
International-news






မောင်ယဿ


Unicode

၂၀၂၀ တစ်နှစ်တာ အကောင်းဆုံး နိုင်ငံရေးသမားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်

အင်္ဂလန် အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ One Young World အဖွဲ့က ကမ္ဘာ့ လူငယ်နိုင်ငံရေး သမားတွေထဲက သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး ကမ္ဘာ့ အကောင်းဆုံး နိုင်ငံရေးသမားဆု ကိုရွေးချယ်ချီးမြှင့် ခြင်းအစီအစဉ်ကို အကောင်အထည် ဖော်နေခဲ့ပါတယ် ။
သူတို့က ကမ္ဘာ့ အကောင်းဆုံး လူငယ် နိုင်ငံရေးသမားတွေကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းမှာရွေးချယ်မှာ ဖြစ်ပါတယ် ။

လူငယ်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူ့အဖွဲ့အစည်း နဲ့ တိုင်းပြည်ကို ဘယ်လောက် အကျိုးပြုတဲ့ လုပ်ငန်းတွေ လုပ်နိုင်သလဲ ဆိုတာပေါ်ကို မူတည်ပြီး လူ၅ ဦးကိုရွေးချယ်သွားမှာပါ ။လက်ရှိကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက ဆန်ခါတင် ၁၅ဦးကို ရွေးချယ်ထားပါတယ် ။ ၂၀၂၀ တစ်နှစ်တာ အကောင်းဆုံး နိုင်ငံရေးသမားဆု စာရင်ဝင် ၅ဦးကို ဇူလိုင်လလယ်မှာ ကြေငြာပြီး ၂၀၂၁ မြူးနစ်မြို့မှာ ကျင်းပမယ့် One Young World အစည်းအဝေးမှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ် ။

လက်ရှိဆန်ကာတင် စာရင်းမှာ ပါသူတွေကတော့ အမ်မလီယာ ဝိုမတ် (၃၅နှစ်) ယူကေ၊ ကေသီဝေါင်း (၃၅နှစ်) ကနေဒါ၊ အက်ဘာဟာမန်ဆန် (၂၄နှစ်) ဆွီဒင် ၊ အမ်မာသီအိုဖီလပ် (၂၄နှစ်) နမ်ဘီယာ၊ အီရစ်မာကတ် (၃၃နှစ်) ဂျာမဏီ၊ ဂျိုအာနတ်မန်မိုဘီ (၂၇နှစ်) ဇင်ဘာဘွေ၊ မိုက်ကယ်တပ် (၃၀နှစ်) အမေရိကန်ပြည်ထောင်စု၊ အိုဖီလီယာ ဖာနန်ဒက်ဇ် (၂၀နှစ်) အာဂျင်တီးနား ၊ ဆာရာ အီလာဂိုး (၃၀နှစ်) ဖိလစ်ပိုင် ၊ ရှမ်မာ အယ်လ်မဇူရီ (၂၇နှစ်) ယူအေအီး ၊ဆေးရက် ဆာဒစ် (၂၇နှစ်) မလေးရှား ၊ တာဘတာ အမာရယ် (၂၆နှစ်) ဘရာဇီး၊တိုမိုရာ ဟိုဆိုဒါ ( ၂၈နှစ်) ဂျပန် ၊ယက်ဆင်အူဟာလစ် ( ၂၆နှစ်) အယ်လ်ဂျီးရီးယား နဲ့ ဇာရီဖာဂါဖရီ (၂၈နှစ်) အာဖကန်နစ္စတန် တို့ပဲဖြစ်ပါတယ် ။

အဲ့ဒိထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အာဂျင်တီးနားသူ အိုလီဖီယား ပါပဲ ။ သူမက အသက်၁၉နှစ် အရွယ်ကတည်းက မြို့တော် ဗြူနိုအေရီရဲ့ရွေးကောက်ခံ အမတ်တစ်ယောက်ဖြစ်ပါတယ် ။ အဲ့ဒိ ရာထူးနေရာ အတွက် သူမက အသက်အငယ်ဆုံးဖြစ်ပြီး အမျိုးသမီးများအရေး လှုံ့ဆော်သူတစ်ဦးဖြစ်ကာ ကိုယ်ဝန် ဖျက်ချခွင့် အခွင့်အရေးနဲ့ပက်သတ်ပြီး သူ့ရဲ့ လှုပ်ရှားမှု က အောင်မြင်ခဲ့ပါတယ် ။ ဆွီဒင်သူ အက်ဘာကလည်း ဆွီဒင်နိုင်ငံရဲ့ အသက်အငယ်ဆုံး ပါလီမန်အမတ် တစ်ယောက်ပါ ။ ကျား-မတန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင် နေသူတစ်ဦးပါ ။

မောင်ယဿ

REF: world of buzz / Photo; one young world

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …