ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ

ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ
International-news

Zawgyi

ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ

ေျမာက္ကိုရီးယား အစိုးရပိုင္ သတင္းဌာနျဖစ္တဲ့ ကိုရီးယား စင္ထရယ္ သတင္း ေအဂ်င္စီ (KCNA) က ဒီကေန႔မနက္မွာ ေျမာက္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါပိုး ရွိသူ တစ္ဦး ေတြ႕ရွိခဲ့တယ္လို႔ ေၾကညာခဲ့ ပါတယ္။

ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ2

အဲ့ဒိေၾကညာခ်က္ ထြက္ေပၚလာၿပီး ေနာက္မွာေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က အေရးေပၚအစည္းအေဝးကို ဆင့္ေခၚခဲ့ၿပီး ေရာဂါပိုး ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္တဲ့ အစီအစဥ္ေတြကို ေဆြးေႏြးၿပီး ျပည္သူေတြ လိုက္နာရမယ့္ အခ်က္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။

KCNA ရဲ႕ ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၃ႏွစ္က ေျမာက္ကိုရီးယားကေန ေတာင္ကိုရီးယားဖက္ကို ထြက္ေျပး သြားခဲ့တဲ့ မိသားစုတစ္ခုက လူတစ္ေယာက္ဟာ ဇူလိုင္လ ၁၉ က္ေန႔မွာ ေျမာက္ကိုရီးယားဖက္ကို တရားမဝင္ ခိုးဝင္လာခ်ိန္မွာ သူ႔မွာ ေရာဂါပိုးကူးလာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူ႔ကို ၂ႏိုင္ငံနယ္ျခားၿမိဳ႕ ျဖစ္တဲ့ ေကေဆာင္မွာ ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး သူဝင္ေရာက္လာၿပီး ေတာင္ကိုရီးယားဖက္ကို ျပန္ကူးမယ့္ အခ်ိန္မွာ ဖမ္းဆီးမိတာ ျဖစ္ပါတယ္။ အဲ့ဒိလူကို ေဆးစစ္ၿပီးေနာက္ ကြာရင္တိုင္း ဝင္ခိုင္းထားပါတယ္။ ဒါအျပင္ သူနဲ႔ ထိစပ္ခဲ့တဲ့သူေတြ အားလုံးကိုလည္း ေစာင့္ၾကည့္အေနအထားနဲ႔ အိမ္တြင္း ေအာင္းခိုင္းထားပါတယ္။

ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ3

အဲ့ဒိလူနာသြားခဲ့တဲ့ ေနရာေတြ ထိေတြ႕ ဆက္ဆံခဲ့တဲ့ အရာေတြ အားလုံးကိုလည္း ပိုးသတ္ဖို႔ကိစၥ လုပ္ေနၾကပါတယ္လို႔ KCNA က ေၾကညာ ခဲ့ပါတယ္။

ကင္ဂ်ဳံအန္ကလည္း ေကေဆာင္ၿမိဳ႕ကို သီးျခား ခြဲထားဖို႔နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံအတြင္းသို႔ ေကာေဆာင္ကေန ဝင္ေရာက္လာႏိုင္တဲ့ လမ္းေၾကာင္းေတြအားလုံးကို ပိတ္ဆို႔ထားဖို႔အတြက္ အမိန႔္ေပးထားပါတယ္။ နယ္စပ္ကေန တရားမဝင္ ခိုးဝင္မႈေတြ ရွိေနတာနဲ႔ ပတ္သက္ၿပီး ေကေဆာင္မွာ တာဝန္က်ေနတဲ့ အရာရွိေတြကိုလည္း ရာထူးကေန ျဖဳတ္ခ်ၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို အသစ္ေျပာင္းလဲဖို႔အတြက္ အမိန႔္ထုတ္ထားပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံ အေရးေပၚ အေျခအေနကိုလည္း ေၾကညာထားၿပီးေတာ့ ပိတ္ဆို႔ စစ္ေဆးမႈေတြကို လုပ္ေနပါတယ္။ ေျမာက္ကိုရီးယား ဗဟိုစစ္ေကာ္မရွင္က အဲဒိ လုပ္ငန္းေတြအားလုံးကို တာဝန္ယူ လုပ္ေဆာင္ကာ စုံးစမ္းစစ္ေဆးမႈေတြ လုပ္ၿပီး လာဘ္ေပးလာဘ္ယူ လုပ္ၿပီး ခိုးဝင္ခိုးထြက္ လုပ္ခြင့္ ျပဳေနသူေတြကို ျပင္းျပင္း အျပစ္ေပးဖို႔အတြက္ အမိန႔္ရထားပါတယ္။

ေမာင္ယႆ
REF: CNN Photo; cnn

Unicode

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ လူနာရှိနေပြီလို့ ပထမဆုံးကြေညာ

မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနဖြစ်တဲ့ ကိုရီးယား စင်ထရယ် သတင်း အေဂျင်စီ (KCNA) က ဒီကနေ့မနက်မှာ မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ တစ်ဦး တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ ပါတယ်။

ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ လူနာရွိေနၿပီလို႔ ပထမဆုံးေၾကညာ4

အဲ့ဒိကြေညာချက် ထွက်ပေါ်လာပြီး နောက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အရေးပေါ်အစည်းအဝေးကို ဆင့်ခေါ်ခဲ့ပြီး ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ဆွေးနွေးပြီး ပြည်သူတွေ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

KCNA ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၃နှစ်က မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဖက်ကို ထွက်ပြေး သွားခဲ့တဲ့ မိသားစုတစ်ခုက လူတစ်ယောက်ဟာ ဇူလိုင်လ ၁၉ က်နေ့မှာ မြောက်ကိုရီးယားဖက်ကို တရားမဝင် ခိုးဝင်လာချိန်မှာ သူ့မှာ ရောဂါပိုးကူးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကို ၂နိုင်ငံနယ်ခြားမြို့ ဖြစ်တဲ့ ကေဆောင်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူဝင်ရောက်လာပြီး တောင်ကိုရီးယားဖက်ကို ပြန်ကူးမယ့် အချိန်မှာ ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ အဲ့ဒိလူကို ဆေးစစ်ပြီးနောက် ကွာရင်တိုင်း ဝင်ခိုင်းထားပါတယ်။ ဒါအပြင် သူနဲ့ ထိစပ်ခဲ့တဲ့သူတွေ အားလုံးကိုလည်း စောင့်ကြည့်အနေအထားနဲ့ အိမ်တွင်း အောင်းခိုင်းထားပါတယ်။

အဲ့ဒိလူနာသွားခဲ့တဲ့ နေရာတွေ ထိတွေ့ ဆက်ဆံခဲ့တဲ့ အရာတွေ အားလုံးကိုလည်း ပိုးသတ်ဖို့ကိစ္စ လုပ်နေကြပါတယ်လို့ KCNA က ကြေညာ ခဲ့ပါတယ်။

ကင်ဂျုံအန်ကလည်း ကေဆောင်မြို့ကို သီးခြား ခွဲထားဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ကောဆောင်ကနေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ထားဖို့အတွက် အမိန့်ပေးထားပါတယ်။ နယ်စပ်ကနေ တရားမဝင် ခိုးဝင်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ကေဆောင်မှာ တာဝန်ကျနေတဲ့ အရာရှိတွေကိုလည်း ရာထူးကနေ ဖြုတ်ချပြီး အုပ်ချုပ်ရေးအဖွဲ့တွေကို အသစ်ပြောင်းလဲဖို့အတွက် အမိန့်ထုတ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အရေးပေါ် အခြေအနေကိုလည်း ကြေညာထားပြီးတော့ ပိတ်ဆို့ စစ်ဆေးမှုတွေကို လုပ်နေပါတယ်။ မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင်က အဲဒိ လုပ်ငန်းတွေအားလုံးကို တာဝန်ယူ လုပ်ဆောင်ကာ စုံးစမ်းစစ်ဆေးမှုတွေ လုပ်ပြီး လာဘ်ပေးလာဘ်ယူ လုပ်ပြီး ခိုးဝင်ခိုးထွက် လုပ်ခွင့် ပြုနေသူတွေကို ပြင်းပြင်း အပြစ်ပေးဖို့အတွက် အမိန့်ရထားပါတယ်။

မောင်ယဿ
REF: CNN Photo; cnn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အြန္လိုင္းေပၚက ေစာ္ကားမႈေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ ေရွ႕ေနခ်ဳပ္က ေဖ့စ္ဘုတ္ကို ေတာင္းဆို
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …