
International-news


 








Unicode Version

၀ူဟန် တုတ်ကွေး ရောဂါသည် ၁၄၃၇၆ ဦး ဆေးရုံစဆင်းပြီ

 

တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ကိုဗစ်-၁၉ ရောဂါသည် ၁၄၃၇၆ ဦး နေပြန်ကောင်း သွားပါသဖြင့် ဆေးရုံက ဆင်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ် ။ တရုတ်နိုင်ငံထုတ် the star သတင်းစာမှာ ရောဂါ ပျောက်ကင်းမှုက တဖြည်းဖြည်းချင်း တိုးတက် နေပါတယ် ။ ဆေးရုံက ဆင်းနေရသူတွေ ကလည်း တဖြည်းဖြည်းချင်း များလာပါပြီ လို့ ဆိုတယ် ။

၂၀၂၀ ဖေဖော်ဝါရီလ ၁၈ရက်နေ့ တစ်ရက်တည်း ပါပဲ ၁၈၂၄ ယောက် ဆေးရုံ ပေါ်က ဆင်းရပြီးတော့ အဲ့ဒီနေ့ ဆေးရုံကို တက်လာရတဲ့ လူနာက ၁၇၄၉ ဦး ရှိပါတယ် ။ ဘာပဲဖြစ်ဖြစ် တက်တဲ့လူနာဦးရေ ထက် ဆင်းတဲ့ လူအရေအတွက် များလာ တာက တိုးတက် လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

နောက်ပြီး ဟူဘေး ပြည်နယ်က ဆေးရုံ တွေမှာ ဆေးရုံတက် ရတဲ့ လူနာဦးရေရုတ်တရက် ကျဆင်း လာတာကို တွေ့ရပါတယ် ။ ဆေးရုံပေါ်က လူနာတွေ ကလည်း ဆေးကုသမှုမှာ ပူးပေါင်း ပါဝင်လာတာကို တွေ့ ရတဲ့ အတွက် ဆေးရုံဆင်း ရတဲ့ ဦးရေ ကလည်း များလာ တာ ဖြစ်ပါတယ် ။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကနေ စပြီး ၁၅ရက် ဆက်တိုက် ဆေးရုံတက် လူနာ လျော့နည်း လာခဲ့ပါတယ် ။ အဂါနေ့ အထိ တရုတ် တစ်နိုင်ငံ လုံး ရောဂါ ကူးစပ်ခံရသူ ဦးရေမှာ ၇၄၁၈၅ ဦး ရှိခဲ့ပါတယ် ။ သေဆုံး သူကတော့ ၂၀၀၄ ဦး ရှိနေပါပြီ ။ ဝူဟန် ထူးဆန်း တုတ်ကွေးနဲ့ ပတ်သက်လို့ တရုတ် အစိုးရက ထုတ်ပြန်တဲ့ သတင်း နည်းပါး ပါတယ် ။ ကြားသိရသမျှ သတင်းတွေက အရပ်ဖက် အဖွဲ့တွေနဲ့ မီဒီယာတွေက ထုတ်ပြန် သလောက်သာ သိရပါတယ် ။

အခု သတင်း ကလည်း အရပ်ဖက် မီဒီယာ တွေက အစိုးရ အချက် အလက် ဆိုင်ရာ တွေကို ဖတ်ရှု့ပြီး သတင်းတင်တာ ဖြစ်ပါတယ် ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ကျန်းမာရေး ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ် အစိုးရနဲ့ တွေ့ဆုံခွင့် ရခဲ့ပေမဲ့ တရုတ် အစိုးရက WHO ကို ဝူဟန်မြို့ ဆီကို ခရီး ထွက်ခွင့် မပေးခဲ့ပါဘူး ။

မောင်ယဿ REF:world of buzz Photo;Xinhua news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …