ေၾကာင္ေတာင္ေတာင္ အနို္င္ဆံုး ေမွာင္ခိုပစၥည္းမ်ား
- By : Kaung Khant
- Category : International-news

ေၾကာင္ေတာင္ေတာင္ အနို္င္ဆံုး ေမွာင္ခိုပစၥည္းမ်ား
အေမရိကန္ နယ္စပ္ကုန္စည္စစ္ေဆးေရးစခန္းေတြမွာ မူးယစ္ေဆး၀ါေတြ မွတ္ပံုတင္အတုေတြ ကုန္ပစၥည္းအတုေတြနဲ႕ တရားမ၀င္ ကုန္ပစၥည္းေတြကို ဖမ္းဆီး အေရယူေနတဲ့ၾကားက ငိုအားထက္ ရီအားသန္ဖို႔ေကာင္းတဲ့ ေၾကာင္ေတာင္ေတာင္ ေမွာင္ခိုပစၥည္းေတြကို ဖမ္းဆီးရမိပါတယ္။ေဖာက္စ္သတင္းဌာနက အဲ့ဒိအေၾကာင္းကို တင္ဆက္သြားပါတယ္။
၁။ခို အရွင္မ်ား ။။အသက္၂၃ႏွစ္အရြယ္ ၾသစေတးလွ် သားတစ္ေယာက္ကို ေလယာဥ္ကြင္းမွာ မသင္ကာလို႕ စစ္ၾကည့္တာ သူ႕ရဲ႕အိတ္ထဲက အစားအစာထည့္တဲ့ဗူးထဲမွာ ခိုဥ၂လံုးေတြ႔ရပါတယ္။ အဲ့ဒါနဲ႕ သူ႕ရဲ႕ အ၀တ္အစားေတြ ခၽြတ္ၾကည့္ေတာ့ ေျခသလံုးမွာ စာအိတ္နဲ႕ထုတ္ထားတဲ့ခိုအရွင္ ၂ေကာင္ကို တိပ္နဲ႕ ပတ္ထားတာကိုေတြ႕လိုက္ရတယ္။ ဒါအျပင္ သူ႕ခါးပတ္မွာ ခုတုခုတုျဖစ္ေနလို႔ ခြဲၾကည့္တာ ခရမ္းမ်ိဳးေစ့ေတြကိုဖမ္းဆီးရမိလိုက္တယ္တဲ့။
၂။ အီဂ်စ္ မမ္မီ အ၀တ္စ။။မစ္ခ်ီဂန္က အရာရွိေတြကေတာ့ ဆိပ္ကမ္းမွာ တင္လာတဲ့ကုန္ေတြကိုစစ္ရင္းက အိတ္တစ္အိတ္မွာ အ၀တ္စေတြထည့္ထားတဲ့ဗူး၅ဗူး ေတြ႔လိုက္ရလို႔ မသင္ကာတာနဲ႔ ပညာရွင္ေတြကို စစ္ေဆးခိုင္းတာ အီဂ်စ္မမ္မီအ၀တ္စ ေတြျဖစ္ေနတယ္။အဲ့ဒါနဲ႕ အေမရိကန္အစိုးရက အီဂ်စ္ကို ျပန္ပို႕လိုက္ရပါတယ္။
၃။ပင့္ကူအရွင္ေတြ။။ဂ်ာမန္တစ္ေယာက္က ပင့္ကူအရွင္ အေကာင္ ၃၀၀ ကို ေဒၚလာ၃သိန္းနဲ႕ ဂ်ာမဏီကေန ေလာ့စ္အိန္ဂ်လိစ္ကို သေဘၤာနဲ႕ တင္ပို႔လိုက္ပါတယ္။ ဆိပ္ကမ္းက လြတ္သြားၿပီး ေစ်းကြက္ထဲေရာက္မွ ဖမ္းမိတာပါ။ ဖမ္းမိေတာ့ ၂၄၇ ေကာင္ပဲရလိုက္ တယ္။ ဒါေတာင္ အထုတ္၅ ထုတ္ထုတ္ၿပီး တစ္ေခါက္ခ်င္း ပို႔တာပါ။
၄။ လူ။။ မကၠဆီကိုကေန အေမရိကန္ကို လူေမွာင္ခိုသြင္းတာပါ။ သူတို႔သြင္းတာက ခရီးသည္တင္ ထိုင္ခံုထဲကို လူသြင္းၿပီး ေမွာင္ခို တာပါ။ ကယ္လီဖိုးနီးယားနယ္စပ္မွာ နယ္စပ္ အရာရွိေတြက ထိုင္ခံု ပံုမွန္ထက္နည္းနည္းပိုေဖာင္းေနလို႔ လယ္သာကို ဓားနဲ႕ခြဲၾကည့္ ေတာ့ လူထိုင္ လိုက္တာကိုေတြ႔ လိုက္ရပါတယ္။
၅။အသားၾကိတ္တံုးေတြ။။ တကၠဆတ္က ဆိပ္ကမ္းမွာ အရာရွိေတြက ေပါင္၁၅၀ရွိတဲ့ အသားၾကိတ္လံုးေတြကို အမ်ားႀကီးဖမ္းမိခဲ့ ပါတယ္။ ၀က္သားႀကိတ္တံုးေတြကို ေရာဂါပါလာမွာဆိုးလို႕ တင္သြင္းခြင့္မျပဳထားပါဘူး။ ကုန္သည္ေတြကေတာ့ အဲ့ဒါက ၾကက္ဆင္ အသားတံုးေတြပါဆိုၿပီး ျငင္းလို႔ ပညာရွင္ေတြ ေခၚၿပီးစစ္မွ မိပါေတာ့တယ္။
၆။ငွက္ေသေျခာက္။။ အေမရိကားမွာ အိမ္ေမြးတိရိစာၦန္ေတြကိုေကၽြးဖို႔အတြက္ အစာအျဖစ္ ငွက္ေသေျခာက္ေလးေတြကို တရုတ္ကေန တင္သြင္းတာကို ေလာ့စ္အိန္ဂ်လိစ္ မွာ ဖမ္းမိပါတယ္။ ပါကင္နဲ႕ေသခ်ာထုတ္ထားေပမဲ့ ကူးစပ္ေရာဂါ အႏၱရာယ္ ျဖစ္ႏိုင္လို႔ လိုက္လံ သိမ္းယူေနရပါတယ္။
၇။ အလွေမြးငါး။။ အေမရိကန္က ေမွာင္ခိုသြင္းလို႕ေကာင္းတဲ့ေနရာလားမသိဘူး ။ အိမ္မွာ အလွေမြးငါးေတြကိုေတာင္ ေမွာင္ခိုသြင္းတယ္။ ေလယာဥ္ကြင္းက ခရီးေဆာင္ အိတ္ေတြကိုစစ္ရင္းက အိတ္တအိတ္မွာ စင္ကာပူက အလွေမြးငါးေတြကို ဖမ္းမိပါတယ္။ အလွေမြးငါးကိုေတာင္ ေမွာင္ခိုတယ္ဆိုေတာ့ ဘယ္ေလာက္ေစ်းရလို႔လဲမသိပါဘူး။
ေမာင္ယႆ REF: fox news photo ;foxnews
Unicode
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ
အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။
၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အဝတ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။
၂။ အီဂျစ် မမ်မီ အဝတ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ တင်လာတဲ့ကုန်တွေကိုစစ်ရင်းက အိတ်တစ်အိတ်မှာ အဝတ်စတွေထည့်ထားတဲ့ဗူး၅ဗူး တွေ့လိုက်ရလို့ မသင်ကာတာနဲ့ ပညာရှင်တွေကို စစ်ဆေးခိုင်းတာ အီဂျစ်မမ်မီအဝတ်စ တွေဖြစ်နေတယ်။အဲ့ဒါနဲ့ အမေရိကန်အစိုးရက အီဂျစ်ကို ပြန်ပို့လိုက်ရပါတယ်။
၃။ပင့်ကူအရှင်တွေ။။ဂျာမန်တစ်ယောက်က ပင့်ကူအရှင် အကောင် ၃၀၀ ကို ဒေါ်လာ၃သိန်းနဲ့ ဂျာမဏီကနေ လော့စ်အိန်ဂျလိစ်ကို သင်္ဘောနဲ့ တင်ပို့လိုက်ပါတယ်။ ဆိပ်ကမ်းက လွတ်သွားပြီး ဈေးကွက်ထဲရောက်မှ ဖမ်းမိတာပါ။ ဖမ်းမိတော့ ၂၄၇ ကောင်ပဲရလိုက် တယ်။ ဒါတောင် အထုတ်၅ ထုတ်ထုတ်ပြီး တစ်ခေါက်ချင်း ပို့တာပါ။
၄။ လူ။။ မက္ကဆီကိုကနေ အမေရိကန်ကို လူမှောင်ခိုသွင်းတာပါ။ သူတို့သွင်းတာက ခရီးသည်တင် ထိုင်ခုံထဲကို လူသွင်းပြီး မှောင်ခို တာပါ။ ကယ်လီဖိုးနီးယားနယ်စပ်မှာ နယ်စပ် အရာရှိတွေက ထိုင်ခုံ ပုံမှန်ထက်နည်းနည်းပိုဖောင်းနေလို့ လယ်သာကို ဓားနဲ့ခွဲကြည့် တော့ လူထိုင် လိုက်တာကိုတွေ့ လိုက်ရပါတယ်။
၅။အသားကြိတ်တုံးတွေ။။ တက္ကဆတ်က ဆိပ်ကမ်းမှာ အရာရှိတွေက ပေါင်၁၅၀ရှိတဲ့ အသားကြိတ်လုံးတွေကို အများကြီးဖမ်းမိခဲ့ ပါတယ်။ ဝက်သားကြိတ်တုံးတွေကို ရောဂါပါလာမှာဆိုးလို့ တင်သွင်းခွင့်မပြုထားပါဘူး။ ကုန်သည်တွေကတော့ အဲ့ဒါက ကြက်ဆင် အသားတုံးတွေပါဆိုပြီး ငြင်းလို့ ပညာရှင်တွေ ခေါ်ပြီးစစ်မှ မိပါတော့တယ်။
၆။ငှက်သေခြောက်။။ အမေရိကားမှာ အိမ်မွေးတိရိစ္ဆာန်တွေကိုကျွေးဖို့အတွက် အစာအဖြစ် ငှက်သေခြောက်လေးတွေကို တရုတ်ကနေ တင်သွင်းတာကို လော့စ်အိန်ဂျလိစ် မှာ ဖမ်းမိပါတယ်။ ပါကင်နဲ့သေချာထုတ်ထားပေမဲ့ ကူးစပ်ရောဂါ အန္တရာယ် ဖြစ်နိုင်လို့ လိုက်လံ သိမ်းယူနေရပါတယ်။
၇။ အလှမွေးငါး။။ အမေရိကန်က မှောင်ခိုသွင်းလို့ကောင်းတဲ့နေရာလားမသိဘူး ။ အိမ်မှာ အလှမွေးငါးတွေကိုတောင် မှောင်ခိုသွင်းတယ်။ လေယာဉ်ကွင်းက ခရီးဆောင် အိတ်တွေကိုစစ်ရင်းက အိတ်တအိတ်မှာ စင်ကာပူက အလှမွေးငါးတွေကို ဖမ်းမိပါတယ်။ အလှမွေးငါးကိုတောင် မှောင်ခိုတယ်ဆိုတော့ ဘယ်လောက်ဈေးရလို့လဲမသိပါဘူး။
မောင်ယဿ REF: fox news photo ;foxnews
No Comments