ေျခႏွစ္ေခ်ာင္းနဲ႔ နား႐ြက္တို မကယ္နဲ႔ ဆိုတာ သက္ေသျပသြားတဲ့ ျဖစ္ရပ္
- By : Phoe Linn
- Category : International-news
- Tags: international news

ေျခႏွစ္ေခ်ာင္းနဲ႔ နား႐ြက္တို မကယ္နဲ႔ ဆိုတာ သက္ေသျပသြားတဲ့ ျဖစ္ရပ္
အရင္တုန္းက သမီး မိန္းခေလး ေတြက မိဘရဲ႕ အုပ္ထိန္းမႈ ေအာက္မွာ ဘယ္အ႐ြယ္ျဖစ္ျဖစ္ ေနရတဲ့အတြက္ စႏိုက္ေက်ာ္တယ္ ဆိုတာ သိပ္မသိသာ ခဲ့ဘူး ဒီဘက္ေခတ္ ေရာက္လာေတာ့ မိန္းကေလးေတြက ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္ရတာေတြ မ်ားလာတယ္ ။
မိေဝးဖေဝး အလုပ္အကိုင္ ေတြကိုလုပ္လာ ၾကရတယ္ ။ မိဘ ေမာင္ႏွမေတြကို ေထာက္ပံ့ဖို႔ရယ္ ။ ကိုယ့္စားဝတ္ ေနေရးရယ္ ။ ေခတ္နဲ႔အညီ ဝတ္စားေနထိုင္ဖို႔ အတြက္ရယ္က သူ႔တစ္လုပ္စာတည္းနဲ႔ မေလာက္ေတာ့ဘူး ။
ကိုယ္နဲ႔ ဘဝတူ အခ်င္းခ်င္းထက္ ကိုယ့္အရင္ စီးပြားေရး ေအာင္ျမင္ေနတဲ့ ဘဲႀကီး ေတြကို စႏိုက္ေက် ာ္လိုက္ရင္ ကိုယ့္ အခက္အခဲက အလြယ္တကူ ေျဖရွင္း ႏိုင္မယ္ ။ ၿပီးရင္ေတာ့ စပြန္စာ ရွာၿပီး ေအာင္ေျမ နင္း႐ုံေပါ့ ။
ဘဝကို တိုက္ပြဲလို႔ ျမင္တဲ့ မိန္းကေလးေတြ အတြက္က ပထမအဆင့္ စႏိုက္ေက်ာ္ရတာကို လုပ္ရပါတယ္ ။ အရင္က စႏိုက္ေက်ာ္တဲ့ ကိစၥျဖစ္ရင္ မယားႀကီး ေတြက မ်က္ရည္စမ္းစမ္းနဲ႔ ျဖစ္ခဲ့ ရေပမဲ့ ဒီဖက္ေခတ္ မွာေတာ့ စႏိုက္ေက်ာ္ခံရၿပီ ဆိုရင္ မယားႀကီးက လိုင္းေပၚ တင္ေတာ့ တာပဲ ။
အသက္ ၃၄ ႏွစ္ အ႐ြယ္ ဟန္နာက မိတ္ကပ္ ပညာရွင္တစ္ဦးပါ ။ မာကတ္တင္း သင္တန္း တစ္ခုမွာ ယာယာဆိုတဲ့ ေကာင္မေလးနဲ႔ ေတြ႕တယ္ ။ ေကာင္မေလးက တစ္ေယာက္တည္း ထိုင္တာပါ ။ ဟန္နာက သြားေရာၿပီး မိတ္ေဆြဖြဲ႕ ရာက သင္တန္းလည္း ၿပီးေရာ အရမ္းကို ခင္တဲ့ သူငယ္ခ်င္းေတြ ျဖစ္သြားတယ္ ။
အိမ္ကို အလည္ေခၚ မိရာက သိပ္မၾကာခင္ မွာပဲ ဟန္နာက သူ႔ေယာက်ာ္း ေနာက္မီးလင္း ေနတာ သူ ညီမေလးလို ခ်စ္ရတဲ့ ယာယာ ဆိုတဲ့ မိန္းကေလးနဲ႔ပါ ဆိုၿပီး လိုင္းေပၚမွာ တင္ပါေလေရာ ။
ခ်က္ျခင္းကိုပဲ လိုင္းေပၚမွာ ျပန႔္သြားတယ္ ။ ဟန္နာက သူမ ေယာက်္ားနဲ႔ ယာယာကို လိုင္းေပၚမွာ ေတြ႕ၿပီ သူမဆီ ျပန္မလာဖို႔ ေျပာလႊတ္ လိုက္ပါတယ္ ။ သူမရဲ႕ ေယာက်ာ္းကလည္း သူမဆီကို ကြာရွင္းစာခ်ဳပ္ ပို႔ၿပီးယာယာနဲ႔ ႏိုင္ငံျခားကို ထြက္သြား ပါတယ္ ။
ယာယာကေတာ့ အေျခခ် ထားၿပီးသား စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ကို မိမိရရ စႏိုက္ေက်ာ္ ႏိုင္ခဲ့ပါတယ္ ။ ဟန္နာကေတာ့ ကေလး ၃ ေယာက္နဲ႔ သူ႔အရပ္မွာက်န္ခဲ့ ရတာေပါ့ ။ သူမထင္တာက ယာယာက အဲ့လို မလုပ္ေလာက္ဘူးလို႔ ထင္ေနတာပါ ။
သူ႔ ညီမအရင္းလို သြားအတူ လာတူ ေနၿပီးမွ လိုအပ္တာ ေတြကို ေထာက္ပံ့ ကူညီၿပီးမွ ဒိလို ျဖစ္သြားတာက ဘာေၾကာင့္မွန္း စဥ္းစားမရခဲ့ ပါဘူး ။ တကယ္ေတာ့ ယာယာက ဟန္နာ့ အိမ္ေရာက္ကတည္းက စႏိုက္ေက်ာ္ဖို႔ အတြက္ စဥ္စားခဲ့တယ္ ဆိုတာ ဟန္နာ သိရင္ စိတ္ေတာင္ ေကာင္းမွာ မဟုတ္ပါဘူး ။
ေမာင္ယႆ REF: world of buzz
Unicode
ခြေနှစ်ချောင်းနဲ့ နားရွက်တို မကယ်နဲ့ ဆိုတာ သက်သေပြသွားတဲ့ ဖြစ်ရပ်
အရင်တုန်းက သမီး မိန်းခလေး တွေက မိဘရဲ့ အုပ်ထိန်းမှု အောက်မှာ ဘယ်အရွယ်ဖြစ်ဖြစ် နေရတဲ့အတွက် စနိုက်ကျော်တယ် ဆိုတာ သိပ်မသိသာ ခဲ့ဘူး ဒီဘက်ခေတ် ရောက်လာတော့ မိန်းကလေးတွေက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ရတာတွေ များလာတယ် ။
မိဝေးဖဝေး အလုပ်အကိုင် တွေကိုလုပ်လာ ကြရတယ် ။ မိဘ မောင်နှမတွေကို ထောက်ပံ့ဖို့ရယ် ။ ကိုယ့်စားဝတ် နေရေးရယ် ။ ခေတ်နဲ့အညီ ဝတ်စားနေထိုင်ဖို့ အတွက်ရယ်က သူ့တစ်လုပ်စာတည်းနဲ့ မလောက်တော့ဘူး ။
ကိုယ်နဲ့ ဘဝတူ အချင်းချင်းထက် ကိုယ့်အရင် စီးပွားရေး အောင်မြင်နေတဲ့ ဘဲကြီး တွေကို စနိုက်ကျေ ာ်လိုက်ရင် ကိုယ့် အခက်အခဲက အလွယ်တကူ ဖြေရှင်း နိုင်မယ် ။ ပြီးရင်တော့ စပွန်စာ ရှာပြီး အောင်မြေ နင်းရုံပေါ့ ။
ဘဝကို တိုက်ပွဲလို့ မြင်တဲ့ မိန်းကလေးတွေ အတွက်က ပထမအဆင့် စနိုက်ကျော်ရတာကို လုပ်ရပါတယ် ။ အရင်က စနိုက်ကျော်တဲ့ ကိစ္စဖြစ်ရင် မယားကြီး တွေက မျက်ရည်စမ်းစမ်းနဲ့ ဖြစ်ခဲ့ ရပေမဲ့ ဒီဖက်ခေတ် မှာတော့ စနိုက်ကျော်ခံရပြီ ဆိုရင် မယားကြီးက လိုင်းပေါ် တင်တော့ တာပဲ ။
အသက် ၃၄ နှစ် အရွယ် ဟန်နာက မိတ်ကပ် ပညာရှင်တစ်ဦးပါ ။ မာကတ်တင်း သင်တန်း တစ်ခုမှာ ယာယာဆိုတဲ့ ကောင်မလေးနဲ့ တွေ့တယ် ။ ကောင်မလေးက တစ်ယောက်တည်း ထိုင်တာပါ ။ ဟန်နာက သွားရောပြီး မိတ်ဆွေဖွဲ့ ရာက သင်တန်းလည်း ပြီးရော အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားတယ် ။
အိမ်ကို အလည်ခေါ် မိရာက သိပ်မကြာခင် မှာပဲ ဟန်နာက သူ့ယောကျာ်း နောက်မီးလင်း နေတာ သူ ညီမလေးလို ချစ်ရတဲ့ ယာယာ ဆိုတဲ့ မိန်းကလေးနဲ့ပါ ဆိုပြီး လိုင်းပေါ်မှာ တင်ပါလေရော ။
ချက်ခြင်းကိုပဲ လိုင်းပေါ်မှာ ပြန့်သွားတယ် ။ ဟန်နာက သူမ ယောကျ်ားနဲ့ ယာယာကို လိုင်းပေါ်မှာ တွေ့ပြီ သူမဆီ ပြန်မလာဖို့ ပြောလွှတ် လိုက်ပါတယ် ။ သူမရဲ့ ယောကျာ်းကလည်း သူမဆီကို ကွာရှင်းစာချုပ် ပို့ပြီးယာယာနဲ့ နိုင်ငံခြားကို ထွက်သွား ပါတယ် ။
ယာယာကတော့ အခြေချ ထားပြီးသား စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ကို မိမိရရ စနိုက်ကျော် နိုင်ခဲ့ပါတယ် ။ ဟန်နာကတော့ ကလေး ၃ ယောက်နဲ့ သူ့အရပ်မှာကျန်ခဲ့ ရတာပေါ့ ။ သူမထင်တာက ယာယာက အဲ့လို မလုပ်လောက်ဘူးလို့ ထင်နေတာပါ ။
သူ့ ညီမအရင်းလို သွားအတူ လာတူ နေပြီးမှ လိုအပ်တာ တွေကို ထောက်ပံ့ ကူညီပြီးမှ ဒိလို ဖြစ်သွားတာက ဘာကြောင့်မှန်း စဉ်းစားမရခဲ့ ပါဘူး ။ တကယ်တော့ ယာယာက ဟန်နာ့ အိမ်ရောက်ကတည်းက စနိုက်ကျော်ဖို့ အတွက် စဉ်စားခဲ့တယ် ဆိုတာ ဟန်နာ သိရင် စိတ်တောင် ကောင်းမှာ မဟုတ်ပါဘူး ။
မောင်ယဿ REF: world of buzz
No Comments