
International-news







မောင်ယဿ


Unicode

အော်ပရာဝင်းဖရေးက သူမ နေတဲ့ မြို့တွေကို ကန်ဒေါ်လာ ၁၂ သန်းလှူ

အမေရိကန်က မီဒီယာ လုပ်ငန်းလုပ်တဲ့ စတားကြီး အော်ပရာ ဝင်းဖရေးက သူမရဲ့ အိမ်လို့ ခေါ်တဲ့ သူမ နေခဲ့ တဲ့မြို့တွေကို ကော်ရိုနာ ဗိုင်းရက် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဖို့ အတွက် ဒေါ်လာ ၁၂ သန်း လှူခဲ့ ပါတယ် ။ သူမက သူမပိုင် အော်ဖရာဝင်းဖရေး ကောင်းမှု ဖောင်ဒေးရှင်းကနေ ဒုက္ခရောက် နေတဲ့ မိသားစုတွေ အတွက် အလှူလုပ်ခဲ့ တာပါ ။ ဘာတီမိုး ၊ ချီကာဂို ၊ မိုင်ဝူကီ ၊ နတ်ရှ်ဗီးလ် ၊ကိုဆီယက်ကို နဲ့ မစ္စစ္စပီ မြို့တွေက စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူတွေကို အထောက်အပံ့ လုပ်ပေး တာပါ ။

TMZ သတင်းဌာန အဆိုအရ သူမက နဂိုကတည်းက လူမှုဒုက္ခတွေ ခံစားနေရတဲ့ အောက်ခြေလူတန်းစားတွေမှာ ကော်ရိုနာဗိုင်းရက် လာကပ်လို့ လဲရာ သူခိုးထောင်း သလို ဖြစ်နေပါတယ် ။ အဲ့လို ဖြစ်နေတာက လူ့အသိုက်အမြုံ လို ဖြစ်နေတဲ့အတွက် ထွက်ပေါက် မှားတွေ မဖြစ်ဖို့ သူမတို့လို ငွေကြေး ချမ်းသာသူတွေ အနေနဲ့ ပိုင်ဆိုင်မှုကို ဝေမျှ ပေးသင့်တယ်လို့ သူမက အခြား သူဌေး သူကြွယ်တွေကိုလည်း စည်းရုံးခဲ့ ပါသေးတယ် ။

“ကံမကောင်းတဲ့ သူတွေ ဘယ်လို ကူညီရမယ်ဆိုတာကို ရှင်တို့ ကိုယ်တိုင် စဉ်းစားကြည့်ပါ ။ ကျမတို့ ဖြတ်သန်းခဲ့ ရတဲ့ နောက်ခံနဲ့ အနီးပတ်ဝန်းကျင် တွေကို ပြုစု ပျိုးထောင်နိုင်မှ ကျမတို့က ဘယ်လို နေရာမျိုးတွေမှာ ရှင်သန် ကြီးပြင်း ခဲ့ရတယ် ဆိုတာကို လူတွေ လေးစားမှာပါ ။ အဲ့ဒါက အလွန် အရေးကြီး ပါတယ် ။ အခု ကျမက အမြဲလို ပြောတဲ့ ကျမအိမ်လို့ ခေါ်တဲ့မြို့ ၅ မြို့ကို အလှူလုပ်ခဲ့ ပါတယ်”လို့ ဆိုတယ် ။

ဒေသခံ တစ်သောင်းကျော်ကို နေ့စဉ် ထမင်းကျွေးနေတဲ့ ဘက်ပတစ် ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို ကန်ဒေါ်လာ ၂ သန်း လှူခဲ့ပါတယ် ။ ချီကာဂို ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်တဲ့စေတနာဝန်ထမ်း အဖွဲ့ တွေကို ဒေါ်လာ ၅ သန်း ပေးခဲ့ ပါတယ် ။ အဓိက ကတော့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ငွေကြေး မတတ်နိုင် တဲ့သူတွေကို စေတနာ့ ဝန်ထမ်းတွေ ထောက်ပံ့နိုင်ဖို့ အတွက် ရည်ရွယ်တာပါ ။

စိတ္တဇ ဆေးရုံ တွေကို ဒေါ်လာ ၁ သိန်း စီနဲ့ အိုးမဲ့ အိမ်မဲ့ တွေ နေထိုင်နိုင်ဖို့ စုပေါင်း အိမ်ရာစီမံကိန်းအတွက်လည်း လှူခဲ့ ပါသေးတယ် ။ သူမရဲ့ မွေးရပ်မြေ ဖြစ်တဲ့ အရှေ့မစ္စစ္စပီက ကောင်လေး ကောင်မလေးများ အသင်းကို ရန်ပုံငွေ အဖြစ် ကန်ဒေါ်လာ ၁၁၅၀၀၀ ကိုလည်း လှူဖြစ်ပါတယ် ။ ဆေးဝန်ထမ်းတွေ အတွက် ကန်ဒေါ်လာ ၁ သန်း နဲ့ အစားအသောက် ဘဏ်တွေကို ကန်ဒေါ်လာ ၁ သန်း ကို ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း လှူခဲ့ ပါသေးတယ် ။

မောင်ယဿ

REF: Asian one / Photo;reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို
International-news
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို မနေ့က ဂျပန်နိုင်ငံ အမေရိကန်စစ်တပ်ဦးစီးမှူးက တောင်တရုတ် ပင်လယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု တွေကို ဖိအားပေးရန်အတွက် ကော်ရိုနာဗိုင်းရက်ပြန်နှံ့မှုကို အယောင်ပြ လှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ ဆိုတယ် ။ သူက လက်ရှိ တောင်တရုတ်ပင်လယ် အတွင်းမှာ တရုတ်တို့ရဲ့ စစ်အင်အားတိုးမြှင့် နေခြင်းနဲ့ ပတ် သက်ပြီး အခုလို ဆိုလိုက်ခြင်း ဖြစ်ပါတယ် ။ ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ သူက “ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ တရုတ်နိုင်ငံတင် မကဘူး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကော်ရိုနာဗိုင်းရက် ကိစ္စနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ် ။ ဒါပေမဲ့ …

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …