Sport
Unicode
အောက်သင်းတွေ အားကောင်နိုင်တဲ့ ပရီးမီးယာလိဂ် ပွဲစဉ်၂၆
ပရီးမီးယားလိဂ်ပွဲစဉ်၂၆ ကတော့ အခြားသီတင်းပတ်တွေနဲ့ မတူပဲကွဲကွဲပြားပြားတွေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အဲဗာတန်-ခရစ္စတယ်ပဲလေ့ (၃-၁) ၊ ဘရိုက်တန်- ဝက်ဖို့ဒ် (၁-၁) နဲ့ ရှက်ဖီး- ဘုန်းမောက် (၂-၁) တို့ ကစားခဲ့ပြီး ဒီအပတ် သောကြာညမှာ ဝုဗ်နဲ့ လက်စတာ ၊ စနေညမှာ ဆောက်သမ်တန်နဲ့ဘန်းလေ ၊ နော့ဝစ်ချ်နဲ့လီဗာပူး တို့ ကစားကြမှာပါ။ တနင်္ဂနွေ ညမှာတော့ ဗီလာနဲ့ စပါး ၊ အာကြီးနဲ့နယူးကာဆယ်တို့ ကစားကြပါမယ်။ တနလာၤညမှာ ချယ်လ်ဆီးနဲ့ မန်ယူ၊ ဗုဒ္ဓဟူး ညမှာ မန်စီတီးနဲ့ ဝက်စ်ဟမ်း တို့ကစာ း ကြမှာဖြစ်ပါတယ်။ အောက်သင်းတွေအတွက် စိန်ခေါ်မှု ကြီးတယ်ဆိုပေမဲ့ ပျော်စရာကောင်းတာတော့အမှန်ပါပဲ။
ဝုဗ် နဲ့ လက်စတာ(၁-၁) ။။ အိမ်ကွင်းတစ်ရာသီလုံး၄ပွဲပဲရှုံးထားတဲ့ ဝုဗ်ရဲ့ ခံစစ် အားနဲ့ နာလန်ပြန်ထလာတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီတို့ရဲ့ အားပြိုင်ပွဲပါပဲ။ မန်စီတီးက ကြာသပတေးနေ့ရောက်မှ ပွဲစဉ်၂၆ အတွက် ဝက်စ် နဲ့ ကန်မှာဖြစ်လို့ ဒီပွဲမှာ လက်စတာ နိုင်လိုက်ရင် လီဗာပူးနောက်မှာကပ်ပြီး ဇယားရဲ့ ဒုတိယနေရာကိုရောက်သွားမှာပါ။ ဝုဗ်ကလည်း ဥရောပ ပြိုင်ပွဲ ဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေလို့ အားထုတ်ကစားမှာပါ။ လက်စတာက ကစားပုံပိုကောင်းလို့ အနိုင်ကို မျှော်လင့်ရပေမဲ့ သရေ ရလဒ် ဖြစ်ဖို့ပိုများ ပါတယ်။
နော့ဝစ်ချ်နဲ့ လီဗာပူး(၂-ဝ) ။ ။လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြီးခဲ့တဲ့ရှုးဗယ်ရီနဲ့ပွဲမှာ အသင်းကြီးကို အနားပေးထားလိုက်တဲ့အတွက် အားအပြည့် နဲ့ ဖြစ်နေပါတယ်။ နောက်ပြီးတော့ ဆာဒီယို မန်နီကလည်း ပွဲပယ်ပြစ်ဒဏ်က လွတ်သွားပြီ မို့လို့ လီဗာပူးက သူ့ထုံစံအတိုင်း ဝုန်ဒိုင်းကျဲ ကစားနိုင်တော့မှာပါ။ ဆာလတ်ကလည်း သူ့အကောင်းဆုံးပုံစံကိုပြန်ရနေပါတယ်။အိမ်ကွင်းမှာ လီဗာပူးကိုထိန်းချုပ်ဖို့မလွယ် လောက် ပါဘူး။ လီဗာပူးအနိုင်ပါ။ ဂိုးများနိုင်ပါတယ်။
ဆောက်သမ်တန် နဲ့ ဘန်းလေ(၁-၁)။။အိမ်ရှင်အသင်း အနေနဲ့ ဧည့်သည်အသင်းကို အထင်သေးလို့မရတဲ့ပွဲပါ။ မန်ယူ တို့ လက်စတာစီးတီး တို့လိုအသင်းတွေကို ဆုံးမလာခဲ့တဲ့ ဘန်းလေကို ဆောက်သမ်တန်လျှော့တွက်လို့မရပါဘူး။ဆောက်သမ်တန်က ဒုတိယပိုင်းရောက်လာရင် ကာစားပုံးကောင်း တတ်တယ်။ ဒါကြောင့် ပထမပိုင်းမှာ ဘန်းလေဂိုးသွင်နိုင်ရင် သရေ ရလဒ်ကိုမျှော်လင့်လို့ ရပေမဲ့ ပထမပိုင်းဂိုးမသွင်းနိုင်ရင် ဆောက်သမ်တန် အနိုင်ဖြစ်နိုင်ပါတယ်။
အာဆင်နယ် နဲ့ နယူကာဆယ် (၂-ဝ) ။။ အာဆင်နယ်အတွက်က တော့ ဥရောပ ပြိုင်ပွဲတစ်နေရာ ဝင်ဖို့ ရှေ့ကိုတစ်လှမ်းတိုး တယ်လို့ပဲဆိုရမှာပါ။ အိမ်ကွင်းအားသာချက်တစ်ခုနဲ့ နယူးကာဆယ်ကို အနိုင်ကစားသွားမှာပါ။ အာဆင်နယ်နည်းပြသစ် အာတီတာရဲ့ လက်စွမ်းပြပွဲလို့ ပြောရမယ်ထင်တယ်။ နယူကာဆယ်အိမ်ကွင်းမှာတောင် အနိုင်ကန်ထားခဲ့တာ ကိုယ့်အိမ်ကွင်းမှာတော့ သေချာပါတယ်။ အိမ်ကွင်းအနိုင်ပါ။
အက်စတန်ဗီလာနဲ့ စပါး (၁-၂)။။ ဒီတစ်ပတ်အတွက် ပွဲကောင်းတစ်ပွဲလို့ပြောရမှာပါ။ ဖျော်ဖြေရေးဆန်ဆန် ကစားသွားကြမှာပါ။ ကစားကွက်လှလှလေးတွေ အချိပ်အဆက်ကောင်းကောင်းလေးတွေကို ကြည့်ချင်ရင်တော့ ဒီပွဲက အမိုက်ဆုံးပါပဲ။ ရမှတ် ၂၅မှတ်ထဲရထားတဲ့ ဗီလာက အိမ်ကွင်း အနိုင်အတွက် ရုန်းချင်ပေမဲ့ မော်ရင်ဟိုရဲ့ ဘောလုံးထိန်းနည်းဗျူဟာကကောင်းနေတော့ ပြဿနာရှိနေတယ်။ စပါးက ဘောလုံးထိန်းပြီး ဗီလာနောက်တန်းကို ဖောက်ဝင်မှာပါ။ စပါးကိုအနိုင်ပေးထားပါတယ်။ဗီလာရဲ့ ပြဿနာက အဓိက ကစားသမားတွေ ဒဏ်ရာရပြီးအရန်ခုံမှာထိုင်နေရတာကြောင့်ပါ။
ချယ်ဆီးနဲ့မန်ယူ (၂-၁) ။။ တနလာၤနေ့ညမှာတွေ့ကြမယ့် ကစားပွဲပါ။နောက်ဆုံး ကန်ခဲ့တဲ့ ၅ ပွဲမှာ ၂သင်းလုံး ၁ပွဲသာအနိုင်ရထားပါတယ်။ မန်ယူ ဘော့စ် ဆိုးရှား ရဲ့ကွင်းလယ်အလှုတ်က ဘယ်လောက်ထိလှုတ်နိုင်မယ်ဆိုတာကို ကြည့်ရမှာပါ။ အိမ်ကွင်းချယ်ဆီးရဲ့ ခပ်ကြမ်းကြမ်း တုံ့ ပြန်မှုကို မန်ယူ ကြုံရလိမ့်မယ်။ လူငယ်တွေ စိတ်မထိန်းနိုင်ရင်တော့ ချယ်လ်ဆီးက စားသွားလိမ့်မယ်။ လမ်းပတ်က မော်ရင်ဟိုဆီက စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဆွပြီးကစားတဲ့ဟန်ကို အတုယူပြီးလုပ်လိမ့်မယ် ။ မှားတဲ့ဘက်က အရှုံးပဲ။ သရေဆိုတာမရှိပါဘူး။ အိမ်ကွင်းကိုပဲအားပေမယ်။
မန်စီးတီးနဲ့ ဝက်စ်ဟမ်း (၃-၁)။။ မန်စီတီးက ပြီးခဲ့တဲ့ ပွဲတုန်းက စပါးကိုအိမ်ကွင်းမှာရှုံးသွားလို့ အသည်းပေါက် ပြီး အောက်တန်းဆင်းဇုံထဲက ဝက်စ်ဟမ်းကို အမုန်းဆွဲမယ်လို့ ထင်လိုက်ရင်မှားသွားပါမယ်။ ဝက်စ်ဟမ်းက အဝေးကွင်းဆိုရင် မထင်တာတွေလုပ်တတ်လို့ အပေါ်အသင်း ကိုလွတ်ပြီး ယုံလို့မရပါဘူး။ ဂိုးတွေအများကြီး အပြတ်နိုင်ပေမဲ့ ဂိုတွေကတော့အများကြီးသွင်းသွားမှာပါ။ မန်စီတီး အနိုင်ကတော့ သေချာပါတယ်။
မောင်ယဿ REF: foot ball predition .com photo;youtube
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ
Sport
ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ
ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ “ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ။ သူတို့ အောင်ပွဲခံနေတာက ဖလားပဲ အခု ရတော့မယ့်ပုံစံမျိုးနဲ့ အောင်ပွဲခံ နေကြတယ် ။ တကွင်းလုံး ပတ်ပြေးပြီးတော့ လုပ်ပြ နေကြတယ် ။ နောက်လမှာ ကျနော်တို့ အန်းဖီးကွင်းမှာ ပြန်တွေ့ ကြမယ့် ဟာကို “လို့ မကျေမချမ်းနဲ့ ပြောသွား သူကတော့ လီဗာပူးကစား သမား စကော်တလန်သား အန်ဒီရောဘတ်ဆန်ပဲ ဖြစ်ပါတယ် ။ မနေ့ညက စကစားတဲ့ ချိန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲမှာ လီဗာပူး အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ …
ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ
Sport
ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ
ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ ပြီးခဲ့တဲ့ တနလာင်္နေ့ညက ချယ်ဆီးအသင်းကို ၂-၀ ဂိုး နဲ့ နိုင်လိုက်တဲ့အတွက် မန်ယူအသင်းက လာမည့်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ နဲ့ နီးစပ်သွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားမှာ ၂၆ ပွဲ ကစားထားပြီး ၃၈ မှတ် နဲ့ အဆင့် ၇ နေရာမှာရပ် တည်နေပါ တယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီး နဲ့ ၃ မှတ်သာ ကွာပြီး နောက်ပွဲတွေ အလားအလာကော င်းပါက ယူရိုပါလိဂ် အပြင် ချန်ပီယံ လိဂ် ဝင်ခွင့်တစ်နေရာ ရနိုင်ပါတယ်။ နောက်တစ်ချက်က ဇယားမှာ နံပတ်၂ …
မန်စီးတီးကထွက်လာပြီး ဂျူဗီကိုလာလိုက်ပေါ့လို့ ဒယ်ပီယာရိုဆို
Sport
မန်စီးတီးကထွက်လာပြီး ဂျူဗီကိုလာလိုက်ပေါ့လို့ ဒယ်ပီယာရိုဆို
မန်စီးတီးကထွက်လာပြီး ဂျူဗီကိုလာလိုက်ပေါ့လို့ ဒယ်ပီယာရိုဆို ဂျူဗီ အသင်းနဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး ဒယ်ပီယာရိုက ဥရောပ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံလိုက်ရတဲ့မန်စီးတီးကို နည်းပြနေမယ့်အစား ဂျူဗင်တပ်အသင်းကိုလာပြီးစိန်ခေါ်မှု အသစ်ကိုရင်ဆိုင်ဖို့ ကြိုးစားသင့် တယ် ဆို တဲ့ အကြောင်း ပြော သွား ပါ တယ်။ ဒယ်ပီယာရိုဆိုတာ အီတလီစီရီးအေဖလား ၈ကြိမ်နဲ့ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား ၁ကြိမ် စီရထားတဲ့မဟာ တိုက်စစ်မှူးတစ်ယောက် ပါ။ ကမ္ဘာ့စံချိန်တင်ကြေးသူ့ခောတ်နဲ့သူ့အခါက ရခဲ့တဲ့သူပါ။ သူက မန်စီတီးနည်းပြ ဂွာဒီယိုလာကို စိန်ခေါ်မှု အသစ်ဖြစ်တဲ့ အီတလီစီရီးအေမှာ နည်းပြလာလုပ်သင့်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဂွာဒီယိုလာက စပိန်လာလီဂါဖလား ၊ ဂျာမဏီ ဘွန်ဒစ်လီဂါ ဖလားနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဖလားတွေကို ရရှိပြီးပြီ …