International-news
မောင်ယဿ
Unicode
ဖြစ်မှဖြစ်ရလေကွယ်၊ ဆန်းတဲ့ဖြစ်အင်
ပြီးခဲ့တဲ့ သီတင်းပတ်က နယူးဂျာဆီ က အသက်၂၁ နှစ် အရွယ် ကောင်လေး တစ်ယောက်ရဲ့ အဖြစ် ကတော့ ဆန်းကျယ်တယ် လို့ပဲ ပြောရမလို ဖြစ်နေပြီ ။ ဘယ်သူ့ကို အပြစ်တင်ရမလဲလို့ ပြောရ အခက်သားပါ ။ ကိုယ့်ကားနဲ့ကိုယ် ပြန်တိုက် မိပြီး ဆေးရုံမှာ ဆုံးသွားရ ရှာတယ် ။
မိုက်ကယ်ကိုဆန်နိုဘစ်ချ် ( ၂၁ နှစ် ) က နယူးယောက်ခ် ကွင်း စတိုးဆိုင် ထဲကနေ ဈေးဝယ်ပြီးထွက်လာ တယ် ။ ကားပါကင် ကွင်းထဲမှာ သူ့ကား ၂၀၀၂ လီဇပ်အိုင်အက်စ် ၃၀၀ ကို ရီမုနဲ့ အပြင်ကနေ လှမ်းပြီး စက်နှိုးတယ် ။ သူနှိုးတဲ့ သူ့ရှေ့က ကားက စက်မနိုးဘဲ ၊ သူ့အနောက်တည့်တည့်က စက်နိုး လာပြီး သူ့ကို ဝင်တိုက်တော့ တာပါပဲ ။ သူက ကား ၂ စီး ကြားထဲမှာ ညပ်ပြီး အတိုက်ခံ လိုက်ရတယ် ။
သူ့ကို ဝင်တိုက်တဲ့ ကားကလည်း အဲ့ဒိ ကား အမျိုးအစား ဖြစ်နေတယ် ။ သူ့ အော်သံ ကြားလို့ အနီးအနားက လူတွေက အကူအညီပေးဖို့ ဝိုင်းလာ ကြတယ် ။ ကားကို နောက်တွန်းပြီး သူ့ကိုဆွဲထုတ်ဖို့ ကြိုးစားချိန် မှာ ကားက စက်မသေသေးတဲ့ အပြင် နောက်တစ်ကြိမ် ဝင်တိုက် ပြန်တယ် ။ အကူအညီပေးတဲ့ သူတွေ ခုန်ရှောင်လို့ လွတ်သွားပေမဲ့ ကောင်လေး ကတော့ နောက် တစ်ကြိမ် အတိုက်ခံ ရပြီးနောက်မှာ အသံပါ မထွက်နိုင် တော့ဘူး ဖြစ်သွားတယ် ။
ဘေးလူတစ်ယောက်က သူ့လက်ထ ဲကနေ လွတ်ကျ သွားတဲ့ ရီမုကို ကောက်ပြီး ပိတ်ကာ ကားကို ဝိုင်းတွန်းထုတ် ကောင်လေးကို ဆေးရုံ အမြန် ဝိုင်းပို့ကြ ပေမယ့် ဆေးရုံ ရောက်ပြီး နာရီအနည်းငယ် အကြာမှာ ကောင်လေး ဆုံးသွား ပါတယ် ။ ဖြစ်မှ ဖြစ်တတ် ပါပေတယ် ။
ရဲတွေကတော့ သေမူ သေခင်းဖွင့်ပြီး အနီးအနားမှာ အခြား မသင်္ကာစရာ တွေ ရှိများရှိနိုင်သလား ဆိုပြီး စုံစမ်းမှုတွေ လုပ်ပေမဲ့ ဘာမှ မထူးခြားခဲ့ ပါဘူး ။ နောက်ဆုံး ကောက်ချက် အရ ကောင်လေးက ရီမုကို နောက်ပြန် ဖွင့်မိလို့ နောက်ကားက ဝင်တိုက်တာလို့ပဲ သုံးသပ်ကြပါတယ် ။
မောင်ယဿ
No Comments
Leave a Reply
Your email address will not be published.
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …