ျမန္မာႏုိင္ငံအတြက္ နမိတ္ေကာင္းလုိ႔ ေဟာခ်က္ထုတ္လာတဲ့ ဆရာ သိဒၶိစိုး

ျမန္မာႏုိင္ငံအတြက္ နမိတ္ေကာင္းလုိ႔ ေဟာခ်က္ထုတ္လာတဲ့ ဧကံသ ဆရာ သိဒၶိစိုး
Astrology

ျမန္မာႏုိင္ငံအတြက္ နမိတ္ေကာင္းလုိ႔ ေဟာခ်က္ထုတ္လာတဲ့ ဆရာ သိဒၶိစိုး

ျမန္မာႏွစ္ဆန္းတစ္ရက္၏ နံနက္ခင္း၌ ကြၽႏ္ုပ္သည္ Stay at home ေနရသူတို႔၏ ထုံးစံအတိုင္း ေတာင္ေတာင္အီအီေတြးလိုက္၊ ဟိုစာအုပ္ ေကာက္လွန္ လိုက္၊ ဒီစာအုပ္ ေကာက္လွန္လိုက္ႏွင့္ ေနာက္ဆုံး၌ ဖုန္းကိုသာ ဖြင့္၍ ပြတ္ေနေလမိေတာ့သည္။

ထိုသို႔ဖုန္းပြတ္ျခင္း အမႈ၌ နစ္ေမ်ာေနစဥ္ ကြၽႏ္ုပ္ထံသို႔ ကိုဦးေဆြသတင္းေကာင္းဗ် နိမိတ္ေကာင္း ဟူေသာ မက္ေဆ့ခ္် ေရာက္လာသည္ ေၾကာင့္ cb သို႔ ဝင္ေရာက္ၾကည့္ရႈေလရာ ကြၽႏ္ုပ္၏ မိတ္ေဆြ လကၡဏာ၊ တားေရာ့၊ ေဗဒပညာရွင္ သိဒၶိစိုး ထံမွ ျဖစ္ေနသည္ကို ေတြ႕ရေလ၏။

ယခုကဲ့သို႔ ဆိုး႐ြားလွေသာ အခါမ်ိဳးတြင္ သတင္းေကာင္း ဟူ၍လည္းေကာင္း၊ နိမိတ္ေကာင္းဟူ၍လည္းေကာင္း လြန္စြာ က်က္သေရအေပါင္း ျပည့္စုံလွေသာ စကား ၂ လုံး ကို ျမင္ရသည္ေနာက္ ကြၽႏ္ုပ္သည္ သူ႔ထံမွ ဆက္လက္ ေရာက္လာမည့္ စာကို ေမွ်ာ္ေနေလရာ စကၠန႔္ပိုင္းအတြင္း သူ႔ထံမွ ေအာက္ပါအတိုင္း ေရာက္လာပါေတာ့သည္။

၁၃၈၂ ခုႏွစ္သစ္၏ နိမိတ္ထူး COVID – 19 ကပ္ေရာဂါေဘးမွ ျမန္မာႏိုင္ငံ အျမန္ဆုံး လြတ္ေျမာက္ေတာ့မည္

အတိတ္၊နိမိတ္ကို ယုံၾကည္သည္ျဖစ္ေစ မယုံၾကည္သည္ျဖစ္ေစ မဂၤလာရွိတဲ့ ျမန္မာ့ႏွစ္သစ္ကူးေန႔၊ မဂၤလာရွိေသာ ေန႔သစ္၏ နံနက္ခင္းမွာ

ျမန္မာႏိုင္ငံမွာ အေသအေပ်ာက္မရွိ Negative ဆိုတဲ့အေျဖထြက္ေပၚလာျခင္းက ျမန္မာႏိုင္ငံ အတြက္အေပါင္းလကၡဏာေဆာင္တဲ့ တကယ့္ အတိတ္ထူး နိမိတ္ထူးႀကီး တစ္ခုပါ။

ဒီနိမိတ္အရ COVIDE – 19 ကပ္ေရာဂါဆိုးႀကီးဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ဆိုးဝါး၊ ျပင္းထန္တဲ့ ေဘးဒုကၡဆိုးႀကီးေတြ မေပးႏိုင္ဘဲ

အေသအေပ်ာက္ အနည္းဆုံး၊ အသက္သာဆုံး အေျခအေန တစ္ခုကေန ျပန္ထြက္သြားၿပီး အျမန္ဆုံး ကပ္ဥပါဒ္ ေဘးအႏၲရာယ္ကေန လြတ္ေျမာက္ပါေတာ့မယ္ဆိုတဲ့ အတိတ္ေကာင္း နိမိတ္ေကာင္းပင္ ျဖစ္ပါေၾကာင္းကို မဂၤလာနိမိတ္ေကာင္းအျဖစ္ နိမိတ္ဖတ္ၾကားရရွိခဲ့ပါသည္။

သိဒၶိစိုး ( Theik Di Soe )

ဟူ၍ ကြၽႏ္ုပ္သည္ သူ၏စာကို ဖတ္လိုက္ရေလရာ ျမန္မာ လူမ်ိဳးပီပီ အတိတ္နိမိတ္ကို ယုံၾကည္သူ ျဖစ္ရေလကား ကြၽႏ္ုပ္၏ ေလးလံထိုင္းမႈိင္းေနေသာ ရင္သည္ အတန္မွ် ေပါ့ပါး သြားရေလ၏။ ထိုသို႔ ျမန္မာတို႔၏ ႏွစ္သစ္အခါသမယ ‌ႏွစ္ဆန္းခ်ိန္ခါကာလတြင္ Covid-19 ေၾကာင့္ လူအေသအေပ်ာက္ မရွိ၊ ေရာဂါပိုး ထပ္ေတြ႕သူ မရွိဆိုသည့္ ထုတ္ျပန္ခ်က္သတင္းကား ကြၽႏ္ုပ္မိတ္ေဆြ သိဒၶိစိုး ေကာက္ ယူသကဲ့သို႔ ထူးလွစြာေသာ နိမိတ္ေကာင္း ျဖစ္ေလရာ ထိုနိမိတ္ေကာင္းကို အမ်ားသိေစရန္ ျပန္လည္မွ်ေဝလိုက္ရပါ၏။

ထိုသို႔ မွ်ေဝရင္းႏွင့္ ထိုေကာင္းေသာနိမိတ္ကို မဖ်က္ဆီးမိ ေစဖို႔ ကြၽႏ္ုပ္တို႔သည္ ေဝးေဝးခြာ၍လည္းေကာင္း၊ ႏွာေခါင္း စည္းတပ္၍လည္းေကာင္း၊ အိမ္ထဲေနျခင္းျဖင့္လည္း ေကာင္း လိုက္နာေနထိုင္က ကမာၻ႔ကပ္ဆိုးသည္ ကြၽႏ္ုပ္တို႔ တိုင္းႏိုင္ငံအား ဆိုး႐ြားစြာ မထိခိုက္ေစဘဲ နိမိတ္အတိုင္း ထြက္ခြာအံ့ဟု ေတြးမိေလသတည္း။

က်န္းမာခ်မ္းသာၾကပါေစ

ကိုဦးေဆြ

Unicode

မြန်မာနိုင်ငံအတွက် နမိတ်ကောင်းလို့ ဟောချက်ထုတ်လာတဲ့ ဆရာ သိဒ္ဓိစိုး

မြန်မာနှစ်ဆန်းတစ်ရက်၏ နံနက်ခင်း၌ ကျွန်ုပ်သည် Stay at home နေရသူတို့၏ ထုံးစံအတိုင်း တောင်တောင်အီအီတွေးလိုက်၊ ဟိုစာအုပ် ကောက်လှန် လိုက်၊ ဒီစာအုပ် ကောက်လှန်လိုက်နှင့် နောက်ဆုံး၌ ဖုန်းကိုသာ ဖွင့်၍ ပွတ်နေလေမိတော့သည်။

ထိုသို့ဖုန်းပွတ်ခြင်း အမှု၌ နစ်မျောနေစဉ် ကျွန်ုပ်ထံသို့ ကိုဦးဆွေသတင်းကောင်းဗျ နိမိတ်ကောင်း ဟူသော မက်ဆေ့ခ်ျ ရောက်လာသည် ကြောင့် cb သို့ ဝင်ရောက်ကြည့်ရှုလေရာ ကျွန်ုပ်၏ မိတ်ဆွေ လက္ခဏာ၊ တားရော့၊ ဗေဒပညာရှင် သိဒ္ဓိစိုး ထံမှ ဖြစ်နေသည်ကို တွေ့ရလေ၏။

ယခုကဲ့သို့ ဆိုးရွားလှသော အခါမျိုးတွင် သတင်းကောင်း ဟူ၍လည်းကောင်း၊ နိမိတ်ကောင်းဟူ၍လည်းကောင်း လွန်စွာ ကျက်သရေအပေါင်း ပြည့်စုံလှသော စကား ၂ လုံး ကို မြင်ရသည်နောက် ကျွန်ုပ်သည် သူ့ထံမှ ဆက်လက် ရောက်လာမည့် စာကို မျှော်နေလေရာ စက္ကန့်ပိုင်းအတွင်း သူ့ထံမှ အောက်ပါအတိုင်း ရောက်လာပါတော့သည်။

၁၃၈၂ ခုနှစ်သစ်၏ နိမိတ်ထူး COVID – 19 ကပ်ရောဂါဘေးမှ မြန်မာနိုင်ငံ အမြန်ဆုံး လွတ်မြောက်တော့မည်

အတိတ်၊နိမိတ်ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကူးနေ့၊ မင်္ဂလာရှိသော နေ့သစ်၏ နံနက်ခင်းမှာ

မြန်မာနိုင်ငံမှာ အသေအပျောက်မရှိ Negative ဆိုတဲ့အဖြေထွက်ပေါ်လာခြင်းက မြန်မာနိုင်ငံ အတွက်အပေါင်းလက္ခဏာဆောင်တဲ့ တကယ့် အတိတ်ထူး နိမိတ်ထူးကြီး တစ်ခုပါ။

ဒီနိမိတ်အရ COVIDE – 19 ကပ်ရောဂါဆိုးကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုးဝါး၊ ပြင်းထန်တဲ့ ဘေးဒုက္ခဆိုးကြီးတွေ မပေးနိုင်ဘဲ

အသေအပျောက် အနည်းဆုံး၊ အသက်သာဆုံး အခြေအနေ တစ်ခုကနေ ပြန်ထွက်သွားပြီး အမြန်ဆုံး ကပ်ဥပါဒ် ဘေးအန္တရာယ်ကနေ လွတ်မြောက်ပါတော့မယ်ဆိုတဲ့ အတိတ်ကောင်း နိမိတ်ကောင်းပင် ဖြစ်ပါကြောင်းကို မင်္ဂလာနိမိတ်ကောင်းအဖြစ် နိမိတ်ဖတ်ကြားရရှိခဲ့ပါသည်။

သိဒ္ဓိစိုး ( Theik Di Soe )

ဟူ၍ ကျွန်ုပ်သည် သူ၏စာကို ဖတ်လိုက်ရလေရာ မြန်မာ လူမျိုးပီပီ အတိတ်နိမိတ်ကို ယုံကြည်သူ ဖြစ်ရလေကား ကျွန်ုပ်၏ လေးလံထိုင်းမှိုင်းနေသော ရင်သည် အတန်မျှ ပေါ့ပါး သွားရလေ၏။ ထိုသို့ မြန်မာတို့၏ နှစ်သစ်အခါသမယ ‌နှစ်ဆန်းချိန်ခါကာလတွင် Covid-19 ကြောင့် လူအသေအပျောက် မရှိ၊ ရောဂါပိုး ထပ်တွေ့သူ မရှိဆိုသည့် ထုတ်ပြန်ချက်သတင်းကား ကျွန်ုပ်မိတ်ဆွေ သိဒ္ဓိစိုး ကောက် ယူသကဲ့သို့ ထူးလှစွာသော နိမိတ်ကောင်း ဖြစ်လေရာ ထိုနိမိတ်ကောင်းကို အများသိစေရန် ပြန်လည်မျှဝေလိုက်ရပါ၏။

ထိုသို့ မျှဝေရင်းနှင့် ထိုကောင်းသောနိမိတ်ကို မဖျက်ဆီးမိ စေဖို့ ကျွန်ုပ်တို့သည် ဝေးဝေးခွာ၍လည်းကောင်း၊ နှာခေါင်း စည်းတပ်၍လည်းကောင်း၊ အိမ်ထဲနေခြင်းဖြင့်လည်း ကောင်း လိုက်နာနေထိုင်က ကမ္ဘာ့ကပ်ဆိုးသည် ကျွန်ုပ်တို့ တိုင်းနိုင်ငံအား ဆိုးရွားစွာ မထိခိုက်စေဘဲ နိမိတ်အတိုင်း ထွက်ခွာအံ့ဟု တွေးမိလေသတည်း။

ကျန်းမာချမ်းသာကြပါစေ

ကိုဦးဆွေ

No Comments

Leave a Reply

Your email address will not be published.