International-news
Unicode
ပြဿနာတက်နေတဲ့ နယ်စပ်မှာ တရုတ်စစ်တပ်တွေကို သိုင်း သမားတွေနဲ့ အားဖြည့်
ဒီလထဲမှာ ဖြစ်သွားတဲ့ အိန္ဒိယ -တရုတ် တိုက်ပွဲမှာ အထိနာသွားလို့ နယ်စပ်က စစ်တပ်တွေကို တရုတ်ဖက်က တောင်တက် ကျွမ်းကျင်သူတွေနဲ့ သိုင်းသမားတွေ ပါဝင်တဲ့ စစ်တပ် တွေကို နယ်စပ်မှာ အားဖြည့်ထားတယ်လို့ တရုတ်ပြည်တွင်း သတင်းစာတစ်စောင်အရ သိရပါတယ် ။
လာဒက်က ဂါဝမ်တောင်ကြားမှာဖြစ်သွားတဲ့ အိန္ဒိယ-တရုတ် တိုက်ပွဲ သေနတ်တွေ မသုံးဘဲ စူးတပ်ဒတ်တွေ ကျောက်တုံးတွေ လို ရရာလက်နက် နဲ့ တိုက်ခိုက်ကြတဲ့ နေရာမှာ တောင်ပေါ်တိုက်ပွဲတွေကို ကျွမ်းကျင်တဲ့ အိန္ဒိယ စစ်သား ၂၀ က တရုတ်စစ်သား၅၀လောက်ကို တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ပါတယ် ။
တရုတ်စစ်တပ် က အိန္ဒိယ စစ်သားတွေကို ခြုံခို အလစ်အငိုက် တိုက်တာတောင်၂ဆကျေ ာ်ကျဆုံးသွားတယ်လို့ အိန္ဒိယစစ်တပ် ဖက်က ကြေငြာပေမဲ့ တရုတ်စစ်တပ်ဖက်ကတော့ ကြေငြာ ခြင်းမရှိပါဘူးပါဘူး ။ လက်ရှိ ေတောင်တက်သမား တွေ သိုင်းသမားတွေကို နယ်စပ်စစ်တပ် ကိုဖြည့်တင်းခြင်းအားဖြင့် အဲ့ဒိ တိုက်ပွဲမှာ အိန္ဒိယဖက်က မှန်းသလို ၅၀နီးပါး မဟုတ်ဘဲ အဲ့ဒိထက်ပိုနိုင်ပါတယ် ။
နှစ် ၅၀ အတွင်း အပြင်းဆုံးနဲ့ အသေအပျောက်အများဆုံး တိုက်ပွဲဖြစ်ခဲ့တာပါ ။ တရုတ်အမျိုးသား ကာကွယ်ရေး သတင်းစာကနေ ဖော်ပြတဲ့ သတင်းထဲမှာ ဧရဝက်တောင် တက်ခဲ့တဲ့ အိုလံပစ်အသင်းသားဟောင်းတွေ နဲ့ သိုင်းပေါင်းစုံ တတ်တဲ့ သိုင်းသမားတွေ ပါဝင်တဲ့ လက်နက်ကိုင် စစ်တပ်အသစ်တစ်ခုကို လာဆာမြို့မှာဇွန်လ ၁၅ရက်နေ့ဖွဲ့ စည်းပြီး နယ်စပ်စစ်စခန်းတွေဆီကို ပို့လွှတ်တာပါ ။
တီဗက်မြို့တော် လာဆာမှာ ရာပေါင်းများစွာသော တိုက်ခိုက်ရေးသမားတွေ စစ်ရေးလေ့ကျင့်နေတာကို တရုတ် ရုပ်သံ စီစီတီဗီ မှာ ထုတ်လွှင့်ခဲ့ပါတယ် ။ တီဗက် စစ်ဦးစီးချုပ်ကတော့ တရုတ်ဖက်က သိုင်းကလပ်တွေက စစ်သားသစ်တွေကို စုဆောင်း ပြီး စစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတာပါ ။ အကြောင်းကတော့ နယ်စပ် စစ်တပ်တွေ အင်အားတောင့်တင်းဖို့ရယ် အလျှင်အမြန်ရွှေ့ လျှားနိုင်စွမ်းရှိအောင် လုပ်နေတာပါလို့ ဆိုတယ် ။ ဒါ့အပြင် တရုတ်တပ် တွေမှာ အလျှင်အမြန် တုံ့ပြန်နိုင်စွမ်းရှိအောင်ရယ် ထောက်ပံ့ရေးလမ်းကြောင်း ကောင်းအောင်လို့ လုပ်တာပါလို့လည်းဆိုတယ် ။
တရုတ်အမျိုးသားကာကွယ်ရေး သတင်းစာကတော့ လက်ရှိ လေ့ကျင့်နေတဲ့ သိုင်းသမားတွေနဲ့ တောင်တက် သမားတွေက နယ်စပ် စစ်စခန်းတွေဆီကို ပို့မယ် မပို့မယ်ကတော့ အတိအကျ သတင်းမထွက် သေးပါဘူး လို့ ဆိုပေမဲ့ နယ်စပ်နဲ့ အနီးစပ်ဆုံးနေရာမှာ လာပြီး စစ်ပြင်နေတာကတော့ နယ်စပ်အတွက် ဖြစ်ဖို့များတယ်လို့ ခန့်မှန်းရပါတယ် ။ အိန္ဒိယဖက် ကလည်း ဟိမဝန္တာတောင်တန်းပေါ်မှာ စစ်တပ်တွေ ထပ်ပို့ပြီး အင်အားဖြည့်တင်း ထားပါတယ် ။
မောင်ယဿ REF: Bangkok post photo;decannhareld
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …