International-news
မောင်ယဿ
Unicode
မြောက်ကိုရီးယားက တောင်ကိုရီးယားကို စစ်ရေး အရ အရေးယူဖို့ ခေတ္တဆိုင်းငံ့ ထားမယ်လို့ ဆို
တောင်ကိုရီးယားဖက် က ဝါဒဖြန့် စာရွက်တွေကို မိုးပျံ ပူဖောင်းတွေနဲ့ မြောက်ကို ရီးယားဖက်ကို ပို့လွှတ်တာရယ် တောင်ကိုရီးယားကနေ ထွက်ပြေးလာသူတွေမှာ ဝါဒဖြန့် စာရွက် စာတမ်းတွေကို ထည့်ပေးလိုက်တာတွေ ကြောင့် ကိုရီးယား ကွျှန်းဆွယ်ပေါ်မှာ စစ်ရေး မငြိမ်မသက်မှုတွေဖြစ်ပေါ် နေပါတယ် ။ အဲ့ဒိလို အခြေအနေမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က လက်ရှိ တိုင်းပြည်အုပ်ချုပ်နေတဲ့ပါတီ ရဲ့ ဗဟိုစစ်ရေးကော်မရှင် အစည်းအဝေးမှာ တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူဖို့ကိစ္စအား ယာယီဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနKCNA ကဆိုပါတယ် ။
ဗီဒီယို ကွန်ဖရင့်နဲ့လုပ်တဲ့ အစည်းအဝေးမှာ ကင်ဂျုံအန်က “တိုင်းပြည်ရဲ့ စစ်ရေး အဟန့်အတားတွေက ရှိနေသေးတဲ့အတွက်ကြောင့် နောက်ထပ် လုပ်ငန်းစဉ်တွေကို အရှိန်တိုးစရာ ရှိနေသေးလို့” ဆိုတဲ့ ကောက်နုတ်ချက်ကို KCNA က ဖော်ပြပါတယ် ။ ကင်ဂျုံအန်ရဲ့ ဆိုင်းငံ့မှု ကိစ္စ မပြောခင်မှာ ကော်မရှင် အဖွဲ့ဝင်တွေက လက်ရှိ ခင်းကျင်းထားတဲ့ စစ်ရေး အခင်းအကျင်းတွေကို ပြန်လည် မရုပ်သိမ်းဘဲ ထားမယ်လို့ တောင်းဆိုထားပါတယ် ။ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရှေ့ ဆက်မတိုးဘဲ ထားဖို့အတွက်ကိုတော့ ကင်ဂျုံအန်ရဲ့ အမိန့် အတိုင်း ရှိနေစေပါတယ် ။
ကိုရီးယား ကျွန်းဆွယ် တင်းမာမှုက တောင်ကိုရီးယား ဖက်က ဝါဒဖြန့် လှုံ့ဆော်မှု တွေကြောင့် အစပြုတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။ မြောက်ကိုရီးယားဖက်က ဝါဒဖြန့် စာတွေကို မပို့ပါနဲ့လို့ အတန်တန် တားနေတဲ့ကြားက တောင်ကိုရီးယားဖက်က မိုးပျံပူဖောင်း တွေနဲ့ပါ ဆက်လက်ပို့နေခဲ့လို့ ၂ နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ် ။ ဒါ့အပြင် တောင်ကိုရီးယားဖက်ကိုလည်း ပြန်ပြီး မိုးပျံပူဖောင်းတွေနဲ့ ပြန်ပြီး ဝါဒဖြန့်စာတွေ ပို့ကာ ၂နိုင်ငံနယ်ခြားစည်း နားကို စစ်အင်အား တိုးချဲ့ မှုတွေကို ပြုလုပ်နေခဲ့ပါတယ် ။
အင်္ဂါနေ့ကဆိုရင် မြောက်ကိုရီးယားဖက် အခြမ်းမှ လော်စပီကာတွေနဲ့ အော်ဟစ်ပြောဆိုမှုတွေကို လုပ်ခဲ့ကြပါတယ် ။ ၂ နိုင်ငံ နယ်ခြားစည်းက စစ်မဲ့ဇုံက အခုတော့ စစ်အငွေ့အသက် တွေကို ခံစားနေရပါတယ် ။ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က စစ်ပြင်တဲ့ ကိစ္စကို ဦးစီးနေပါတယ် ။ ရှေ့တန်းစစ်မျက်နှာကို ခံစစ်စည်းတွေပြင်ဆင်ထား ပြီးပါပြီ ။ အဲ့လို တင်းမာမှုတွေ ဖြစ်နေချိန်မှာ ကင်ဂျုံအန်ရဲ့ စစ်ရေးအရ အရေးယူမှုကို ဆိုင်းငံ့ထားဖို့ အတွက် အမိန့်ထွက်ပေါ်လာတာပဲဖြစ်ပါတယ် ။
မောင်ယဿ
REF: hindustantimes / Photo;reuters
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …