
Knowledge



ဗီတာနဲ့ သတ္ထုဓာတ်


အမျှင်ဓာတ်




ရွေးချယ်မှု


သိမ်းဆည်းပုံ


စန္ဒီမြင့်မိုရ်#

Unicode Version

ရွှေဖရုံသီးနဲ့ ကျန်းမာရေး

သင်နေ့စဉ် အစားအစာများထဲမှာ ရှိနေတဲ့ ရွှေဖရုံသီးဟာ ကျန်းမာရေးကို ဘယ်လောက် အထိအကျိုးပေးတယ် ဆိုတာ သင်သိပါရဲ့လား ။ ရွှေဖရုံသီးမှာ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေ အပြင်အမျှင်ဓာတ် ၊ အင်တီအောက်ဆီဒင့်တွေ အပြည့်အဝ ပါဝင် နေပါတယ် ။ ရွှေဖရုံသီးဟာကျန်းမာရေးအတွက် အလွန် သင့်တော်တဲ့ သီးနှံ တစ်မျိုး ဖြစ်ပါတယ် ။ ရွှေဖရုံသီး နဲ့ ကျန်းမာရေး ဆက်စပ်နေပုံကို ဖော်ပြပေးချင် ပါတယ် ။

ဗီတာနဲ့ သတ္ထုဓာတ်

ရွှေဖရုံသီးမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာ ပါဝင် ပါတယ် ။ ရွှေဖရုံသီးအရောင် တောက်ပလေလေ ကျန်းမာရေးကိုလည်း ပိုမို အကျိုးပြုလေလေ ပါပဲ ။ ရွှေဖရုံသီးမှာ ဗီတာမင်အေနဲ့ကယ်ရိုတင်းတွေ အထူးပါဝင်တဲ့ အပြင် ဗီတာမင်ကေ ဗီတာမင်စီ ၊ ဗီတာမင်ကေ နဲ့ ဗီတာမင်အီး တို့ ပါဝင် ပါတယ် ။ ထို့ပြင် မဂ္ဂနီဆီယမ် ၊ ပိုတက်စီယမ် နဲ့ သံဓာတ် လိုသတ္ထုဓာတ် တွေလည်းများစွာ ပါဝင်ပါတယ် ။

အမျှင်ဓာတ်

ရွှေဖရုံသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင် ပါတယ် ။ ရွှေဖရုံသီးချက် အကြမ်းပန်းကန် တစ်ခွက်ရဲ့တစ်ဝက်မှာ ကာဗိုဟိုက်ဒရိတ် ၆ ဒသမ ၅ ဂရမ် အမျှင်ဓာတ် ၃ ဒသမ ၅ ဂရမ် ပါဝင်နေတာကို တွေ့ရှိ ရပါတယ် ။

ကိုယ်တွင်း ရောင်ရမ်းမှု

ရွှေဖရုံသီးမှာ သတ္ထုဓာတ် များစွာ ပါဝင်တာမို့ ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျ စေကာ ဆီးကျိတ် ကင်ဆာရောဂါနဲ့ အရိုးပါးရောဂါ တို့ကို မဖြစ်အောင် ကာကွယ် ပေးပါတယ် ။ ရွှေဖရုံစေ့ အကြမ်းပုဂံလုံးရဲ့ လေးပုံတစ်ပုံဟာ အစွမ်းထက် ကာဗို ဟိုက်ဒရိတ် ငါးဂရမ် နဲ့ အမျှင်ဓာတ် တစ်ဒသမငါးဂရမ် တို့နဲ့ ညီမျှတယ်လို့ ဆိုပါတယ် ။

ရွေးချယ်မှု

ရွှေဖရုံသီးကို ချက်ပြုတ်ဖို့ ရွေးချယ်တဲ့ အခါမှာ လေးလံတဲ့ ရွှေဖရုံသီးကိုသာ ဝယ်ယူပါ ။ ပေါ့ပါးတဲ့ ရွှေဖရုံသီးဟာ အစိုဓာတ်ကင်းပြီး ခြောက်သွေ့နေမှာ ဖြစ်လို့ပါ ။ အရွယ်အစားကြီးတဲ့ ရွှေဖရုံသီးတွေ ကလည်း အလယ်ခေါင် နေရာမှာ အသားလစ်ဟာ နေတတ် ပါတယ် ။

သိမ်းဆည်းပုံ

ရွှေဖရုံသီးကို ဝယ်ယူပြီးမှ မချက်ဖြစ်သေးရင် ခြောက်သွေ့ပြီး အေးမြတဲ့ နေရာမှာ ထားပါ ။ရွှေဖရုံသီးရဲ့ အောက်ဘက်မှာ စက္ကူခင်းပြီးထားပါ ။ အခွံနွှာ တုံးထားပြီးသား ရွှေဖရုံသီးကို နှစ်ရက်အတွင်းမှာ ချက်စားဖြစ်အောင် ချက်စားပါ ။ မဟုတ်ရင် မှိုတက် တတ်ပါတယ် ။ ရွှေဖရုံသီးနဲ့ ပတ်သက်ပြီး ကောင်းကျိုးတွေကို သိပြီမို့ ချက်စားဖို့ကတော့ သင့် တာဝန်ပါပဲ ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …