၁၂မိုင်ကျယ်တဲ့ တာဟိုကန်ကြီးကို ဖြတ်ကူးပြတဲ့ ၁၃နှစ်သား

၁၂မိုင္က်ယ္တဲ့ တာဟိုကန္ႀကီးကို ျဖတ္ကူးျပတဲ့ ၁၃ႏွစ္သား
Article

၁၂မိုင်ကျယ်တဲ့ တာဟိုကန်ကြီးကို ဖြတ်ကူးပြတဲ့ ၁၃နှစ်သား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က တာဟို ရေကန်ကြီး ကို ၁၃နှစ်သားလေး တစ်ယောက် က ဖြတ်ကူးပြပြီး အသက်အငယ်ဆုံး ရေကူးသမား အဖြစ် စံချိန် တင်ခဲ့ပါတယ်။

၁၃နှစ်သားလေး ဂျိမ်းဆာဗေ့ က ၁၂မိုင်ကျယ်တဲ့ တာဟို ရေကန်ကြီး ကို ကေ့ဗ်ရော့ခ် ဆိပ်ကမ်းကနေ တစ်ဖက်ကမ်း ကို ရောက်ဖို့အတွက် ၇နာရီကြာအောင် လက်ပစ် ကူးခဲ့ရပါတယ်။ အဲ့ဒိ ကြိုးပမ်း အားထုတ်မှုက သူ့ကို တာဟိုရေကန် တစ်ဝိုက်မှာ ကန်ကြီးရဲ့ ခေါင်းကိုင် အဖေအဖြစ် သက်မှတ်ခြင်း ခံခဲ့ရပါတယ်။

၁၂မိုင္က်ယ္တဲ့ တာဟိုကန္ႀကီးကို ျဖတ္ကူးျပတဲ့ ၁၃ႏွစ္သား1

သူ့ရဲ့ အဖိုးဖြစ်သူ က သူ့နောက်ကို လှေတစ်စင်း နဲ့ လိုက်ခဲ့ပါတယ်။ တာဟိုရေကန်ကြီးထဲမှာ ၅နှစ်သားကတည်းက ရေကူး စံချိန်တွေကို တစ်ခုပြီး တစ်ခု စံချိန်ချိုးနေတဲ့ ဂျိမ်း က အခုလုပ်ပြတဲ့ စံချိန်က သူ့ရဲ့ တတိယမြောက် သရဖူ တစ်ခုပါပဲ ။ အားလုံး က သူ့ကို တာဟိုခေါင်းကိုင်ဖခင်ကြီး အဖြစ် သတ်မှတ်မှု ပေးခြင်းကို နောက်တစ်ကြိမ် ယူပြလိုက်တာပါ။

သူက ၂၀၁၉ တုန်းက ကေ့ဗ်ရော့ခ်ကနေ ဗိုက်ကင်း ရှုန်း အထိ ၁၀မိုင်ခွဲ ကို ရေကူးပြခဲ့ပါတယ်။ သူက လာမယ့် နှစ်မှာ ၂၁မိုင်ကျော်ဝေးတဲ့ နေရာကို လက်ပစ်ကူးပြဖို့အတွက် ရည်မှန်းချက်ထားပြီး တာဟိုကန်ရဲ့ အငယ်ဆုံး လက်ပစ်ကူး ချန်ပီယံ ဖြစ်ကြောင်းကို ပြသမှာပါ။ တာဟိုကန်ကြီးက ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး ပြည်နယ်၂ခုရဲ့ နယ်စပ်မှာရှိပါတယ်။

၁၂မိုင္က်ယ္တဲ့ တာဟိုကန္ႀကီးကို ျဖတ္ကူးျပတဲ့ ၁၃ႏွစ္သား

ကုန်တွင်းပိုင်း ရေချိုကန်ကြီးက အဲ့ ဒိဒေသမှာ အလှဆုံး နေရာတစ်ခုဖြစ်ပြီး တောင်တွေပေါ်မှာ ရေခဲပြင် စကိတ်စီး နိုင်သလို ကမ်းခြေကိုလာပြီး အနားယူနိုင်လောက်အောက် ကို လှပပါတယ်။ ရေအနက် ပေ ၁၅၀၀ ကျော်ပြီး ကန်ပတ်လည် အနား ၇၇မိုင် ရှိပြီး အရှည် ၂၂မိုင် အကျယ် ၁၂မိုင် နီးပါး ရှိပါတယ်။

၁၂မိုင္က်ယ္တဲ့ တာဟိုကန္ႀကီးကို ျဖတ္ကူးျပတဲ့ ၁၃ႏွစ္သား3

အမေရိကားက ရေအနက်ဆုံး ကန်တွေထဲမှာ ဒုတိယမြောက် ကန် ဖြစ်ပါတယ်။ ကန်က ဆောင်းရာသီမှာ ရေခဲပြင် လျှောစီးသူတွေနဲ့ စည်ကားပြီး နွေရာသီဆိုရင် အပန်းဖြေသူတွေနဲ့ စည်ကားပါတယ်။

အယ်လ်ပိုင် တောင်တန်းတွေကြားက ရေကန်က သက်တမ်းအားဖြစ် နှစ် ၂သန်း ကျော်သွားပါပြီ။ လက်ရှိမှာ တော့ အမေရိကန် သစ်တောဌာနက ကန်ကို ထိန်းသိမ်းထားပါတယ်။

မောင်ယဿ, REF: UPI, Photo: UPi

Zawgyi

၁၂မိုင္က်ယ္တဲ့ တာဟိုကန္ႀကီးကို ျဖတ္ကူးျပတဲ့ ၁၃ႏွစ္သား

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္က တာဟို ေရကန္ႀကီး ကို ၁၃ႏွစ္သားေလး တစ္ေယာက္ က ျဖတ္ကူးျပၿပီး အသက္အငယ္ဆုံး ေရကူးသမား အျဖစ္ စံခ်ိန္ တင္ခဲ့ပါတယ္။

၁၃ႏွစ္သားေလး ဂ်ိမ္းဆာေဗ့ က ၁၂မိုင္က်ယ္တဲ့ တာဟို ေရကန္ႀကီး ကို ေက့ဗ္ေရာ့ခ္ ဆိပ္ကမ္းကေန တစ္ဖက္ကမ္း ကို ေရာက္ဖို႔အတြက္ ၇နာရီၾကာေအာင္ လက္ပစ္ ကူးခဲ့ရပါတယ္။ အဲ့ဒိ ႀကိဳးပမ္း အားထုတ္မႈက သူ႔ကို တာဟိုေရကန္ တစ္ဝိုက္မွာ ကန္ႀကီးရဲ႕ ေခါင္းကိုင္ အေဖအျဖစ္ သက္မွတ္ျခင္း ခံခဲ့ရပါတယ္။

သူ႔ရဲ႕ အဖိုးျဖစ္သူ က သူ႔ေနာက္ကို ေလွတစ္စင္း နဲ႔ လိုက္ခဲ့ပါတယ္။ တာဟိုေရကန္ႀကီးထဲမွာ ၅ႏွစ္သားကတည္းက ေရကူး စံခ်ိန္ေတြကို တစ္ခုၿပီး တစ္ခု စံခ်ိန္ခ်ိဳးေနတဲ့ ဂ်ိမ္း က အခုလုပ္ျပတဲ့ စံခ်ိန္က သူ႔ရဲ႕ တတိယေျမာက္ သရဖူ တစ္ခုပါပဲ ။ အားလုံး က သူ႔ကို တာဟိုေခါင္းကိုင္ဖခင္ႀကီး အျဖစ္ သတ္မွတ္မႈ ေပးျခင္းကို ေနာက္တစ္ႀကိမ္ ယူျပလိုက္တာပါ။

သူက ၂၀၁၉ တုန္းက ေက့ဗ္ေရာ့ခ္ကေန ဗိုက္ကင္း ရႈန္း အထိ ၁၀မိုင္ခြဲ ကို ေရကူးျပခဲ့ပါတယ္။ သူက လာမယ့္ ႏွစ္မွာ ၂၁မိုင္ေက်ာ္ေဝးတဲ့ ေနရာကို လက္ပစ္ကူးျပဖို႔အတြက္ ရည္မွန္းခ်က္ထားၿပီး တာဟိုကန္ရဲ႕ အငယ္ဆုံး လက္ပစ္ကူး ခ်န္ပီယံ ျဖစ္ေၾကာင္းကို ျပသမွာပါ။
တာဟိုကန္ႀကီးက ကယ္လီဖိုးနီးယားနဲ႔ နီဗားဒါး ျပည္နယ္၂ခုရဲ႕ နယ္စပ္မွာရွိပါတယ္။

ကုန္တြင္းပိုင္း ေရခ်ိဳကန္ႀကီးက အဲ့ ဒိေဒသမွာ အလွဆုံး ေနရာတစ္ခုျဖစ္ၿပီး ေတာင္ေတြေပၚမွာ ေရခဲျပင္ စကိတ္စီး ႏိုင္သလို ကမ္းေျခကိုလာၿပီး အနားယူႏိုင္ေလာက္ေအာက္ ကို လွပပါတယ္။ ေရအနက္ ေပ ၁၅၀၀ ေက်ာ္ၿပီး ကန္ပတ္လည္ အနား ၇၇မိုင္ ရွိၿပီး အရွည္ ၂၂မိုင္ အက်ယ္ ၁၂မိုင္ နီးပါး ရွိပါတယ္။

အေမရိကားက ေရအနက္ဆုံး ကန္ေတြထဲမွာ ဒုတိယေျမာက္ ကန္ ျဖစ္ပါတယ္။ ကန္က ေဆာင္းရာသီမွာ ေရခဲျပင္ ေလွ်ာစီးသူေတြနဲ႔ စည္ကားၿပီး ေႏြရာသီဆိုရင္ အပန္းေျဖသူေတြနဲ႔ စည္ကားပါတယ္။

အယ္လ္ပိုင္ ေတာင္တန္းေတြၾကားက ေရကန္က သက္တမ္းအားျဖစ္ ႏွစ္ ၂သန္း ေက်ာ္သြားပါၿပီ။ လက္ရွိမွာ ေတာ့ အေမရိကန္ သစ္ေတာဌာနက ကန္ကို ထိန္းသိမ္းထားပါတယ္။

ေမာင္ယႆ, REF: UPI, Photo: UPi

No Comments

Leave a Reply

Your email address will not be published.

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေ
Article
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။ လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို …

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
Article
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန် တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။ ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို …

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
Article
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု ၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။ ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။ သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် …