
၂၀၁၇ ရှုံးကြွေးကိုပြန်မဆပ်နိုင်တဲ့ ချယ်ဆီးနဲ့ ၂၀၂၀ FAဖလားပိုင်ရှင် အာဆင်နယ်
လွန်ခဲ့တဲ့ ၃နှစ်၂၀၁၇ FA ဖလားဖိုင်နယ်မှာ ချယ်ဆီးနဲ့ အာဆင်နယ် တွေ့ဆုံခဲ့စဉ်က အာဆင်နယ်အသင်း က ချယ်ဆီး အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင် ယူပြီး ဖလားကို ရယူ သွားခဲ့ပါတယ်။
မနေ့ညက ကစားတဲ့ ၂၀၂၀ FAဖလား ဖိုင်နယ်မှာလည်း ချယ်ဆီးနဲ့ အာဆင်နယ်တို့ ပြန်လည်ဆုံတွေ့ခဲ့ရာ အာဆင်နယ်ကပဲ ၂ဂိုး ၁ဂိုးနဲ့ ထပ်မံ အနိုင်ယူပြီး FAဖလား ကို ကိုင်မြှောက် ပိုင်ခွင့်ရခဲ့ပြန်ပါပြီ။
၂၀၁၇ တုန်းက အာဆင်နယ်က ဗွေဆော်ဦးဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနှစ်မှာ ချယ်ဆီးအသင်းက ဗွေဆော်ဦးဂိုးကို ပွဲစပြီး ၅မိနစ်အကြာမှာ ပေါ်လစ်စစ်က သွင်းယူနိုင်ခဲ့လို့ ချယ်ဆီးရဲ့ FAဖလား အိပ်မက်က ရှင်သန် လာနိုင် ဖွယ်ရာရှိတယ်လို့တောင် သုံးသပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်း ၂၅မိနစ်မှာ ချယ်ဆီးနောက်ခံလူ ဆီးဇာ အက်ဇ်ပီလီကူတာက အာဆင်နယ် တိုက်စစ်မှူးအူဘန်ယောက်ကို ပယ်နယ်တီ ဧရိယာထဲမှာ လဲချခဲ့လို့ ပယ်နယ်တီ ပေးခံလိုက်ရချိန်မှာတော့ ချယ်ဆီးနည်းပြဖြစ်သူ လမ်းပတ်အတွက် စိုးရိမ်စရာတွေဖြစ်ပြီး ပထမပိုင်းပြီးခဲ့ပါတယ်။
၂၀၁၇ တုန်းက အာဆင်နယ်က ဗွေဆော်ဦးသွင်း ချယ်ဆီးက ခြေပဂိုး ပြန်သွင်း ၁ဂိုး-၁ဂိုဖြစ်နေချိန်မှာ အာဆင်နယ်က ချက်ခြင်း ဆိုသလိုပဲ ချယ်ဆီးကို အနိုင်ဂိုးသွင်းပြီး ဖလားယူခဲ့တာပါ။
ဒီနှစ်တော့ ချယ်ဆီးက ဗွေဆော်ဦးဂိုးသွင်း အာဆင်နယ်က ချေပဂိုး ပြန်သွင်းပြီးနောက် ချယ်ဆီးက ပွဲသိမ်း အနိုင်ဂိုး သွင်းကာ ဖလား ယူမယ်လို့ တွေးထားပေမဲ့ ဒုတိယပိုင်း၆၇ မိနစ်မှာ အူဘန်ယောင်ကပဲ အနိုင်ဂိုးကို လှလှပပ သွင်းယူ သွားခဲ့ပါတယ်။
ချယ်ဆီးကစားသမား မာတီယို ကိုဗာစစ်က ၂ဝါ ၁နီနဲ့ ကွင်းထဲက ထွက်ခွာသွားပြီး ၁၀ယောက်တည်းနဲ့ ကစားပေမဲ့ အာဆင်နယ်ရဲ့ ပိတ်ဆို့ ကစားမှုတွေကို လုံလုံလောက်လောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ အာဆယ်နယ်ဂိုးသမားကလည်း ဒီပွဲမှာ လက်စွမ်းတွေ ပြနေတော့ ချယ်ဆီးတို့ ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် အာဆင်နယ်ဖလားရသွားပေမဲ့ ချယ်ဆီးရော အာဆင်နယ်ပါ လာမယ့်နှစ် UEFA လိဂ် ဝင်ခွင့်ရခဲ့လို့ တန်ပါတယ်။ အာဆင်နယ်ကတော့ ဝင်ဘာလေကွင်းမှာ သူတို့ရဲ့ ၁၄ ကြိမ်မြောက်FA ဖလား ကိုင်မြှောက်ပိုင် ခွင့်ရတဲ့ စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။
ရုပ်သံဖိုင်
📺 FULL HIGHLIGHTS | Emirates FA CUP CHAMPIONS! 🏆
📅 Aug 2019: 736 teams are involved in the fight for the 2020 FA Cup. 📅 Aug 2020: After the longest season ever, just one team remained. Arsenal. 𝐓𝐇𝐄 Arsenal! Record finalists. Record winners. Record extenders! 📺 Fourteen reasons to ❤️ these highlights!👇
Posted by Arsenal on Saturday, August 1, 2020
မောင်ယဿ, REF:india times, Photo; you tube
Zawgyi
၂၀၁၇ ရႈံးေႂကြးကိုျပန္မဆပ္ႏိုင္တဲ့ ခ်ယ္ဆီးနဲ႔ ၂၀၂၀ FAဖလားပိုင္ရွင္ အာဆင္နယ္
လြန္ခဲ့တဲ့ ၃ႏွစ္၂၀၁၇ FA ဖလားဖိုင္နယ္မွာ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ ေတြ႕ဆုံခဲ့စဥ္က အာဆင္နယ္အသင္း က ခ်ယ္ဆီး အသင္းကို ၂ဂိုး၁ဂိုးနဲ႔ အႏိုင္ ယူၿပီး ဖလားကို ရယူ သြားခဲ့ပါတယ္။
မေန႔ညက ကစားတဲ့ ၂၀၂၀ FAဖလား ဖိုင္နယ္မွာလည္း ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ ျပန္လည္ဆုံေတြ႕ခဲ့ရာ အာဆင္နယ္ကပဲ ၂ဂိုး ၁ဂိုးနဲ႔ ထပ္မံ အႏိုင္ယူၿပီး FAဖလား ကို ကိုင္ေျမႇာက္ ပိုင္ခြင့္ရခဲ့ျပန္ပါၿပီ။
၂၀၁၇ တုန္းက အာဆင္နယ္က ေဗြေဆာ္ဦးဂိုးကို သြင္းယူခဲ့ပါတယ္။ ဒီႏွစ္မွာ ခ်ယ္ဆီးအသင္းက ေဗြေဆာ္ဦးဂိုးကို ပြဲစၿပီး ၅မိနစ္အၾကာမွာ ေပၚလစ္စစ္က သြင္းယူႏိုင္ခဲ့လို႔ ခ်ယ္ဆီးရဲ႕ FAဖလား အိပ္မက္က ရွင္သန္ လာႏိုင္ ဖြယ္ရာရွိတယ္လို႔ေတာင္ သုံးသပ္ခဲ့ပါတယ္။
ဒါေပမဲ့ ပထမပိုင္း ၂၅မိနစ္မွာ ခ်ယ္ဆီးေနာက္ခံလူ ဆီးဇာ အက္ဇ္ပီလီကူတာက အာဆင္နယ္ တိုက္စစ္မႉးအူဘန္ေယာက္ကို ပယ္နယ္တီ ဧရိယာထဲမွာ လဲခ်ခဲ့လို႔ ပယ္နယ္တီ ေပးခံလိုက္ရခ်ိန္မွာေတာ့ ခ်ယ္ဆီးနည္းျပျဖစ္သူ လမ္းပတ္အတြက္ စိုးရိမ္စရာေတြျဖစ္ၿပီး ပထမပိုင္းၿပီးခဲ့ပါတယ္။
၂၀၁၇ တုန္းက အာဆင္နယ္က ေဗြေဆာ္ဦးသြင္း ခ်ယ္ဆီးက ေျခပဂိုး ျပန္သြင္း ၁ဂိုး-၁ဂိုျဖစ္ေနခ်ိန္မွာ အာဆင္နယ္က ခ်က္ျခင္း ဆိုသလိုပဲ ခ်ယ္ဆီးကို အႏိုင္ဂိုးသြင္းၿပီး ဖလားယူခဲ့တာပါ။
ဒီႏွစ္ေတာ့ ခ်ယ္ဆီးက ေဗြေဆာ္ဦးဂိုးသြင္း အာဆင္နယ္က ေခ်ပဂိုး ျပန္သြင္းၿပီးေနာက္ ခ်ယ္ဆီးက ပြဲသိမ္း အႏိုင္ဂိုး သြင္းကာ ဖလား ယူမယ္လို႔ ေတြးထားေပမဲ့ ဒုတိယပိုင္း၆၇ မိနစ္မွာ အူဘန္ေယာင္ကပဲ အႏိုင္ဂိုးကို လွလွပပ သြင္းယူ သြားခဲ့ပါတယ္။
ခ်ယ္ဆီးကစားသမား မာတီယို ကိုဗာစစ္က ၂ဝါ ၁နီနဲ႔ ကြင္းထဲက ထြက္ခြာသြားၿပီး ၁၀ေယာက္တည္းနဲ႔ ကစားေပမဲ့ အာဆင္နယ္ရဲ႕ ပိတ္ဆို႔ ကစားမႈေတြကို လုံလုံေလာက္ေလာက္ မထိုးေဖာက္ႏိုင္ခဲ့ပါဘူး။ အာဆယ္နယ္ဂိုးသမားကလည္း ဒီပြဲမွာ လက္စြမ္းေတြ ျပေနေတာ့ ခ်ယ္ဆီးတို႔ ဒုတိယေနရာနဲ႔ ေက်နပ္လိုက္ရပါတယ္။
ဘာပဲျဖစ္ျဖစ္ အာဆင္နယ္ဖလားရသြားေပမဲ့ ခ်ယ္ဆီးေရာ အာဆင္နယ္ပါ လာမယ့္ႏွစ္ UEFA လိဂ္ ဝင္ခြင့္ရခဲ့လို႔ တန္ပါတယ္။ အာဆင္နယ္ကေတာ့ ဝင္ဘာေလကြင္းမွာ သူတို႔ရဲ႕ ၁၄ ႀကိမ္ေျမာက္FA ဖလား ကိုင္ေျမႇာက္ပိုင္ ခြင့္ရတဲ့ စံခ်ိန္သစ္ကို ေရးထိုးႏိုင္ခဲ့ပါတယ္။
ေမာင္ယႆ, REF:india times, Photo; you tube
No Comments