုင်းကောင် ဒုက္ခ။ ။ အာဖရိက အရှေ့ ပိုင်းနဲ့ တောင်အာရှမှာ ဖြစ်သွားတဲ့ ကျိုင်းကောင်ကျမှု အန္တရာယ်ကလည်း တကယ့်ကို မသေးတဲ့ ဒုက္ခတစ်ခု ဖြစ်ခဲ့ပါတယ်။
ခန့်မှန်း တွက်ချက်မှု အရကျိုင်းကောင် ဘီလီယံ ၂၀၀ ကျော်က အာဖရိကမှာ ပေါက်ပွား ခဲ့ပါတယ်။ အဲ့ဒီအုပ်ကြီးရဲ့ တစ်ရက် စားနှုန်းက စိုက်ခင်း ဧက ၈၄သန်း လောက် ရှိပါတယ်တဲ့။
မီးတောင်ကလည်း ပေါက်ကွဲ။။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက မီးတောင် တွေက ဒီနှစ်ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မီးတောင် ပေါက်ကွဲ မှုရဲ့ နောက်ဆက်တွဲ ငလျင်နဲ့ ဆူနာမီတွေလာ မလားလို့ စိုးရိမ်နေခဲ့ ရပါတယ်။
ကန်ရေး ဝက်စ်ကလည်း တစ်မှောင့်။ ။ အမေရိကန် ရပ်ပါနဲ့ ဖက်ရှင်ဒီဇိုင်းသမား ကန်ရေးဝက်စ်က လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲ ကို ဝင်ပြိုင်မယ်လို့ ဆိုလာလို့ နိုင်ငံရေးသမားတွေ ထိပ်လန့် ခဲ့ရပါတယ်။
လိုင်းပေါ်မှာ ဖော်လိုဝါ သန်း၂၀ကျော်ရှိတဲ့ သူသာ ကန်သမ္မတ ဖြစ်ခဲ့ရင် ကမ္ဘာ ကြီး ၅ပါးမက မှောက် သွားနိုင်ပါတယ်။ သူ့မိန်းမဖြစ်တဲ့ ကာဒစ်ရှန်က သူမရဲ့ယောက်ျား စိတ်ဖောက်ပြီး ပြောတာပါလို့နဲ့ အဆုံးသတ်သွားလို့ တော်သေးတယ်။
ဘေရွတ်ပေါက်ကွဲမှု။ ။ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုကြီး တစ်ခုက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းမှာ ဖြစ်ခဲ့ပါတယ်။ ဓာတုပစ္စည်း ဂိုဒေါင်ထဲက အမိုနီယန် နိုက်ထရိုက်တွေ ကို စည်းမဲ့ ကမ်းမဲ့ ထားလို့ ၂ ဆင့်ကွဲ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပါတယ်။
လူ ၂၀၀ နီးပါး သေဆုံးပြီး အဆောက်အအုံတွေ ပျက်စီး ကုန်ပါတယ်။ အဏုမြူဗုံး ကျဲလိုက်တာ များလို့တောင် ထင်ရတဲ့ ပေါက်ကွဲ မှုကြီးပါ။
အဲ့ဒိအကြောင်းတွေက ၂၀၂၀ မှာ အထင်ကရ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေပါပဲ။
မောင်ယဿ, Ref; world of buzz, Photo; internet
No Comments