ေအာ္စကာဆု ဆန္ခါတင္ Parasite က ႐ုပ္ရွင္ ဆုေပးပြဲ ၅၇ ခုမွာ ၅၅ ဆုရရွိထား
- By : Phoe Linn
- Category : Entertainment, Knowledge

ေအာ္စကာဆု ဆန္ခါတင္ Parasite က ႐ုပ္ရွင္ ဆုေပးပြဲ ၅၇ ခုမွာ ၅၅ ဆုရရွိထား
ဒါ႐ိုက္တာ ဘြန္ဂြၽန္ဟိုရဲ႕ Parasite ႐ုပ္ရွင္ကို ကမာၻအႏွံ႔မွာ ရွိတဲ့ ႐ုပ္ရွင္ ပြဲေတာ္ေတြမွာ လိုက္လံျပသရာ ပြဲေတာ္ ၅၇ ခုမွာ ေခါင္းစဥ္ ၆ ခု အတြက္ စုစုေပါင္း ဆု ၅၅ ဆု ရရွိထားတယ္လို႔ ႐ုပ္ရွင္ ထုတ္လုပ္ေရး ကုမၸဏီ CJEMN က ေသာၾကာေန႔က ေျပာၾကားလိုက္ပါတယ္။ ။
၂၀၁၉ ေမလကစၿပီး အစြန္းေရာက္မိသားစု၂ ခုရဲ႕ လူတန္းစားျပႆနာကို တင္ျပထားတဲ့ အဲ့ဒိကားက ကိန္း႐ုပ္ရွင္ပြဲေတာ္မွာလည္း အျမင့္ဆုံးဆုျဖစ္တဲ့ ေ႐ႊအုန္းပင္ဆုကို ရရွိခဲ့ပါတယ္။ ၂၀၁၉မွာ ႐ုပ္ရွင္ေလာကရဲ႕ မူကြဲပုံစံတစ္ခုကို ခ်ျပႏိုင္လို႔ အမ်ားအျပားေထာက္ခံမႈ ရရွိခဲ့ပါတယ္။ ၂၀၁၉ ဆစ္ဒနီ ႐ုပ္ရွင္ပြဲေတာ္မွာလည္း အျမင့္ဆုံးဆုျဖစ္တဲ့ ဇာတ္ကားဆုကို ရရွိခဲ့သလို ၾသဂုတ္လထဲမွာ က်င္းပခဲ့တဲ့ ဆြစ္ဇာလန္ႏိုင္ငံ လိုကာႏို ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ ဇာတ္ကားထဲမွာ ပိုက္ဆံျခဴး တစ္ျပားမွမရွိတဲ့ မိသားစုတစ္ခုကို ဦးေဆာင္တဲ့ အေဖတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရတဲ့ မင္းသား ေဆာင္ေကာင္းဟို က အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု ရရွိခဲ့ပါတယ္။
ကယ္လ္ဂါရီ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ လို ေျမာက္အေမရိက ဥေရာပ အာရွ နဲ႔ အေရွ႕အလယ္ပိုင္း က ႐ုပ္ရွင္ပြဲေတာ္ေတြမွာ ဆုေတြ ရခဲ့ပါတယ္ ၊ မြန္ဂိုလီးယားက ယူလာအန္ဘာအာတာ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ နဲ႔ အီရတ္က စလီမန္းနီး ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ ေတြမွာလည္း ဆုရခဲ့ပါတယ္။ Parasite ကို ေျမာက္အေမရိကားမွာ ေအာက္တိုဘာလမွာ တင္ေတာ့ ေတာ္ေတာ္မ်ားမ်ား ေဝဖန္ေရးေတြက အသားေပး ေရးသားခဲ့ၾကတယ္။ ေလာ့စ္အန္ဂ်လိစ္ ၊ခ်ီကာဂို ၊ တို႐ြန္တို ဆန္ဒီေရဂို တို႔လို ၿမိဳ႕ႀကီးေတြမွာ တင္ေတာ့ ေဝဖန္ေရးဆရာေတြက အေကာင္းဆုံး႐ုပ္ရွင္ အေကာင္းဆုံးဇာတ္ၫႊန္း အေကာင္းဆုံးႏိုင္ငံျခားစကားေျပာ႐ုပ္ရွင္ ဆုေတြရႏိုင္တယ္လို႔ ထင္ေၾကး ေပးခဲ့ၾကတယ္။
၂၀၂၀ ထဲဝင္လာတဲ့အထိ ေ႐ႊကမာၻလုံးဆု အျဖစ္အေကာင္းဆုံး ႏိုင္ငံျခားစကားေျပာ ဆုကိုရခဲ့တဲ့အထိ အရွိန္က မက်ခဲ့ပါဘူး။ Parasite ကို ေဟာလီးဝုဒ္ ႏိုင္ငံျခား ႐ုပ္ရွင္ကားအသင္းက ပထမဆုံး ေတာင္ကိုရီးယား ႐ုပ္ရွင္ကို ဆုရရွိေရးအတြက္ လုံးပမ္းေနခဲ့ၾကပါတယ္။ အခုက်င္းပမယ့္ ေအာ္စကာဆု ေပးပြဲမွာလည္း ဆန္ခါတင္ ၆ ေနရာ အေ႐ြးခံထားရပါတယ္။ CJEMNကေတာ့ ဒါ႐ိုက္တာဘြန္ကေတာ့ အေမရိကန္ ႐ုပ္ရွင္ေလာကထဲမွာ ရွင္သန္ဖို႔ အခြင့္အေရး တစ္ခုေလာက္ေတာ့ ရမယ္ထင္တယ္လို႔ ေျပာပါတယ္။
ေမာင္ယႆ REF:MSN photo :drama milk
Unicode
အော်စကာဆု ဆန်ခါတင် Parasite က ရုပ်ရှင် ဆုပေးပွဲ ၅၇ ခုမှာ ၅၅ ဆုရရှိထား
ဒါရိုက်တာ ဘွန်ဂျွန်ဟိုရဲ့ Parasite ရုပ်ရှင်ကို ကမ္ဘာအနှံ့မှာ ရှိတဲ့ ရုပ်ရှင် ပွဲတော်တွေမှာ လိုက်လံပြသရာ ပွဲတော် ၅၇ ခုမှာ ခေါင်းစဉ် ၆ ခု အတွက် စုစုပေါင်း ဆု ၅၅ ဆု ရရှိထားတယ်လို့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ CJEMN က သောကြာနေ့က ပြောကြားလိုက်ပါတယ်။ ။
၂၀၁၉ မေလကစပြီး အစွန်းရောက်မိသားစု၂ ခုရဲ့ လူတန်းစားပြဿနာကို တင်ပြထားတဲ့ အဲ့ဒိကားက ကိန်းရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေအုန်းပင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၉မှာ ရုပ်ရှင်လောကရဲ့ မူကွဲပုံစံတစ်ခုကို ချပြနိုင်လို့ အများအပြားထောက်ခံမှု ရရှိခဲ့ပါတယ်။ ၂၀၁၉ ဆစ်ဒနီ ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆုဖြစ်တဲ့ ဇာတ်ကားဆုကို ရရှိခဲ့သလို သြဂုတ်လထဲမှာ ကျင်းပခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ လိုကာနို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဇာတ်ကားထဲမှာ ပိုက်ဆံခြူး တစ်ပြားမှမရှိတဲ့ မိသားစုတစ်ခုကို ဦးဆောင်တဲ့ အဖေတစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ မင်းသား ဆောင်ကောင်းဟို က အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။
ကယ်လ်ဂါရီ နိုင်ငံတကာရုပ်ရှင်ပွဲတော် လို မြောက်အမေရိက ဥရောပ အာရှ နဲ့ အရှေ့အလယ်ပိုင်း က ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရခဲ့ပါတယ် ၊ မွန်ဂိုလီးယားက ယူလာအန်ဘာအာတာ နိုင်ငံတကာရုပ်ရှင်ပွဲတော် နဲ့ အီရတ်က စလီမန်းနီး နိုင်ငံတကာရုပ်ရှင်ပွဲတော် တွေမှာလည်း ဆုရခဲ့ပါတယ်။ Parasite ကို မြောက်အမေရိကားမှာ အောက်တိုဘာလမှာ တင်တော့ တော်တော်များများ ဝေဖန်ရေးတွေက အသားပေး ရေးသားခဲ့ကြတယ်။ လော့စ်အန်ဂျလိစ် ၊ချီကာဂို ၊ တိုရွန်တို ဆန်ဒီရေဂို တို့လို မြို့ကြီးတွေမှာ တင်တော့ ဝေဖန်ရေးဆရာတွေက အကောင်းဆုံးရုပ်ရှင် အကောင်းဆုံးဇာတ်ညွှန်း အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင် ဆုတွေရနိုင်တယ်လို့ ထင်ကြေး ပေးခဲ့ကြတယ်။
၂၀၂၀ ထဲဝင်လာတဲ့အထိ ရွှေကမ္ဘာလုံးဆု အဖြစ်အကောင်းဆုံး နိုင်ငံခြားစကားပြော ဆုကိုရခဲ့တဲ့အထိ အရှိန်က မကျခဲ့ပါဘူး။ Parasite ကို ဟောလီးဝုဒ် နိုင်ငံခြား ရုပ်ရှင်ကားအသင်းက ပထမဆုံး တောင်ကိုရီးယား ရုပ်ရှင်ကို ဆုရရှိရေးအတွက် လုံးပမ်းနေခဲ့ကြပါတယ်။ အခုကျင်းပမယ့် အော်စကာဆု ပေးပွဲမှာလည်း ဆန်ခါတင် ၆ နေရာ အရွေးခံထားရပါတယ်။ CJEMNကတော့ ဒါရိုက်တာဘွန်ကတော့ အမေရိကန် ရုပ်ရှင်လောကထဲမှာ ရှင်သန်ဖို့ အခွင့်အရေး တစ်ခုလောက်တော့ ရမယ်ထင်တယ်လို့ ပြောပါတယ်။
မောင်ယဿ REF:MSN photo :drama milk
No Comments