ျမန္မာ့႐ုပ္ရွင္ေနာက္ကို လိုက္လာတဲ့ ေဘာလီးဝုဒ္

ျမန္မာ့႐ုပ္ရွင္ေနာက္ကို လိုက္လာတဲ့ ေဘာလီးဝုဒ္
Entertainment

ျမန္မာ့႐ုပ္ရွင္ေနာက္ကို လိုက္လာတဲ့ ေဘာလီးဝုဒ္

ဒီဘက္ေခတ္ ျမန္မာျပည္က ႐ုပ္ရွင္ မင္းသားေတြထဲမွာ အေျခာက္အျဖစ္ သ႐ုပ္မေဆာင္ဖူးသူ ေတာ္ေတာ္ရွားပါတယ္။ အမ်ိဳးသားဇာတ္ရံ ေတြဆို ပိုဆိုးပါတယ္။ အေျခာက္ခန္းကေန သ႐ုပ္မေဆာင္းဖူတဲ့ ဇာတ္ရံေတြလည္း ရွားပါတယ္။

ျမန္မာျပည္မွာက ဟာသကားေတြကို အဓိက႐ိုက္ၾကေတာ့ ဇာတ္လမ္းသေဘာအရ အေျခာက္ခန္းပါမွ ပိုရီရတယ္ထင္ၿပီး အေျခာက္ ကာ႐ိုက္တာကို ထည့္ၿပီး ႐ိုက္ၾကတာပါ။

မင္းသားႀကီး ဦးေက်ာ္ဟိန္းရဲ႕ က်ီးေယာင္ေဆာင္ေသာေဒါင္း ႐ုပ္ရွင္မွာ အမ်ိဳးသမီးအျဖစ္ ဝတ္စားထားတဲ့ မင္းသားႀကီးရဲ႕ ကာ႐ိုက္တာကို အဲ့ဒိေခတ္က အထူးႏွစ္ၿခိဳက္ အားေပးခဲ့ၾကၿပီး ေနာက္မွာ ျမန္မာ့ဗီဒီယိုေခတ္ ေႏွာင္းပိုင္းမွာ ဟာသကားေတြနဲ႔ အတူ အေျခာက္ ကာ႐ိုက္တာက ႐ုပ္ရွင္လုပ္ငန္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့ရတယ္။

အခုလည္း ေဘာလီးဝုဒ္မွာ အေျခာက္ကို မင္းသားအျဖစ္ တင္႐ိုက္တဲ့ ကားတစ္ကား ထြက္ေနပါတယ္။ Shubh Mangal Zyada Saavdhan ဆိုတဲ့ ႐ုပ္ရွင္ကားပါ။ အဲ့ဒိကားကို ေဖေဖာ္ဝါရီ ၁၃ရက္ေန႔က အင္ဒိုနီးရွားမွာ စတင္ၿပီး ႐ုံတင္ခဲ့ပါတယ္။

အဲ့ဒိကားက အိႏၵိယ ႐ုပ္ရွင္သမိုင္းမွာ ပထမဦးဆုံး ေဂး (အေျခာက္) ကို မင္းသားအျဖစ္ တင္႐ိုက္တဲ့ ႐ုပ္ရွင္ပါပဲ။ ဒါ႐ိုက္တာ ကီဝယ္လာကေတာ့ သူ႔ရဲ႕႐ုပ္ရွင္က ေယာက္်ားခ်င္း ခ်စ္ႀကိဳက္တာနဲ႔ ပတ္သက္ၿပီး ေတာင္းပန္တာေတြ ေနာင္တရတာေတြနဲ႔ အဆုံးသတ္တဲ့ ကားမ်ိဳး မဟုတ္ပါဘူး။

ေဂးေတြရဲ႕ အတူေနထိုင္မႈက ျပႆနာတစ္ရပ္ မဟုတ္ဘူးဆိုတာကို ျပသလိုကား ျဖစ္တယ္လို႔ ေျပာလာပါတယ္။ လက္ထပ္ ထိမ္းျမားျခင္းနဲ႔ အလြန္အကြၽံ ဂ႐ုစိုက္ျခင္း လို႔ အဓိပၸါယ္ရတဲ့ အဲ့ဒိ႐ုပ္ရွင္ကားမွာ ေဘာလီးဝုဒ္စတားတစ္ဦးျဖစ္တဲ့ အယုရွ္မန္ ခါရာနာ နဲ႔ ဂ်ီတန္ဒရာကူမားတို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။

႐ုပ္ရွင္ ဇာတ္လမ္းကေတာ့ ျမန္မာျပည္က ဇာတ္လမ္းေတြလိုပါပဲ ေဂး တစ္ေယာက္အျဖစ္နဲ႔ ေနဖို႔ ေရွး႐ိုးစြဲ မိဘေတြနဲ႔ ျပႆနာ တက္တဲ့အေၾကာင္းကို ႐ိုက္ထားတာပါ။ မိဘထက္ သူငယ္ေလးကို ပိုခ်စ္သြားတဲ့ လူငယ္တစ္ဦးရဲ႕ ဇာတ္လမ္းပါ။

အိႏၵိယမွာက ၂၀၁၈ တုန္းက ၿဗိတိသွ်လက္ထက္ကတည္းက က်င့္သုံးလာတဲ့ လိင္တူေပါင္းသင္း ဆက္ဆံျခင္းမျပဳရ ဆိုတဲ့ဥပေဒကို တရားသူႀကီး ၆ဦး လက္မွတ္ေရးထိုး ပယ္ဖ်က္ခဲ့ၾကတယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာအစိုးရေတြက အိႏၵိယကို ဝိုင္းဝန္းခ်ီးက်ဴး ေထာမနာ ျပဳခဲ့ၾကပါတယ္။

“အမ်ိဳးသားခ်င္း ခ်စ္ႀကိဳက္တာကို ျပႆနာလုပ္ေနတဲ့ ပတ္ဝန္းက်င္တစ္ခုကို ရည္ၫႊန္းလိုက္တာပါ။ ဒါက ေရာဂါတစ္ခု မဟုတ္ပါဘူးဗ်ာ။ ကံမေကာင္းတာက က်ေနာ္တို႔ ေဘာလီးဝုဒ္က အမ်ိဳးသားေတြက ဦးေဆာင္သူ အမ်ိဳးသမီးေတြက ပါရမီျဖည့္ဖက္ ပုံစံတစ္မ်ိဳးတည္း သြားေနတာကိုပါပဲ။

က်ေနာ္က ဒါမ်ိဳး မလုပ္ခ်င္ဘူး။ ဒီပလက္ေဖာင္းေပၚကေန ပုံစံခြက္တစ္ခုထဲက သြားေနတဲ့ ေဘာလီဝုဒ္ကို ဆန႔္က်င္ႏိုင္သေလာက္ ဆန႔္က်င္သြားမွာပါ” လို႔ ဒါ႐ိုက္တာ ကီဝယ္လာကဆိုတယ္။

ေမာင္ယႆ REF: Bollywood life
Photo: T series, skjbollywoodnews

Unicode

မြန်မာ့ရုပ်ရှင်နောက်ကို လိုက်လာတဲ့ ဘောလီးဝုဒ်

ဒီဘက်ခေတ် မြန်မာပြည်က ရုပ်ရှင် မင်းသားတွေထဲမှာ အခြောက်အဖြစ် သရုပ်မဆောင်ဖူးသူ တော်တော်ရှားပါတယ်။ အမျိုးသားဇာတ်ရံ တွေဆို ပိုဆိုးပါတယ်။ အခြောက်ခန်းကနေ သရုပ်မဆောင်းဖူတဲ့ ဇာတ်ရံတွေလည်း ရှားပါတယ်။

မြန်မာပြည်မှာက ဟာသကားတွေကို အဓိကရိုက်ကြတော့ ဇာတ်လမ်းသဘောအရ အခြောက်ခန်းပါမှ ပိုရီရတယ်ထင်ပြီး အခြောက် ကာရိုက်တာကို ထည့်ပြီး ရိုက်ကြတာပါ။

မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ကျီးယောင်ဆောင်သောဒေါင်း ရုပ်ရှင်မှာ အမျိုးသမီးအဖြစ် ဝတ်စားထားတဲ့ မင်းသားကြီးရဲ့ ကာရိုက်တာကို အဲ့ဒိခေတ်က အထူးနှစ်ခြိုက် အားပေးခဲ့ကြပြီး နောက်မှာ မြန်မာ့ဗီဒီယိုခေတ် နှောင်းပိုင်းမှာ ဟာသကားတွေနဲ့ အတူ အခြောက် ကာရိုက်တာက ရုပ်ရှင်လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ရတယ်။

အခုလည်း ဘောလီးဝုဒ်မှာ အခြောက်ကို မင်းသားအဖြစ် တင်ရိုက်တဲ့ ကားတစ်ကား ထွက်နေပါတယ်။ Shubh Mangal Zyada Saavdhan ဆိုတဲ့ ရုပ်ရှင်ကားပါ။ အဲ့ဒိကားကို ဖေဖော်ဝါရီ ၁၃ရက်နေ့က အင်ဒိုနီးရှားမှာ စတင်ပြီး ရုံတင်ခဲ့ပါတယ်။

အဲ့ဒိကားက အိန္ဒိယ ရုပ်ရှင်သမိုင်းမှာ ပထမဦးဆုံး ဂေး (အခြောက်) ကို မင်းသားအဖြစ် တင်ရိုက်တဲ့ ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ ကီဝယ်လာကတော့ သူ့ရဲ့ရုပ်ရှင်က ယောက်ျားချင်း ချစ်ကြိုက်တာနဲ့ ပတ်သက်ပြီး တောင်းပန်တာတွေ နောင်တရတာတွေနဲ့ အဆုံးသတ်တဲ့ ကားမျိုး မဟုတ်ပါဘူး။

ဂေးတွေရဲ့ အတူနေထိုင်မှုက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကို ပြသလိုကား ဖြစ်တယ်လို့ ပြောလာပါတယ်။ လက်ထပ် ထိမ်းမြားခြင်းနဲ့ အလွန်အကျွံ ဂရုစိုက်ခြင်း လို့ အဓိပ္ပါယ်ရတဲ့ အဲ့ဒိရုပ်ရှင်ကားမှာ ဘောလီးဝုဒ်စတားတစ်ဦးဖြစ်တဲ့ အယုရှ်မန် ခါရာနာ နဲ့ ဂျီတန်ဒရာကူမားတို့က အဓိက သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင် ဇာတ်လမ်းကတော့ မြန်မာပြည်က ဇာတ်လမ်းတွေလိုပါပဲ ဂေး တစ်ယောက်အဖြစ်နဲ့ နေဖို့ ရှေးရိုးစွဲ မိဘတွေနဲ့ ပြဿနာ တက်တဲ့အကြောင်းကို ရိုက်ထားတာပါ။ မိဘထက် သူငယ်လေးကို ပိုချစ်သွားတဲ့ လူငယ်တစ်ဦးရဲ့ ဇာတ်လမ်းပါ။

အိန္ဒိယမှာက ၂၀၁၈ တုန်းက ဗြိတိသျှလက်ထက်ကတည်းက ကျင့်သုံးလာတဲ့ လိင်တူပေါင်းသင်း ဆက်ဆံခြင်းမပြုရ ဆိုတဲ့ဥပဒေကို တရားသူကြီး ၆ဦး လက်မှတ်ရေးထိုး ပယ်ဖျက်ခဲ့ကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေက အိန္ဒိယကို ဝိုင်းဝန်းချီးကျူး ထောမနာ ပြုခဲ့ကြပါတယ်။

“အမျိုးသားချင်း ချစ်ကြိုက်တာကို ပြဿနာလုပ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရည်ညွှန်းလိုက်တာပါ။ ဒါက ရောဂါတစ်ခု မဟုတ်ပါဘူးဗျာ။ ကံမကောင်းတာက ကျနော်တို့ ဘောလီးဝုဒ်က အမျိုးသားတွေက ဦးဆောင်သူ အမျိုးသမီးတွေက ပါရမီဖြည့်ဖက် ပုံစံတစ်မျိုးတည်း သွားနေတာကိုပါပဲ။

ကျနော်က ဒါမျိုး မလုပ်ချင်ဘူး။ ဒီပလက်ဖောင်းပေါ်ကနေ ပုံစံခွက်တစ်ခုထဲက သွားနေတဲ့ ဘောလီဝုဒ်ကို ဆန့်ကျင်နိုင်သလောက် ဆန့်ကျင်သွားမှာပါ” လို့ ဒါရိုက်တာ ကီဝယ်လာကဆိုတယ်။

မောင်ယဿ REF: Bollywood life
Photo: T series, skjbollywoodnews

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …