၁၆.၃ သန်းကျော်လာပြီဖြစ်တဲ့ ကိုဗစ်ရောဂါသည်နဲ့ အမေရိကန်က ထိပ်ဆုံးမှာနေရာယူထားဆဲ … … …
၁၆.၃ သန်းကျော်လာပြီဖြစ်တဲ့ ကိုဗစ်ရောဂါသည်နဲ့ အမေရိကန်က ထိပ်ဆုံးမှာနေရာယူထားဆဲ ... ... ...
International-news
unicode
၁၆.၃ သန်းကျော်လာပြီဖြစ်တဲ့ ကိုဗစ်ရောဂါသည်နဲ့ အမေရိကန်က ထိပ်ဆုံးမှာနေရာယူထားဆဲ … … … ။ ။
အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ပြုလုပ်ထားတဲ့ စာရင်းဇယားတွေအရ ကမ္ဘာ့ကိုဗစ်-၁၉ ရောဂါသည် အရေအတွက် က ဒီ တနင်္ဂနွေမှာ ၁၆.၃သန်း ကျော်လာပြီ လို့သိရပါတယ် ။ အမေရိကန် ၊ ဘရာဇီး ၊ မက္ကဆီကို နဲ့ အိန္ဒိယ နိုင်ငံတို့က ရောဂါအဖြစ်များဆုံး နဲ့ အသေအပျောက် အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ် ။
ပြီးခဲ့တဲ့ ၆လကျော်က တရုတ်နိုင်ငံ ဝူဟန်မြို့ အသားစိမ်းရောင်းတဲ့ ဈေးကနေ စတင်ပြန့်နှံ့ လာတဲ့ ကိုဗစ်-၁၉ ကော်ရိုနာဗိုင်းရက်က ကမ္ဘာ နိုင်ငံအသီးသီးကို ဝင်ရောက်ပြန့်နှံ့ကူးစက်ခဲ့ပါတယ် ။ တစ်ကမ္ဘာလုံး အနေအထား နဲ့ ကြည့်မယ်ဆိုရင် လက်ရှိ ကိုဗစ်၁၉ကြောင့်သေဆုံးရသူ အရေအတွက်က ၆သိန်းခွဲ ကျော်သွားပါပြီ ။
ကမ္ဘာ့လူဦးရေ သန်း၇၈၀၀ ကျော်မှာ သေဆုံးသူ အရေအတွက်က အနောက်ကမ္ဘာခြမ်းက ၃၀% ရှိပြီး အာရှဖက်အခြမ်းက ၄၈% ရှိပါတယ် ။ ဒီအပတ်စနေနေ့က ၅၆၈၉ဦး သေဆုံးခဲ့ပြီး တနင်္ဂနွေက ၂၄၅၂ ဦးသေဆုံးခဲ့ပါတယ် ။
လောလောဆယ်မှာ အမေရိကန်ပြည်ထောင်စု ရောဂါကူးစက်ခံရသူ ၄.၃သန်း ကျော်သွားပြီး သေဆုံးသူ ၁သိန်းခွဲကျော်ကာ ကမ္ဘာ ရောဂါအဖြစ်အများဆုံး နဲ့ အသေအပျောက်အများဆုံး နိုင်ငံအဖြစ် ဦးဆောင် နေပါတယ် ။
ဒုတိယလိုက်တဲ့နိုင်ငံက ဘရာဇီးနိုင်ငံဖြစ်ပြီး လူ ၂.၄သန်းကျော် ရောဂါကူးစက်ခံနေရကာ လူ ၉ သောင်းနီးပါးလောက် သေဆုံးခဲ့ပါတယ် ။ မက္ကဆီကိုကတော့ လူ ၄ သိန်းနီးပါးရောဂါကူးစက်ခံရပြီး ၄ သောင်းကျော်သေဆုံးခဲ့ပါတယ် ။
အိန္ဒိယက ရောဂါဖြစ်သူ ၁.၄သန်းကျော် ဖြစ်ပွားနေပြီး သေဆုံးသူဦးရေက ၃ သောင်း ၂ ထောင်ကျော်လာပါပြီ ။
ရောဂါစဖြစ်တဲ့ တရုတ်နိုင်ငံက ဧပြီလ ၂၆ရက်နေ့နောက်ပိုင်းက စပြီး ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ စာရင်းကို အစီရင် မခံတော့ပါ ။ သူတို့က ဇန်နဝါရီလ ၁၁ရက်နေ့မှာ စပြီး သေဆုံးတဲ့စာရင်ကို စတင်ကြေညာခဲ့တာပါ ။
ဘရာဇီသမ္မတ ဂျားဘောဆိုနာရို က ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် ကမ္ဘာပေါ်မှာပြဿနာတက်နေတဲ့ ငှက်ဖျားဖြတ်ဆေး ဟိုက်ဒရိုစီကလိုရိုကွင်းနဲ့ ပဲ ရောဂါပျောက်သွားပါတယ် ။
ဒါကြောင့် သူက ကိုဗစ်စဖြစ်ကတည်းက သာမန်တုတ်ကွေးပါဗျာ လို့ပြောခဲ့တာဖြစ်ပါမယ် ။ FDA ကတော့ အဲ့ဒိငှက်ဖျား ဖြတ်ဆေးက အန္တရာယ်ရှိတယ်လို့ ပြောထားပါတယ် ။
မောင်ယဿ
REF: Upi, Photo; Upi
zawgyi
မောင်ယဿ
REF: Upi, Photo; Upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …