ေျမာက္ပင့္ေပးတာသိေပမဲ့ ႀကိဳက္တယ္တဲ့ လက္ပြားမင္းသားဆို

ေျမာက္ပင့္ေပးတာသိေပမဲ့ ႀကိဳက္တယ္တဲ့ လက္ပြားမင္းသားဆို
Cele News

ေျမာက္ပင့္ေပးတာသိေပမဲ့ ႀကိဳက္တယ္တဲ့ လက္ပြားမင္းသားဆို

လူဆိုတာကို ကိုယ့္ကို ေျမာက္ပင့္ေပးတယ္ဆိုရင္ ႀကိဳက္ၾကတာခ်ည္းပါပဲ ။ ဒါေပမဲ့ အေျမႇာက္ခံရတဲ့ လူေတြထဲမွာ လူ၃မ်ိဳး ၃စားေလာက္ ကြဲသြားတယ္ ။

အခ်ိဳ႕ က မဟုတ္မမွန္တာခ်ည္းကို ဘလိုင္းခ်ည္း ေျမႇာက္ေနတာကို သာယာၿပီး လြတ္သြားတတ္တဲ့ လူတန္းစားရယ္ ၊ ေနာက္လူတန္းစားတစ္ခုက ေျမႇာက္ပင့္ေပးတာကို သိလို႔ ေျမႇာက္ရမလားဆိုၿပီး စိတ္ဆိုးတတ္တဲ့ မႏူးမနပ္ လူတန္းစားရယ္ ၊ အခ်ိဳ႕ကေတာ့ ေျမႇာက္ပင့္ေပးတဲ့လူကို စိတ္ခ်မ္းသာေအာင္ လိမ္လိမ္မာမာ ကိုင္တြယ္တတ္တဲ့ လူတန္းစားရယ္ ဆိုၿပီး ရွိပါတယ္ ။

အဲ့ဒီ လူတန္းစားေတြက ကိုယ့္ကို အလြတ္ႀကီး လာေျမႇာက္ၿပီဆိုရင္ ေျမႇာက္တဲ့လူကို သာသာေလးနဲ႔ ေျပာလိုက္တာက မင္းငါ့ကို လာေျမႇာက္ေနတာ ငါသိတယ္ကြ ၊ ဒါေပမဲ့ ငါႀကိဳက္တယ္လို႔ ေျပာလိုက္တယ္ ။ အဲ့လို ေျပာတတ္တဲ့ လူတန္းစားေတြထဲမွာ ျမန္မာျပည္မွာ လက္ပြားမင္းသားလို႔ လူသိမ်ားတဲ့ ဟရိသက္႐ိုရွန္တစ္ေယာက္လည္း ပါပါတယ္ ။

၂၀၁၈မွာ ႐ုပ္ရွင္႐ိုက္နည္းခဲ့တဲ့ လက္ပြားမင္းသားက ၂၀၂၀ ထဲမွာ ျပန္ၿပီး စန္းတက္ လာခဲ့ပါတယ္ ။ အခုလက္ရွိ အိႏၵိယမွာ နာမည္ႀကီးတဲ့ ဒက္ဘို ရက္နာနီ ျပကၡဒိန္မွာ သူရဲ႕ ပုံပါလာပါတယ္ ။ ပုံထဲမွာ ဖိုတိုေရွာ့သမားက ဗိုက္ႂကြက္သား ၆လုံးနဲ႔ ျပင္းရွရွ ေယာက်္ား တစ္ေယာက္ပုံ ရေအာင္ ျပင္ယူထားပါတယ္ ။

ေၾကးနီေရာင္ထေနတဲ့ အသားအေရမွာ ႂကြက္သားေတြ အဖုဖု အထစ္ထစ္နဲ႔ တကယ့္ သူရဲေကာင္း တစ္ေယာက္ပုံစံ ၊ မိုက္ကန္းကန္း ဂ်စ္တစ္တစ္ပုံစံျဖစ္ေအာင္ သူ႔ရဲ႕ ဓာတ္ပုံကို ျပင္ထားေတာ့ အမ်ိဳးသမီးေတြကို ဆြဲေဆာင္မႈ အားေကာင္း ေစပါတယ္ ။ အရမ္းေခ်ာလြန္း လွလြန္းေအာင္ လုပ္ထားေတာ့ မင္းသားက အဲ့ဒီပုံကို သူ႔ရဲ႕ အင္စတာဂရမ္မွာ တင္ၿပီး က်ေနာ္ ဒီေလာက္ေခ်ာမွန္း မသိဘူးဗ်ာ ။ ေျမာက္ပင့္ေပးမွန္း သိပါတယ္ ။

ဒါေပမဲ့ ႀကိဳက္တယ္ဗ် ဆိုၿပီး အ႐ြန္းေဖာက္ကာ ပုံစာေရးတင္ လိုက္ပါတယ္ ။ သူက အမိတာဘခ်န္းရဲ႕ ဒိုင္ယာေလာ့ခ္ ကိုယူၿပီး ဘယ္လို ဆက္သြယ္မႈေၾကာင့္ပါလဲဗ်ာ တစ္ကိုယ္တည္း အထီးက်န္ဆန္ေအာင္ ေခ်ာေနရတာလဲ ဆိုၿပီး ဟာသေဖာက္လိုက္ ပါေသးတယ္ ။

ေက်းဇူးတင္ပါတယ္ ဒက္ဘို ျပကၡဒိန္က ဖိုတိုေရွာ့ ဆရာသမားတို႔ရယ္ ။ က်ေနာ့္မွာ အဲ့လို ေဘာ္ဒီ မရွိပါဘူး ။ဒါေပမဲ့ အဲ့ႂကြက္သားေတြကို က်ေနာ့္ ဗိုက္က အဆီတုံးထဲမွာပဲ သိမ္းထား လိုက္မယ္ေနာ္ ။ ဘိုင္ဘိုင္ ဆိုၿပီး စာေရးတင္ကာ လိုင္းေပၚက ဆင္းသြားပါတယ္ ။

ေမာင္ယႆ REF: India times

Photo;koimoi and news 18.com

Unicode Version

မြောက်ပင့်ပေးတာသိပေမဲ့ ကြိုက်တယ်တဲ့ လက်ပွားမင်းသားဆို

လူဆိုတာကို ကိုယ့်ကို မြောက်ပင့်ပေးတယ်ဆိုရင် ကြိုက်ကြတာချည်းပါပဲ ။ ဒါပေမဲ့ အမြှောက်ခံရတဲ့ လူတွေထဲမှာ လူ၃မျိုး ၃စားလောက် ကွဲသွားတယ် ။

အချို့ က မဟုတ်မမှန်တာချည်းကို ဘလိုင်းချည်း မြှောက်နေတာကို သာယာပြီး လွတ်သွားတတ်တဲ့ လူတန်းစားရယ် ၊ နောက်လူတန်းစားတစ်ခုက မြှောက်ပင့်ပေးတာကို သိလို့ မြှောက်ရမလားဆိုပြီး စိတ်ဆိုးတတ်တဲ့ မနူးမနပ် လူတန်းစားရယ် ၊ အချို့ကတော့ မြှောက်ပင့်ပေးတဲ့လူကို စိတ်ချမ်းသာအောင် လိမ်လိမ်မာမာ ကိုင်တွယ်တတ်တဲ့ လူတန်းစားရယ် ဆိုပြီး ရှိပါတယ် ။

အဲ့ဒီ လူတန်းစားတွေက ကိုယ့်ကို အလွတ်ကြီး လာမြှောက်ပြီဆိုရင် မြှောက်တဲ့လူကို သာသာလေးနဲ့ ပြောလိုက်တာက မင်းငါ့ကို လာမြှောက်နေတာ ငါသိတယ်ကွ ၊ ဒါပေမဲ့ ငါကြိုက်တယ်လို့ ပြောလိုက်တယ် ။ အဲ့လို ပြောတတ်တဲ့ လူတန်းစားတွေထဲမှာ မြန်မာပြည်မှာ လက်ပွားမင်းသားလို့ လူသိများတဲ့ ဟရိသက်ရိုရှန်တစ်ယောက်လည်း ပါပါတယ် ။

၂၀၁၈မှာ ရုပ်ရှင်ရိုက်နည်းခဲ့တဲ့ လက်ပွားမင်းသားက ၂၀၂၀ ထဲမှာ ပြန်ပြီး စန်းတက် လာခဲ့ပါတယ် ။ အခုလက်ရှိ အိန္ဒိယမှာ နာမည်ကြီးတဲ့ ဒက်ဘို ရက်နာနီ ပြက္ခဒိန်မှာ သူရဲ့ ပုံပါလာပါတယ် ။ ပုံထဲမှာ ဖိုတိုရှော့သမားက ဗိုက်ကြွက်သား ၆လုံးနဲ့ ပြင်းရှရှ ယောကျ်ား တစ်ယောက်ပုံ ရအောင် ပြင်ယူထားပါတယ် ။

ကြေးနီရောင်ထနေတဲ့ အသားအရေမှာ ကြွက်သားတွေ အဖုဖု အထစ်ထစ်နဲ့ တကယ့် သူရဲကောင်း တစ်ယောက်ပုံစံ ၊ မိုက်ကန်းကန်း ဂျစ်တစ်တစ်ပုံစံဖြစ်အောင် သူ့ရဲ့ ဓာတ်ပုံကို ပြင်ထားတော့ အမျိုးသမီးတွေကို ဆွဲဆောင်မှု အားကောင်း စေပါတယ် ။

အရမ်းချောလွန်း လှလွန်းအောင် လုပ်ထားတော့ မင်းသားက အဲ့ဒီပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ပြီး ကျနော် ဒီလောက်ချောမှန်း မသိဘူးဗျာ ။ မြောက်ပင့်ပေးမှန်း သိပါတယ် ။

ဒါပေမဲ့ ကြိုက်တယ်ဗျ ဆိုပြီး အရွန်းဖောက်ကာ ပုံစာရေးတင် လိုက်ပါတယ် ။ သူက အမိတာဘချန်းရဲ့ ဒိုင်ယာလော့ခ် ကိုယူပြီး ဘယ်လို ဆက်သွယ်မှုကြောင့်ပါလဲဗျာ တစ်ကိုယ်တည်း အထီးကျန်ဆန်အောင် ချောနေရတာလဲ ဆိုပြီး ဟာသဖောက်လိုက် ပါသေးတယ် ။

ကျေးဇူးတင်ပါတယ် ဒက်ဘို ပြက္ခဒိန်က ဖိုတိုရှော့ ဆရာသမားတို့ရယ် ။ ကျနော့်မှာ အဲ့လို ဘော်ဒီ မရှိပါဘူး ။ဒါပေမဲ့ အဲ့ကြွက်သားတွေကို ကျနော့် ဗိုက်က အဆီတုံးထဲမှာပဲ သိမ်းထား လိုက်မယ်နော် ။ ဘိုင်ဘိုင် ဆိုပြီး စာရေးတင်ကာ လိုင်းပေါ်က ဆင်းသွားပါတယ် ။

မောင်ယဿ REF: India times

Photo;koimoi and news 18.com

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …