
Entertainment








မောင်ယဿ REF: asia one
Photo; reuter

Unicode

၂၀၁၉ အယ်လ်ဘမ် အရောင်းရဆုံး အနုပညာရှင်ဆု တေလာဆွစ်ရရှိ

မတ်လ၂ရက်နေ့ မှာ IFPI ရီကော်ဒင်း လုပ်ငန်း အုပ်စု ကနေကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၀၁၉ ကမ္ဘာ့ အရောင်းရဆုံး ဂီတအနုပညာရှင် ဆုကို ပေါ့ပ်စတား တေလာဆွစ်က သူမရဲ့ LOVER အယ်လ်ဘမ်နဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒိဆုပေးပွဲမှာ တောင်ကိုရီးယားက BTSအဖွဲ့ကလည်း ဆုရခဲ့ပါတယ်။

တေလာဆွစ် (၃၀နှစ်) အတွက် ဒီဆုက ဒုတိယအကြိမ်မြှောက် ရရှိခဲ့တာပါ။ သူမရဲ့ တကမ္ဘာလုံးဆိုင်ရာ အရောင်းရဆုံးဆုကို ပထမ အကြိမ်လက်ခံရရှိ ခဲ့စဉ်က လွန်ခဲ့တဲ့၅ နှစ်က ဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ အ ရောင်း ရ ဆုံး အယ်လ် ဘမ် ဆု ပါ။

အဲ့ဒိတုန်းက အလ်ဘမ်ရဲ့ နာမည်က “၁၉၈၉” ဆိုတဲ့နာမည်နဲ့ပါ။ အခုဆုရရှိတဲ့ အယ်လ်မ်က သူမရဲ့ ၇ ခုမြှောက် အယ်လ်ဘမ်ပါ။ အဲ့ ဒိ အယ်လ် ဘမ် ထဲ က Me ဆို တဲ့ သီ ချင်း က ပေါက် သွား တာ ပါ။

တေလာဆွစ်နောက်မှာ ဒုတိယလိုက်တာက ဗြိတိသျှ သီချင်းရေး အဆိုတော် အက်ဒ် ရှီရန်းပါ။ ပြီးတော့ ရက်ပါ ပို့စ်မာလွန် ၊ အဲ့ဒိနောက်မှာ မကြာသေးခင်ကမှ ဂရမ္မီဆုရသွားတဲ့ ဘီလီလစ်ရှ် တို့ပဲဖြစ်ပါတယ်။ ၁၉၇၀ လောက် လန်ဒန်မှာ စဖွဲ့ခဲ့တဲ့ ရောခ် ဝိုင်းတစ်ဝိုင်းဖြစ်တဲ့ QUEEN က နံပါတ်၅ နေရာကိုချိတ်ခဲ့ပါတယ်။

သူတို့က “Bohemian Rapsody” အယ်လ်ဘမ် ကို သူတို့ခောတ် ကောင်းစဉ်က အကြောင်းတွေကို ပြန်ပြောပြတဲ့ပုံစံနဲ့ သီဆိုခဲ့တာပါ။ တောင်ကိုရီးယား နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTS ကတော့ နံပါတ်၇ နေရာချိတ်ခဲ့ပါတယ်။

IFPI ဆိုတာ နိုင်ငံတကာ တေးသံသွင်းလုပ်ငန်းရှင်များအုပ်စုဖြစ်ပြီး ၁၉၃၃ ခုနှစ် တည်း က တည်ထောင်ထားခဲ့ တဲ့ ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ်မယူ တဲ့လုပ်ငန်းအုပ်စုပါ။ တစ်ကမ္ဘာလုံးမှာတေးသံသွင်း ကုမ္ပဏီ၁၃၀၀ ကို တည်ထောင် ထား ပါ တယ်။ နိုင်ငံ ၅၆ နိုင်ငံမှာတေးသံသွင်း ဈေးကွက် ၅၉ ခုဖွင့် ထားပါတယ်။

မောင်ယဿ REF: asia one
Photo; reuter

No Comments

Leave a Reply

Your email address will not be published.

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …