
International-news







မောင်ယဿ


Unicode

၀န်ထမ်းတွေကို လစာ မဖြတ်ဖို့ ဝန်ကြီးချုပ် တောင်းပန်

မတ်လ ၁၉ ရက်နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကော်ရိုနာ ဗိုင်းရပ်ဖြစ်ပွားလို့ အလုပ်သမား တွေကို အိမ်ပြန်နား ခိုင်းထားတာ အတွက် လစာမဖြတ် ထုတ်ဖို့အတွက် ကုမ္ပဏီတွေကို တောင်းပန် လိုက်ပါတယ် ။

အိန္ဒိယမှာ က ကိုဗစ်-၁၉ ရောဂါပိုး ပြန့်နှံ့ မှုတွေ မြင့်တက် နေတဲ့ အတွက်ကြောင့် ပြည်ထောင်စုအစိုးရ အနေနဲ့ အဲ့ဒိ ပြဿနာကို ခက်ခက်ခဲခဲ ဖြေရှင်း နေရပါတယ် ။ အဲ့ဒိလို အနေအထားမှာ ဝန်ကြီးချုပ်က ရောဂါ ဖြစ်နေစဉ် ကာလ အတွင်း အလုပ်သမား တွေကို လစာ မဖြတ် ဖို့နဲ့ လစာမလျှော့ဖို့ အတွက် တစ်နိုင်ငံလုံးက ကုမ္ပဏီတွေ ကို တောင်းပန် လိုက်တာပါ ။ “အလုပ်ကိုမလာ နိုင်တဲ့ ခင်ဗျားတို့ရဲ့ ဝန်ထမ်းတွေကို လစာ လျှော့တာတို့ ဖြတ်တာတို့ မလုပ်ပါနဲ့ ။ သူတို့ကို ခင်ဗျားတို့ ညှာတာ ပေးလိုက်ပါဦး”လို့ သူဆိုတယ် ။

အိန္ဒိယမှာ ရောဂါပြန့်နှံ့မှုကို ထိန်းချုပ် ဖို့အတွက် အပြင်မထွက်ရ အမိန့်ကို ထုတ်ထား ပါတယ် ။ အဲ့ဒိလိုမျိုး ဖြစ်နေချိန်မှာ နိုင်ငံသားတွေကို လူမှုရေး ကိစ္စတွေ ဘာသာရေး ကိစ္စတွေနဲ့ အမျိုးမျိုးသော ပွဲလမ်း သဘင်တွေ အားကစား ပွဲတွေ ဖျော်ဖြေရေး ပွဲတွေကို ရပ်ထား ပေးဖို့အတွက်လည်း ပန်ကြား ထားပါတယ် ။

အနည်းဆုံးမတ်လ ၂၂ ရက်နေ့ အထိ တားမြစ် ထားပါတယ် ။ အခြေအနေတွေ မတည်ငြိမ် ဖြစ်နေ သေးရင် နောက်ထပ် တားမြစ်ချက်တွေ ထပ်လုပ် ရဦးမယ် လို့ဆိုတယ် ။ နောက်ပြီး ဝန်ကြီးချုပ်က ပြည်သူတွေ အနေနဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို မဟားဒယား မဝယ်ကြဖို့ အတွက်လည်း တောင်းပန် ထားပါတယ် ။

အကယ်၍ တစ်စုံတစ်ရာ မလုံမလောက် ဖြစ်ခဲ့ရင် အစိုးရက နိုင်ငံခြား တင်ပို့မှု တွေကို ရပ်ဆိုင်းထားပြီး ပြည်တွင်း ဖြန့်ချိရေး အတွက်ပဲလုပ်ဖို့ နဲ့ တင်သွင်းကုန် လိုအပ်ချက် ဖြစ်ခဲ့ရင်လည်း နိုင်ငံခြားက မှာယူဖို့ နိုင်ငံခြားငွေ အလုံအလောက် ထားရှိထားကြောင်း ဆိုပါတယ် ။

မောင်ယဿ

REF: indiantimes / Photo;business today

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …