ျမန္မာကိစၥ လုံၿခဳံေရးေကာင္စီမွာ တံခါးပိတ္ေဆြးေႏြး

ျမန္မာကိစၥ လုံၿခဳံေရးေကာင္စီမွာ တံခါးပိတ္ေဆြးေႏြး
International-news

ျမန္မာကိစၥ လုံၿခဳံေရးေကာင္စီမွာ တံခါးပိတ္ေဆြးေႏြး

ၿပီးခဲ့တဲ့ အဂၤါေန႔က ကုလသမဂၢ လုံၿခဳံေရး ေကာင္စီရဲ႕ တံခါးပိတ္ ေဆြးေႏြးပြဲမွာ အီးယူႏိုင္ငံေတြက ႐ိုဟင္ဂ်ာ မူဆလင္ေတြအေပၚကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ ျမန္မာႏိုင္ငံကို တရားမွ်တမႈရွိေအာင္ လုပ္ေဆာင္ ေပးဖို႔အတြက္ ေတာင္းဆိုလိုက္ပါတယ္။ ျပင္သစ္ အက္စတိုးနီးယား ဂ်ာမဏီ နဲ႔ ဘယ္လ္ဂ်ီယံ တို႔က ICJ ကေန ထုတ္ျပန္ထားတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈကို ကာကြယ္ တဲ့အခ်က္ေတြကို ျမန္မာေတြ လိုက္နာဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ။

ေနာက္ၿပီးေတာ့ အခုက်င္းပတဲ့ အစည္းအေဝးကေန ႏိုင္ငံစုံ ပါဝင္တဲ့ ပူးေပါင္း ေၾကညာခ်က္ တစ္ခုကို ထုတ္ျပန္ေပးဖို႔ အတြက္လည္း ေတာင္းဆိုပါေသးတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အီးယူကေန ခြဲထြက္သြားတဲ့ ၿဗိတိန္မပါဝင္ဘဲ ပထမဆုံး အီးယူႏိုင္ငံေတြ ပူးေပါင္း ေၾကညာခ်က္ ထုတ္ျပန္ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒါေပမဲ့ ျမန္မာ့ ကိစၥအတြက္ လုံၿခဳံေရး ေကာင္စီ အစည္းအေဝး ေခၚယူဖို႔ ေတာင္းဆိုတဲ့ အထဲမွာ ၿဗိတိန္လည္း ျပင္သစ္ ၊ ဂ်ာမဏီတို႔ နဲ႔ ပါဝင္ပါတယ္။ ။

သံတမန္ အသိုင္းအဝိုင္းက ထြက္လာတဲ့ သတင္းအရ လုံၿခဳံေရး ေကာင္စီ ပူးေပါင္း ေၾကညာခ်က္ ထုတ္ဖို႔ကို တ႐ုတ္ဖက္က ျငင္းဆန္ခဲ့တယ္ လို႔ သိရတယ္။ ပူးေပါင္း ေၾကညာခ်က္မွာ “ျမန္မာႏိုင္ငံအေနနဲ႔ ပဋိပကၡ အရင္းအျမစ္ကို ထုတ္ေဖာ္ ေျပာျပရမယ္။ တရားမွ်တမႈ ရွိေအာင္ လုပ္ ေပး ရ မယ္။ လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈကို တာဝန္ယူေပးရမယ္။ ႐ိုဟင္ဂ်ာေတြကို အသက္ေမြးဝမ္းေၾကာင္း ႏိုင္ခြင့္ ၊ လုံၿခဳံမႈ ၊ ဂုဏ္ သိကၡာရွိစြာနဲ႔ ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္ ဝင္လာေရာက္ႏိုင္မႈ တို႔ကို လြယ္ကူ သက္သာေအာင္ စီမံေပးရမယ္” တို႔ ပါဝင္ပါတယ္။ ။

၂၀၁၇ က ဘဂၤလားေဒ့ရွ္ ဖက္ကို ထြက္ေျပး တိမ္းေရွာင္သြားတဲ့ ႐ိုဟင္ဂ်ာ ၇ သိန္း နဲ႔ ၄ ေသာင္းကို ျပန္လည္ အေျခခ် ေပးႏိုင္ေရးအား ျမန္မာႏိုင္ငံအေပၚ ဖိအားေပးဖို႔အတြက္ လုံၿခဳံေရး ေကာင္စီက အစည္းအေဝး လုပ္ခဲ့တာပါ။ ။

ေမာင္ယႆ REF;FRANCE 24.COM PHOTO : Afp

Unicode

မြန်မာကိစ္စ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တံခါးပိတ် ဆွေးနွေးပွဲမှာ အီးယူနိုင်ငံတွေက ရိုဟင်ဂျာ မူဆလင်တွေအပေါ်ကို လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာနိုင်ငံကို တရားမျှတမှုရှိအောင် လုပ်ဆောင် ပေးဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ ပြင်သစ် အက်စတိုးနီးယား ဂျာမဏီ နဲ့ ဘယ်လ်ဂျီယံ တို့က ICJ ကနေ ထုတ်ပြန်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို ကာကွယ် တဲ့အချက်တွေကို မြန်မာတွေ လိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်။ ။

နောက်ပြီးတော့ အခုကျင်းပတဲ့ အစည်းအဝေးကနေ နိုင်ငံစုံ ပါဝင်တဲ့ ပူးပေါင်း ကြေညာချက် တစ်ခုကို ထုတ်ပြန်ပေးဖို့ အတွက်လည်း တောင်းဆိုပါသေးတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အီးယူကနေ ခွဲထွက်သွားတဲ့ ဗြိတိန်မပါဝင်ဘဲ ပထမဆုံး အီးယူနိုင်ငံတွေ ပူးပေါင်း ကြေညာချက် ထုတ်ပြန်ဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့ မြန်မာ့ ကိစ္စအတွက် လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုတဲ့ အထဲမှာ ဗြိတိန်လည်း ပြင်သစ် ၊ ဂျာမဏီတို့ နဲ့ ပါဝင်ပါတယ်။ ။

သံတမန် အသိုင်းအဝိုင်းက ထွက်လာတဲ့ သတင်းအရ လုံခြုံရေး ကောင်စီ ပူးပေါင်း ကြေညာချက် ထုတ်ဖို့ကို တရုတ်ဖက်က ငြင်းဆန်ခဲ့တယ် လို့ သိရတယ်။ ပူးပေါင်း ကြေညာချက်မှာ “မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခ အရင်းအမြစ်ကို ထုတ်ဖော် ပြောပြရမယ်။ တရားမျှတမှု ရှိအောင် လုပ် ပေး ရ မယ်။ လူ့ အခွင့်အရေး ချိုးဖောက်မှုကို တာဝန်ယူပေးရမယ်။ ရိုဟင်ဂျာတွေကို အသက်မွေးဝမ်းကြောင်း နိုင်ခွင့် ၊ လုံခြုံမှု ၊ ဂုဏ် သိက္ခာရှိစွာနဲ့ မြန်မာနိုင်ငံအတွင်းသို့ ပြန် ဝင်လာရောက်နိုင်မှု တို့ကို လွယ်ကူ သက်သာအောင် စီမံပေးရမယ်” တို့ ပါဝင်ပါတယ်။ ။

၂၀၁၇ က ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ ၇ သိန်း နဲ့ ၄ သောင်းကို ပြန်လည် အခြေချ ပေးနိုင်ရေးအား မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့အတွက် လုံခြုံရေး ကောင်စီက အစည်းအဝေး လုပ်ခဲ့တာပါ။ ။

မောင်ယဿ REF;FRANCE 24.COM PHOTO : Afp

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …