၁၉၁၈ စပိန် တုတ်ကွေးနားကို ကပ်လာပြီဖြစ်တဲ့ ၂၀၁၉ တရုတ်တုတ်ကွေး
- By : Kaung Khant
- Category : International-news

၁၉၁၈ စပိန် တုတ်ကွေးနားကို ကပ်လာပြီဖြစ်တဲ့ ၂၀၁၉ တရုတ်တုတ်ကွေး
မောင်ယဿ ( စက်တင်ဘာ ၂၂ )
ဒီနေ့အထိရထားတဲ့ ကိုဗစ်သတင်းအရ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူဦးရေ က ၂၁၉ သန်းကျော်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် သေဆုံး သူဦးရေ ကတော့ ၄သန်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။
ပထမကမ္ဘာစစ်ဝန်းကျင်က ဖြစ်ခဲ့တဲ့ စပိန်တုတ်ကွေးရောဂါ နဲ့နှိုင်းယှဉ်ကြည့်ရင်တော့ အသေအပျောက် အများကြီး နည်းပါတယ်။
သီးခြားပြုစုထားတဲ့ မှတ်တမ်းမှတ်ရာများ မရှိပေမယ့် နိုင်ငံတစ်ခုချင်း အလိုက် မှတ်တမ်းတွေစုပေါင်းပြီး ခန့်မှန်း တွက်ချက်မှုမှာ ရောဂါဖြစ်ပွားသူ သန်း ၅၀၀ ကျော်ခဲ့ပြီး သေဆုံးသူ သန်း ၅၀ လောက် ရှိခဲ့ပါတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
စပိန်တုတ်ကွေးက H1N1ဗိုင်းရက်စ်ကြောင့် ဖြစ်ပွားတာပါ၊ ငှက်တုတ်ကွေးလို့ ခေါ်ရမှာပါ။ လေထဲကနေ တစ်ဆင့် ကူးစက်တာကြောင့် ကိုဗစ်လိုပဲ ကူးစက်မြန် ဗိုင်းရက်တစ်ခုဖြစ်ခဲ့ပါတယ်။
ကမ္ဘာလူဦးရေ ရဲ့ ၃ပုံ ၁ပုံလောက်ကူးစက်ခံလိုက်ရတာပါ။ အသက်၅နှစ်အောက် ကလေးတွေ ၊ ၂၀ နဲ့ ၄၀ ကြား လူလတ်ပိုင်းတွေ နဲ့ ၆၅ နှစ်အထက် လူကြီး ပိုင်းတွေ အသေအပျောက်များခဲ့ပါတယ်။
ဒီနေ့အထိအဖြေရှာမရတာ က စပိန်တုတ်ကွေးက ၂၀ နဲ့ ၄၀ ကြားလူတန်းစားကို ဦးတည်ပြီး တိုက်ခိုက်သွားတာပါ။ အဲ့ဒိခေတ် တုန်းက ဒီဖက်ခေတ်လို ဆေးဝါးကျွမ်းကျင်မှု အားနည်းတာရယ် ၊ ကာကွယ်ဆေး နဲ့ ကုသဆေး မရှိတာရယ် ကြောင့် အသေအဆုံး များခဲ့တာပါ။
ရောဂါဖြစ်တဲ့ သူကို သီးခြားခွဲထားတာတို့ ၊ ကွာရင်တိုင်ဝင်တာတို့၊ လူစုလူဝေးကန့်သတ်တာတို့ ၊ မက်စ်တပ်ထားတာတို့ ၊ ပိုးသတ်ဆေး သုံးတာတို့ လို လူ့အဖွဲ့အစည်း ဆိုင်ရာ စည်းကမ်းချက်တွေကို နားမလည်ခဲ့တာက ၂၀ ရာစုခေတ်ဦး ကပ်ရောဂါကြီးကို အသေအပျောက်များစေခဲ့ပါတယ်။
အမေရိကန်တစ်နိုင်ငံစာအတွက်ပဲ ကြည့်မယ်ဆိုရင်တော့ တရုတ် တုတ်ကွေး က စပိန်တုတ်ကွေးကို ကျော်တက်သွားပါပြီလို့ တနလာၤနေ့ ကထုတ်ပြန်ခဲ့ပါတယ်။စပိန်တုတ်ကွေးကြောင့် အမေရိကန်နိုင်ငံမှာ လူ ၆၇ ၅၀၀၀ ကျော်သေဆုံး ခဲ့ပါတယ်။
တရုတ် တုတ်ကွေး ကိုဗစ်၁၉ ကြောင့် သေဆုံးသူ ဦးရေက ၆၇၆၀၀၀ ကျော်လာပါပြီး လို့ ရောဂါပိုး ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ပါတယ်။
REF: UPI,Photo : Credit UPI
Zawgyi
၁၉၁၈ စပိန္ တုတ္ေကြးနားကို ကပ္လာၿပီျဖစ္တဲ့ ၂၀၁၉ တ႐ုတ္တုတ္ေကြး
ေမာင္ယႆ ( စက္တင္ဘာ ၂၂ )
ဒီေန႔အထိရထားတဲ့ ကိုဗစ္သတင္းအရ ကမာၻေပၚမွာ ကိုဗစ္ေရာဂါ ကူးစက္ခံရသူဦးေရ က ၂၁၉ သန္းေက်ာ္လာၿပီျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ ေသဆုံး သူဦးေရ ကေတာ့ ၄သန္းခြဲေက်ာ္သြားၿပီ ျဖစ္ပါတယ္။
ပထမကမာၻစစ္ဝန္းက်င္က ျဖစ္ခဲ့တဲ့ စပိန္တုတ္ေကြးေရာဂါ နဲ႔ႏႈိင္းယွဥ္ၾကည့္ရင္ေတာ့ အေသအေပ်ာက္ အမ်ားႀကီး နည္းပါတယ္။
သီးျခားျပဳစုထားတဲ့ မွတ္တမ္းမွတ္ရာမ်ား မရွိေပမယ့္ ႏိုင္ငံတစ္ခုခ်င္း အလိုက္ မွတ္တမ္းေတြစုေပါင္းၿပီး ခန႔္မွန္း တြက္ခ်က္မႈမွာ ေရာဂါျဖစ္ပြားသူ သန္း ၅၀၀ ေက်ာ္ခဲ့ၿပီး ေသဆုံးသူ သန္း ၅၀ ေလာက္ ရွိခဲ့ပါတယ္လို႔ က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြက ဆိုပါတယ္။
စပိန္တုတ္ေကြးက H1N1ဗိုင္းရက္စ္ေၾကာင့္ ျဖစ္ပြားတာပါ၊ ငွက္တုတ္ေကြးလို႔ ေခၚရမွာပါ။ ေလထဲကေန တစ္ဆင့္ ကူးစက္တာေၾကာင့္ ကိုဗစ္လိုပဲ ကူးစက္ျမန္ ဗိုင္းရက္တစ္ခုျဖစ္ခဲ့ပါတယ္။
ကမာၻလူဦးေရ ရဲ႕ ၃ပုံ ၁ပုံေလာက္ကူးစက္ခံလိုက္ရတာပါ။ အသက္၅ႏွစ္ေအာက္ ကေလးေတြ ၊ ၂၀ နဲ႔ ၄၀ ၾကား လူလတ္ပိုင္းေတြ နဲ႔ ၆၅ ႏွစ္အထက္ လူႀကီး ပိုင္းေတြ အေသအေပ်ာက္မ်ားခဲ့ပါတယ္။
ဒီေန႔အထိအေျဖရွာမရတာ က စပိန္တုတ္ေကြးက ၂၀ နဲ႔ ၄၀ ၾကားလူတန္းစားကို ဦးတည္ၿပီး တိုက္ခိုက္သြားတာပါ။ အဲ့ဒိေခတ္ တုန္းက ဒီဖက္ေခတ္လို ေဆးဝါးကြၽမ္းက်င္မႈ အားနည္းတာရယ္ ၊ ကာကြယ္ေဆး နဲ႔ ကုသေဆး မရွိတာရယ္ ေၾကာင့္ အေသအဆုံး မ်ားခဲ့တာပါ။
ေရာဂါျဖစ္တဲ့ သူကို သီးျခားခြဲထားတာတို႔ ၊ ကြာရင္တိုင္ဝင္တာတို႔၊ လူစုလူေဝးကန႔္သတ္တာတို႔ ၊ မက္စ္တပ္ထားတာတို႔ ၊ ပိုးသတ္ေဆး သုံးတာတို႔ လို လူ႔အဖြဲ႕အစည္း ဆိုင္ရာ စည္းကမ္းခ်က္ေတြကို နားမလည္ခဲ့တာက ၂၀ ရာစုေခတ္ဦး ကပ္ေရာဂါႀကီးကို အေသအေပ်ာက္မ်ားေစခဲ့ပါတယ္။
အေမရိကန္တစ္ႏိုင္ငံစာအတြက္ပဲ ၾကည့္မယ္ဆိုရင္ေတာ့ တ႐ုတ္ တုတ္ေကြး က စပိန္တုတ္ေကြးကို ေက်ာ္တက္သြားပါၿပီလို႔ တနလာေနၤ့ ကထုတ္ျပန္ခဲ့ပါတယ္။စပိန္တုတ္ေကြးေၾကာင့္ အေမရိကန္ႏိုင္ငံမွာ လူ ၆၇ ၅၀၀၀ ေက်ာ္ေသဆုံး ခဲ့ပါတယ္။
တ႐ုတ္ တုတ္ေကြး ကိုဗစ္၁၉ ေၾကာင့္ ေသဆုံးသူ ဦးေရက ၆၇၆၀၀၀ ေက်ာ္လာပါၿပီး လို႔ ေရာဂါပိုး ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရး ဌာနက ထုတ္ျပန္ပါတယ္။
REF: UPI
Photo : UPI
No Comments