ေျခဖဝါးနဲ႔ အသားမာကိစၥ

ေျခဖဝါးနဲ႔ အသားမာကိစၥ
Health

ေျခဖဝါးနဲ႔ အသားမာကိစၥ

သင့္ေျခဖဝါးမွာ အသားမာမ်ား တက္ေနၿပီဆိုရင္ စိတ္မပ်က္ပါနဲ႔ ေျဖရွင္းနည္းေတြ သိထားဖို႔သာ လိုပါတယ္။ သင့္ ကိုယ္အေလးခ်ိန္ေၾကာင့္ ေသာ္လည္းေကာင္း ေျခဖဝါးကို ဖိနပ္ရဲ႕ ပြတ္တိုက္မႈေၾကာင့္ ေသာ္လည္းေကာင္း ၊ လမ္းေလ်ာက္မ်ားျခင္း ဖိနပ္အသား မာျခင္း စတာေတြေၾကာင့္ အသားမာေတြ ျဖစ္ေပၚလာရတာ ျဖစ္ပါတယ္။

အသားမာေတြကို ဒီအတိုင္း ထားတဲ့အခါ လမ္းေလ်ာက္တဲ့ အခါတိုင္း ဖိမိတိုင္း နာက်င္မႈေတြ ခံစားရေလ့ ရွိပါတယ္။ အသားမာအတြက္ အိမ္တြင္း ကုသနည္းေလးေတြ ရွိပါတယ္။

ေရေႏြး စိမ္ျခင္း

သင့္ ေျခဖဝါးပိုင္းကို ေရေႏြးနဲ႔ စိမ္ေပးျခင္းကို ႏွစ္ပတ္ေလာက္ ျပဳလုပ္ေပးပါက ေျခဖဝါးနဲ႔ ေျခဖမိုးေပၚက အသားမာေတြ သက္သာ ေပ်ာက္ကင္း လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ေရေႏြးကို ပူမေနေစဖို႔ေတာ့ သတိျပဳပါ။ ေရေႏြး စိမ္ၿပီးတဲ့အခါ ေျခာက္ေသြ႕သည္ထိ မသုတ္ပဲ အစိုဓာတ္ထိန္း ခရင္မ္ လိမ္းေပးပါ။

ေရနံဂ်ယ္

ေရနံဂ်ယ္လီကို လိမ္းေပးျခင္း အားျဖင့္ ေခ်ာေမြ႕ေနျခင္း ျဖစ္ေနမွာမို႔ ဖိနပ္နဲ႔ ေျခေထာက္ ပြတ္တိုက္မႈ နည္းပါးလာမွာ ျဖစ္ပါတယ္။

ဖိနပ္

ဖိနပ္ကို ေ႐ြးခ်ယ္တဲ့အခါ အမ်ိဳးအစား ေကာင္းမြန္ၿပီး သင့္ေျခေထာက္နဲ႔ သင့္ေတာ္တဲ့ ဖိနပ္မ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ။

သန႔္ရွင္းမႈ

အသားမာမ်ားကို လွီထုတ္ ဖယ္ရွားမႈ လုပ္မယ္ဆိုရင္ ႀကဳံသလို မလုပ္ပါနဲ႔ အခ်ိဳ႕ ကိရိယာေတြမွာ မသန႔္ရွင္းတာေၾကာင့္ ေရာဂါပိုးေတြ ဝင္လာႏိုင္ပါတယ္။

ေဆာ္ဒါ

ေဆာ္ဒါကို အရည္ေဖ်ာ္ၿပီး ေျခေထာက္ကို စိမ္ေပးပါ။ ေဆာ္ဒါမႈန႔္ ထမင္းစားဇြန္း သုံးဇြန္းကို ေျခေထာက္ထည့္ စိမ္မယ့္ ဇလုံထဲ ထည့္ၿပီး ၾကက္သီးေႏြးေရကို ထည့္ကာ ေျခေထာက္ကို စိမ္ေပးပါ။ ဘက္တီးရီးယားနဲ႔ မႈိပိုးေတြ ကင္းစင္ၿပီး အသားမာေတြကိုလည္း ေပ်ာ့ေျပာင္းသြားေစ ပါတယ္။

ခ်မိုမိုင္း လက္ဘက္ရည္

ခ်မိုမိုင္း လက္ဘက္ရည္ဟာ အေရျပားရဲ႕ PH ကို ေျပာင္းလဲတာေၾကာင့္ မႈိပိုးမ်ား ေပါက္ပြားမႈကို တားဆီးေပးပါတယ္။

ခ်မိုမိုင္း လက္ဘက္ရည္နဲ႔ ေျခေထာက္ကို ေဆးေၾကာမယ္ဆိုရင္ သင့္ ေျခေထာက္ေတြကို အေရာင္ စြန္းေစတာေၾကာင့္ စိတ္မပ်က္ပါနဲ႔ ေရနဲ႔ ဆပ္ျပာနဲ႔ ျပန္လည္ သန႔္စင္ေပးရင္လည္း ျဖစ္ပါတယ္။

ေျပာင္းဖူးမႈန႔္

ေျခေခ်ာင္းေတြ ၾကားထဲကို ေျပာင္းဖူးမႈန႔္နဲ႔ လိမ္းေပးတာေၾကာင့္ အစိုဓာတ္ကို ဖယ္ရွားေပးႏိုင္တာ ျဖစ္ပါတယ္။ အစိုဓာတ္ ရွိေနရင္ မႈိပိုးမ်ား အလြယ္တကူ ေပါက္ဖြားေစႏိုင္ပါတယ္။

ရွာလကာရည္

ေျခဖဝါးကို ရွာလကာရည္ လိမ္းၿပီး တစ္ညတာ ထားႏိုင္ပါတယ္။ ရွာလကာရည္ကို အသားမာေပၚ ဂြမ္းစနဲ႔ တို႔ၿပီး လိမ္းေပးပါ။ ေနာက္ဂြမ္းစကို အသားမာေပၚမွာ တင္ထားၿပီး အဝတ္စနဲ႔ စည္းကာ တစ္ည ထားပါ မနက္ေရာက္ရင္ ဖယ္ရွားၿပီးေနာက္ ေၾကးခြၽတ္ ေပးပါ။

သံပုရာ

သံပုရာရည္ကလည္း အသားမာအတြက္ ေကာင္းပါတယ္။ သံပရာရည္ထဲမွာ အစပရင္ ေဆးျပားကို အမႈန႔္ႀကိန္ၿပီး ေရာပါ ၿပီးေနာက္ အသားမာျဖစ္တဲ့ ေနရာကို ညင္သာစြာ ပြတ္လိမ္းပါ။ ၿပီးရင္ ပလာစတာနဲ႔ အုပ္ထားေပးပါ။ ပလပ္စတာကို ဖယ္ရွားၿပီးတဲ့ အခါမွာေတာ့ ေၾကးခြၽတ္ သန႔္စင္ေပးဖို႔ မေမ့ပါနဲ႔။

ေရခဲ

သင့္ရဲ႕ အသားမာဟာ ေရာင္ရမ္း နာက်င္ေနမယ္ဆိုရင္ ေရခဲ ကပ္ေပးပါ။ ၿပီးရင္ ေသခ်ာစြာ ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးေနာက္ အစိုဓာတ္ထိန္း ခရင္မ္ကို လိမ္းေပးပါ။

သင့္ရဲ႕ ေျခဖဝါးက အသားမာေတြအတြက္ စိတ္ပူစရာ မလိုေတာ့တာကို ေတြ႕ႀကဳံ ခံစားရပါလိမ့္မယ္။

စႏၵီျမင့္မိုရ္#

Unicode

ခြေဖဝါးနဲ့ အသားမာကိစ္စ

သင့်ခြေဖဝါးမှာ အသားမာများ တက်နေပြီဆိုရင် စိတ်မပျက်ပါနဲ့ ဖြေရှင်းနည်းတွေ သိထားဖို့သာ လိုပါတယ်။ သင့် ကိုယ်အလေးချိန်ကြောင့် သော်လည်းကောင်း ခြေဖဝါးကို ဖိနပ်ရဲ့ ပွတ်တိုက်မှုကြောင့် သော်လည်းကောင်း ၊ လမ်းလျောက်များခြင်း ဖိနပ်အသား မာခြင်း စတာတွေကြောင့် အသားမာတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

အသားမာတွေကို ဒီအတိုင်း ထားတဲ့အခါ လမ်းလျောက်တဲ့ အခါတိုင်း ဖိမိတိုင်း နာကျင်မှုတွေ ခံစားရလေ့ ရှိပါတယ်။ အသားမာအတွက် အိမ်တွင်း ကုသနည်းလေးတွေ ရှိပါတယ်။

ရေနွေး စိမ်ခြင်း

သင့် ခြေဖဝါးပိုင်းကို ရေနွေးနဲ့ စိမ်ပေးခြင်းကို နှစ်ပတ်လောက် ပြုလုပ်ပေးပါက ခြေဖဝါးနဲ့ ခြေဖမိုးပေါ်က အသားမာတွေ သက်သာ ပျောက်ကင်း လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေနွေးကို ပူမနေစေဖို့တော့ သတိပြုပါ။ ရေနွေး စိမ်ပြီးတဲ့အခါ ခြောက်သွေ့သည်ထိ မသုတ်ပဲ အစိုဓာတ်ထိန်း ခရင်မ် လိမ်းပေးပါ။

ရေနံဂျယ်

ရေနံဂျယ်လီကို လိမ်းပေးခြင်း အားဖြင့် ချောမွေ့နေခြင်း ဖြစ်နေမှာမို့ ဖိနပ်နဲ့ ခြေထောက် ပွတ်တိုက်မှု နည်းပါးလာမှာ ဖြစ်ပါတယ်။

ဖိနပ်

ဖိနပ်ကို ရွေးချယ်တဲ့အခါ အမျိုးအစား ကောင်းမွန်ပြီး သင့်ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်ပါ။

သန့်ရှင်းမှု

အသားမာများကို လှီထုတ် ဖယ်ရှားမှု လုပ်မယ်ဆိုရင် ကြုံသလို မလုပ်ပါနဲ့ အချို့ ကိရိယာတွေမှာ မသန့်ရှင်းတာကြောင့် ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။

ဆော်ဒါ

ဆော်ဒါကို အရည်ဖျော်ပြီး ခြေထောက်ကို စိမ်ပေးပါ။ ဆော်ဒါမှုန့် ထမင်းစားဇွန်း သုံးဇွန်းကို ခြေထောက်ထည့် စိမ်မယ့် ဇလုံထဲ ထည့်ပြီး ကြက်သီးနွေးရေကို ထည့်ကာ ခြေထောက်ကို စိမ်ပေးပါ။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကင်းစင်ပြီး အသားမာတွေကိုလည်း ပျော့ပြောင်းသွားစေ ပါတယ်။

ချမိုမိုင်း လက်ဘက်ရည်

ချမိုမိုင်း လက်ဘက်ရည်ဟာ အရေပြားရဲ့ PH ကို ပြောင်းလဲတာကြောင့် မှိုပိုးများ ပေါက်ပွားမှုကို တားဆီးပေးပါတယ်။

ချမိုမိုင်း လက်ဘက်ရည်နဲ့ ခြေထောက်ကို ဆေးကြောမယ်ဆိုရင် သင့် ခြေထောက်တွေကို အရောင် စွန်းစေတာကြောင့် စိတ်မပျက်ပါနဲ့ ရေနဲ့ ဆပ်ပြာနဲ့ ပြန်လည် သန့်စင်ပေးရင်လည်း ဖြစ်ပါတယ်။

ပြောင်းဖူးမှုန့်

ခြေချောင်းတွေ ကြားထဲကို ပြောင်းဖူးမှုန့်နဲ့ လိမ်းပေးတာကြောင့် အစိုဓာတ်ကို ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ အစိုဓာတ် ရှိနေရင် မှိုပိုးများ အလွယ်တကူ ပေါက်ဖွားစေနိုင်ပါတယ်။

ရှာလကာရည်

ခြေဖဝါးကို ရှာလကာရည် လိမ်းပြီး တစ်ညတာ ထားနိုင်ပါတယ်။ ရှာလကာရည်ကို အသားမာပေါ် ဂွမ်းစနဲ့ တို့ပြီး လိမ်းပေးပါ။ နောက်ဂွမ်းစကို အသားမာပေါ်မှာ တင်ထားပြီး အဝတ်စနဲ့ စည်းကာ တစ်ည ထားပါ မနက်ရောက်ရင် ဖယ်ရှားပြီးနောက် ကြေးချွတ် ပေးပါ။

သံပုရာ

သံပုရာရည်ကလည်း အသားမာအတွက် ကောင်းပါတယ်။ သံပရာရည်ထဲမှာ အစပရင် ဆေးပြားကို အမှုန့်ကြိန်ပြီး ရောပါ ပြီးနောက် အသားမာဖြစ်တဲ့ နေရာကို ညင်သာစွာ ပွတ်လိမ်းပါ။ ပြီးရင် ပလာစတာနဲ့ အုပ်ထားပေးပါ။ ပလပ်စတာကို ဖယ်ရှားပြီးတဲ့ အခါမှာတော့ ကြေးချွတ် သန့်စင်ပေးဖို့ မမေ့ပါနဲ့။

ရေခဲ

သင့်ရဲ့ အသားမာဟာ ရောင်ရမ်း နာကျင်နေမယ်ဆိုရင် ရေခဲ ကပ်ပေးပါ။ ပြီးရင် သေချာစွာ ခြောက်သွေ့အောင် သုတ်ပြီးနောက် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

သင့်ရဲ့ ခြေဖဝါးက အသားမာတွေအတွက် စိတ်ပူစရာ မလိုတော့တာကို တွေ့ကြုံ ခံစားရပါလိမ့်မယ်။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ခႏၶာကိုယ္ သြယ္လ် ေစရန္ နမ္းပါရႈပါ
Health
ခႏၶာကိုယ္ သြယ္လ် ေစရန္ နမ္းပါရႈပါ

ခႏၶာကိုယ္ သြယ္လ် ေစရန္ နမ္းပါရႈပါ သင့္ ခႏၶာကိုယ္ကို သြယ္လ်ေစရန္ စားသုံးရန္ မဟုတ္ပဲ နမ္းရန္ ရႈရန္အစာ ငါးမ်ိဳးရွိတယ္ ဆိုတာသင္ သိပါရဲ႕လား အခ်ိဳ႕ အနံေတြဟာ ရႈရႈိက္ မိတဲ့အခါမ်ိဳးမွာ သင့္ကို အစာစားခ်င္စိတ္ ျဖစ္ေအာင္ ျမဴဆြယ္တတ္ၾကသလို အခ်ိဳ႕ အနံေတြကေတာ့ အစာစားခ်င္စိတ္ကို ေလ်ာ့ပါးေစပါတယ္ ၊ အခု ေဖာ္ျပမဲ့အစားအစာ ေတြဟာ သူတို႔ရဲ႕အနံကို ရႈသြင္းလိုက္တာနဲ႔တင္ သင့္ကို အစာစားခ်င္စိတ္ ေလွ်ာ့ခ်ေပးၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေအာင္ ကူညီႏိုင္ပါတယ္ ။ သံလြင္ဆီ စစ္စစ္”” ဂ်ာမန္ သုေတသနပညာရွင္ တို႔ရဲ႕ေလ့လာ ေတြ႕ရွိမႈ တစ္ခုအရ သံလြင္ဆီ စစ္စစ္ကို အနံ႔ ရႈရႈိက္လိုက္တဲ့အခါမွာ …

က်န္းမာေစရန္ ေန႔စဥ္ လိုက္နာဖို႔
Health
က်န္းမာေစရန္ ေန႔စဥ္ လိုက္နာဖို႔

က်န္းမာေစရန္ ေန႔စဥ္ လိုက္နာဖို႔ အခုလို အခ်ိန္ကာလမွာ သင့္အတြက္ က်န္းမာေရးဟာ အဓိကက်တဲ့ အခ်က္ပဲ မဟုတ္ပါလား….. သင့္က်န္းမာေရး အတြက္ အဓိကက်ျပန္တဲ့ အခ်က္သုံးခ်က္ကေတာ့ ကိုယ္ခံ စြမ္းအားစနစ္ေကာင္းမြန္ ေစဖို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ ကိုယ္ အေလးခ်ိန္ ေလွ်ာ့က်ေနဖို႔ စတာေတြပဲ ဖစ္ပါတယ္ ။ ဒီလို အခ်က္သုံးခ်က္ကို တစ္ၿပိဳင္ထဲ ရယူႏိုင္ဖို႔ ေန႔စဥ္ သင္လိုက္နာရမဲ့ အခ်က္ေတြရွိပါတယ္ ။ အဆင္ေျပ လြယ္ကူေသာ ေလ့က်င့္ခန္း သင့္ရဲ႕ ေန႔တစ္ေန႔တာမွာ သင့္အတြက္ ခက္ခဲ ပင္ပန္းျခင္း မရွိတဲ့ ေလ့က်င့္ခန္းမ်ိဳး… ဥပမာ အိပ္ထ မတင္ ထိုင္ထ စတဲ့ ကရိယာလြတ္ ေလ့က်င့္ခန္း …

ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ
Health
ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ

ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ လူတိုင္းလူတိုင္းဟာ တစ္ေန႔တာ ၿပီးဆုံးခ်ိန္မွာ လုံေလာက္စြာ အိပ္စက္ အနားယူဖို႔ လိုအပ္ပါတယ္။ တစ္ေန႔ကို ညစဥ္ ၇ နာရီကေန ၉ နာရီ အထိ လုံေလာက္တဲ့ အိပ္စက္မႈ လိုအပ္ပါတယ္ဆိုတာကို အိပ္စက္မႈဆိုင္ရာ အထူးကုဆရာဝန္မ်ားက ဆိုထားပါတယ္။ သင္ဟာ အဲဒီလို လုံေလာက္တဲ့ အိပ္စက္မႈမ်ိဳး မရခဲ့ဘူး။ အိပ္ေပ်ာ္ဖို႔ ခဲယဥ္းၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္မႈေတြ ျဖစ္ေနၿပီဆိုရင္ က်န္းမာေရးဆိုင္ရာျပႆနာ တစ္ခုခုကို သင္ ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။ အိပ္ေရးပ်က္ေစႏိုင္တဲ့ က်န္းမာေရးျပႆနာေတြကေတာ့ (စိတ္ဓာတ္က်ျခင္း) သင္ဟာ စိတ္ဓာတ္က်ေနတဲ့အတြက္ စိတ္အားငယ္ၿပီး ဝမ္းနည္းျခင္း လကၡဏာတစ္မ်ိဳးထည္းျဖစ္ေနတယ္လို႔ မထင္လိုက္ပါနဲ႔။ စိတ္က် ေဝဒနာ …