ဦးေခါင္း ျပႆနာ
- By : Phoe Linn
- Category : beauty-tip, Health

ဦးေခါင္း ျပႆနာ
ေဆာင္းတြင္း အခါသမယမွာ အသားအရည္မ်ား ေျခာက္ေသြ႕ျခင္း ယားယံျခင္း သာမက ဦးေခါင္းထက္က ဦးေရျပားမ်ားပါ ယားယံ လာၿပီး ေဘာက္ထျခင္း ဆံပင္သား ပ်က္ဆီးျခင္းတို႔ ျဖစ္ေပၚ တတ္ပါတယ္ ။
ဒါဆိုရင္ ဦးေရျပား ယားယံျခင္း အတြက္ အလြယ္ဆုံး ကုသနည္းေလးေတြ သိထားသင့္တယ္ မဟုတ္လား ။
ဦးေခါင္းထက္က ဦးေရျပားေတြ ယားယံၿပီး နီရဲလို႔ အနာ လိုလို ေဘာက္လိုလို လာခဲ့ရင္ အလြယ္ကူဆုံးနဲ႔ ပထမဆုံး ေျပာခ်င္တာက
သံလြင္ဆီ
သံလြင္ဆီကို ဦးေရျပား ထိေအာင္ သုတ္လိမ္းၿပီး ဆံသားမ်ား ေပၚမွာပါ သုတ္လိမ္း ေပးပါ ။
ဆံပင္ ကြၽတ္ျခင္း ၾကမ္းျခင္း ဆံသား ပ်က္စီးျခင္း တို႔ကို ကာကြယ္ ေပးႏိုင္ ပါတယ္ ။ ဦးေရျပားယားယံျခင္း အတြက္ကို ဦးေရျပား ထိေအာင္ သုတ္လိမ္း ႏွိပ္နယ္ ေပးပါ အနည္းဆုံး ဆယ္မိနစ္ခန႔္ထားၿပီး ေခါင္းေလွ်ာ္ ခ်လိုက္ပါ ။
ေနာက္တစ္ခုက ရွာလကာရည္ ျဖစ္ပါတယ္ ရွာလကာရည္ဟာ ဘက္တီးရီးယား ပိုးေတြကို ဟန႔္တားႏိုင္တဲ့ အတြက္ ဦးရည္ျပား ယားယံျခင္းကို သက္သာ ေစႏိုင္ပါတယ္ ။ ရွာလကာရည္ တစ္စ ေရႏွစ္ဆေရာၿပီး ဦးေရျပားေပၚ သုတ္လိမ္းပါ ။ အႀကိမ္းမ်ားစြာ သုတ္လိမ္းၿပီးမွ သုံးေနၾက ရွန္ပူနဲ႔ ေခါင္းကိုေလွ်ာ္ေပးပါ ။ သိသိသာသာ သက္သာ ေပ်ာကိကင္းမွာ ျဖစ္ပါတယ္ ။
ေနာကိတစ္ခုက ပင္လယ္ဆား ျဖစ္ပါတယ္ ။
အေရျပား အထူးေလ့လာသူမ်ား ေျပာျပခ်က္ အရ ပင္လယ္ဆားမွာ ပါဝင္တဲ့ မဂၢနီဆီယမ္ ဟာ ဆိုရီးေရးစစ္လို အေရျပား ေယာင္ယမ္းမႈကို သက္သာ ေစတယ္လို႔ ဆိုပါတယ္ ။
ပင္လယ္ဆားကို သံလြင္ဆီ သို႔မဟုတ္ အုန္းဆီနဲ႔ ေရာၿပီး တစ္ပတ္ တစ္ႀကိမ္ ဦးေရျပားေပၚ သုတ္လိမ္း ေပးျခင္း အားျဖင့္ ယားယံျခင္းကို သက္သာေစ ပါတယိ ။
ေနာက္တစ္ခုက လက္ဘက္ဆီပဲ ျဖစ္ပါတယ္ ။
လက္ဘက္ဆီမွာ ဘက္တီးရီးယားနဲ႔ ဖန္းဂတ္စ္ပိုး တို႔ကို ေသေစတဲ့ အာနိသင္ ရွိတာေၾကာင့္ ဦးေရျပားကို ပိုးကင္းစင္ ေစပါတယ္ ။
ေဘာက္ထျခင္း ၊ ယားယံျခင္းကို ကင္းေဝး ေစပါတယ္ ။
သံလြင္ဆီ ဆယ္ဆ ၊ လက္ဘက္ဆီ တစ္ဆ ေရာၿပီး ဦးေရျပားရဲ႕ ယားယံတဲ့ ေနရာေတြမွာ သုတ္လိမ္းေပးၿပီး ငါးမိနစ္ၾကာတဲ့အခါ ေခါင္းေလ်ာ္ လိုက္ပါ ။
ဦးေခါင္းယားယံ ဆံသားေျခာက္ေသြ႕မႈမ်ား ကင္းေဝးလို႔ စိုေျပ လက္ေျပာင္တဲ့ ဆံေကသာကို ရရွိမွာမို႔ ေဖာ္ျပပါ ထဲက တစ္နည္းနည္းကိုသာ စမ္းသပ္ ၾကည့္လိုက္ပါ ။
စိတ္ခ်မ္းသာမႈကို ရလာမွာ မလြဲပါ….. ။
စႏၵီျမင့္မိုရ္#
Unicode
ဦးခေါင်း ပြဿနာ
ဆောင်းတွင်း အခါသမယမှာ အသားအရည်များ ခြောက်သွေ့ခြင်း ယားယံခြင်း သာမက ဦးခေါင်းထက်က ဦးရေပြားများပါ ယားယံ လာပြီး ဘောက်ထခြင်း ဆံပင်သား ပျက်ဆီးခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ် ။
ဒါဆိုရင် ဦးရေပြား ယားယံခြင်း အတွက် အလွယ်ဆုံး ကုသနည်းလေးတွေ သိထားသင့်တယ် မဟုတ်လား ။
ဦးခေါင်းထက်က ဦးရေပြားတွေ ယားယံပြီး နီရဲလို့ အနာ လိုလို ဘောက်လိုလို လာခဲ့ရင် အလွယ်ကူဆုံးနဲ့ ပထမဆုံး ပြောချင်တာက
သံလွင်ဆီ
သံလွင်ဆီကို ဦးရေပြား ထိအောင် သုတ်လိမ်းပြီး ဆံသားများ ပေါ်မှာပါ သုတ်လိမ်း ပေးပါ ။
ဆံပင် ကျွတ်ခြင်း ကြမ်းခြင်း ဆံသား ပျက်စီးခြင်း တို့ကို ကာကွယ် ပေးနိုင် ပါတယ် ။ ဦးရေပြားယားယံခြင်း အတွက်ကို ဦးရေပြား ထိအောင် သုတ်လိမ်း နှိပ်နယ် ပေးပါ အနည်းဆုံး ဆယ်မိနစ်ခန့်ထားပြီး ခေါင်းလျှော် ချလိုက်ပါ ။
နောက်တစ်ခုက ရှာလကာရည် ဖြစ်ပါတယ် ရှာလကာရည်ဟာ ဘက်တီးရီးယား ပိုးတွေကို ဟန့်တားနိုင်တဲ့ အတွက် ဦးရည်ပြား ယားယံခြင်းကို သက်သာ စေနိုင်ပါတယ် ။ ရှာလကာရည် တစ်စ ရေနှစ်ဆရောပြီး ဦးရေပြားပေါ် သုတ်လိမ်းပါ ။ အကြိမ်းများစွာ သုတ်လိမ်းပြီးမှ သုံးနေကြ ရှန်ပူနဲ့ ခေါင်းကိုလျှော်ပေးပါ ။ သိသိသာသာ သက်သာ ပျောကိကင်းမှာ ဖြစ်ပါတယ် ။
နောကိတစ်ခုက ပင်လယ်ဆား ဖြစ်ပါတယ် ။
အရေပြား အထူးလေ့လာသူများ ပြောပြချက် အရ ပင်လယ်ဆားမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ် ဟာ ဆိုရီးရေးစစ်လို အရေပြား ယောင်ယမ်းမှုကို သက်သာ စေတယ်လို့ ဆိုပါတယ် ။
ပင်လယ်ဆားကို သံလွင်ဆီ သို့မဟုတ် အုန်းဆီနဲ့ ရောပြီး တစ်ပတ် တစ်ကြိမ် ဦးရေပြားပေါ် သုတ်လိမ်း ပေးခြင်း အားဖြင့် ယားယံခြင်းကို သက်သာစေ ပါတယိ ။
နောက်တစ်ခုက လက်ဘက်ဆီပဲ ဖြစ်ပါတယ် ။
လက်ဘက်ဆီမှာ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုး တို့ကို သေစေတဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြားကို ပိုးကင်းစင် စေပါတယ် ။
ဘောက်ထခြင်း ၊ ယားယံခြင်းကို ကင်းဝေး စေပါတယ် ။
သံလွင်ဆီ ဆယ်ဆ ၊ လက်ဘက်ဆီ တစ်ဆ ရောပြီး ဦးရေပြားရဲ့ ယားယံတဲ့ နေရာတွေမှာ သုတ်လိမ်းပေးပြီး ငါးမိနစ်ကြာတဲ့အခါ ခေါင်းလျော် လိုက်ပါ ။
ဦးခေါင်းယားယံ ဆံသားခြောက်သွေ့မှုများ ကင်းဝေးလို့ စိုပြေ လက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာမို့ ဖော်ပြပါ ထဲက တစ်နည်းနည်းကိုသာ စမ်းသပ် ကြည့်လိုက်ပါ ။
စိတ်ချမ်းသာမှုကို ရလာမှာ မလွဲပါ….. ။
စန္ဒီမြင့်မိုရ်#
No Comments