
International-news









Unicode

၀န်ထမ်း ၂၀၀ ရှိတဲ့ ကုမ္ပဏီကို ဖျက်ပြီး အရောင်းစာရေး သွားလုပ် နေတဲ့ အဖိုးအို

အသက် ၈၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဖိုးအို တစ်ယောက် က သူပိုင် ဝန်ထမ်း ၂၀၀ ရှိတဲ့ ကုမ္ပဏီကို ဖျက်ပြီး စတိုးဆိုင် တစ်ဆိုင်မှာ အရောင်းစားရေး သွားလုပ် နေတယ်တဲ့ ။ သူက အဲ့လို လုပ်ရတာက ယုံကြည် စိတ်ချရတဲ့ သူ တစ်ယောက်မှ မရှိတဲ့ ကုမ္ပဏီ အလုပ်ကို ဆက်လုပ် ရတာထက် အရောင်းစာရေး လုပ်နေရ တာက ပိုပြီး ပျော်ဖို့ကောင်းတယ်လို့ ဆိုတယ် ။

လုပ်ငန်းကြီးတွေ လုပ်နေတဲ့ သူတွေ လုပ်ဖူးတဲ့ သူတွေက အလုပ် သေးသေးလေး တွေကို လုပ်ဖို့အတွက် ဘယ်လိုမှ စိတ်မဝင်စား နိုင်ကြပါဘူး ။ လူအများကို အုပ်ချုပ်ပြီး ခိုင်းလာတဲ့ သူတစ်ယောက်က ပြန် အခိုင်းခံရတဲ့ ဘဝကို ဘယ်လိုမှ ပျော်ပျော်ရွင်ရွင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဘန်ကောက်မြို့ က အန်ကယ် ပရာချာ အတွက်ကတော့ အရောင်း စာရေး အကူ ဘဝကို ပိုနှစ်ခြိုက်နေပါတယ် ။

ပလာကွန် တက်စ်နမ် ဆိုသူက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ အသက် ၈၁ နှစ် အရွယ် အဖိုးအို တစ်ယောက်က သူလုပ်တဲ့ ရှော့ပင်းမောမှာ အရောင်းအကူ လာလုပ်တယ် ဆိုပြီးတော့ ၂ ယောက်တွဲ ဓာတ်ပုံ ရိုက်တင်လိုက်ပါတယ် ။ လိုင်းပေါ်မှာ အသဲနှလုံး ပုံလေးတွေ အများကြီး တက်လာပါတယ် ။ ဝိုင်းလည်း ရှဲကြပါတယ် ။ အသက်၈၁ နှစ် ထိ အလုပ်လုပ် နိုင်တာက သဘောကျ နေကြပါတယ် ။

ဒါပေမဲ့ တက်စ်နမ်ရဲ့ ပုံပါ စာသားတွေကြောင့် ပိုပြီးအံ့အားတွေ သင့်ကုန်ကြတယ် ။ တက်စ်နမ်က အန်ကယ်ပရာချာ ဒီ အသက်အရွယ်နဲ့ ဘာလို့ အလုပ် လာလုပ်လဲ လို့ မေးတာကို အဖိုးအိုက အစာအိမ်ရှိလို့ပေါ့ကွာတဲ့လို့ ဖြေပါတယ် ။ ဗိုက်ဆာရင် စားပွဲ ပေါ်မှာ အစာတွေ ရှိနေ အောင်လို့ လို့ပြောတယ် ။ အရင်တုန်းက ဘာလုပ်သလဲ လို့ မေးတော့ သူက နာမည်ရှိခဲ့တဲ့ ကုမ္ပဏီ တစ်ခုရဲ့ အမည်ကိုပြောပြီး အဲ့ဒိ ကုမ္ပဏီရဲ့ စီအီးအိုလို့ ဖြေတယ် ။

ကုမ္ပဏီက ဖျက်သိမ်းလိုက်တဲ့ ကုမ္ပဏီဖြစ်နေလို့ ဘာလို့ ဖျက်သိမ်းလိုက်တာလဲလို့ မေးတော့ ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်မှ မရှိလို့တဲ့ ။ အကုန် သူ့လက်သူ့ခြေနဲ့ လိုက်လုပ် နေရတဲ့အတွက် ဖျက်လိုက်တာ လို့လဲ ပြောပါ တယ် ။ သူက ဒီအသက်အရွယ်အထိ ကျန်းမာနေတာ အရက်ကို အများကြီးမသောက်ဘူး ။

ဆေးလိပ် လုံးဝမသောက်ဘူး ။ အချိုရည်တွေ မသောက်ဘူး ။ အလုပ်ကို ဘယ်တော့မှ အလျင်စလို ပြာယာခတ်ပြီး မလုပ်ဘူးလို့ အကြံဉာဏ် ပေးပါတယ် ။ တက်စ်နမ် တင်လိုက်တဲ့ အကြောင်းကို လိုင်းပေါ်က လူတွေ ကြိုက်လို့ ရှယ် တာ ၅ သောင်းကျော် သွားပါတယ် ။

မောင်ယဿ REF: world of buzz

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …