ေဟာလီးဝုဒ္ ကြန္ျမဴနစ္ မင္းသားႀကီး ခရစ္ေဒါက္ကလပ္ (၁၀၃ႏွစ္) ကြယ္လြန္

ေဟာလီးဝုဒ္ ကြန္ျမဴနစ္ မင္းသားႀကီး ခရစ္ေဒါက္ကလပ္ (၁၀၃ႏွစ္) ကြယ္လြန္
Entertainment

ေဟာလီးဝုဒ္ ကြန္ျမဴနစ္ မင္းသားႀကီး ခရစ္ေဒါက္ကလပ္ (၁၀၃ႏွစ္) ကြယ္လြန္

၁၉၆၀ ခုႏွစ္ေလာက္က စပါတာကတ္ ႐ုပ္ရွင္ေတြနဲ႔ နာမည္ႀကီးခဲ့တဲ့ ေဟာလီးဝုဒ္ ဂႏၴဝင္မင္းသားႀကီး ခရစ္ေဒါက္ကလပ္က အသက္ ၁၀၃ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ၁၉၀၆ ခုႏွစ္ မွာ နယူးေယာက္ခ္မွာ ေမြးခဲ့တဲ့ မင္းသားႀကီးက ေဟာလီးဝုဒ္ ေ႐ႊေခာတ္ တစ္ ေလွ်ာက္ လုံး ေက်ာ္ၾကားခဲ့သူပါ။ သူက ၁၉၄၉ ေအာ္စကာ ဆန္ကာတင္မွာ ပါခဲ့ဖူးပါတယ္။ သူက လက္ရွိ ေအာ္စကာဆုရ မင္းသား မိုက္ကယ္ေဒါက္ကလက္ ရဲ႕ဖခင္ပါ။ သား ေဒါက္ကလပ္ကေတာ့ “အေဖကေတာ့ က်ေနာ္တို႔ကို ဝမ္းနည္းစရာ အျပည့္နဲ႔ ထားခဲ့ပါတယ္။

ေဟာလီးဝုဒ္ ေ႐ႊေခာတ္ တစ္ေလွ်ာက္ ေအာင္ျမင္ခဲ့တဲ့ မင္းသား တစ္ေယာက္ျဖစ္ေပမဲ့ က်ေနာ္တို႔အတြက္ ႐ိုးရွင္းတဲ့ အေဖတစ္ ေယာက္ပါ ပဲ။ သူ႔ ေနာက္ဆုံး ေမြးေန႔တုန္းကေတာင္ က်ေနာ္က အေဖ့ကို သိပ္ခ်စ္ပါတယ္။ အေဖ့သား ျဖစ္ရတာ က်ေနာ္တို႔ ဂုဏ္ယူပါတယ္ လို႔ေတာင္ ေျပာခဲ့မိေသးတယ္။ က်ေနာ္နဲ႔ သူ႔ေခြၽးမ ကတ္သရင္းဇီတာဂ်ဳံးက သူ႔ေမြးေန႔မွာ ဓာတ္ပုံ႐ိုက္ၿပီး တြစ္တာေပၚကိုတင္လိုက္ ပါေသးတယ္။ က်ေနာ္တို႔ရဲ႕ က်န္တဲ့ ဘဝမွာ သူ႔ကို လြမ္းေနရမွာပါ” လို႔ဆိုတယ္။

သူက ၁၉၉၆ မွာ ေလျဖတ္ခဲ့ပါတယ္။စကား ေကာင္းေကာင္း မေျပာႏိုင္တာေတာင္ ႐ုပ္ရွင္ထဲမွာ ပါခ်င္ေနပါေသးတယ္။ သူက စကားမ ေျပာႏိုင္ဘဲ ႐ုပ္ရွင္႐ိုက္ခ်င္ေတာ့ ဟန္နဲ႔ပဲ သ႐ုပ္ေဆာင္ရေတာ့တာေပါ့ ၊ အသံတိတ္ကားေတြ ျပန္ေပၚလာရင္ ေကာင္းမယ္လို႔ လို႔ ရီရီေမာေမာနဲ႔ ေျပာခဲ့ပါေသးတယ္။ သူ႔ကို ကြန္ျမဴနစ္ေတြနဲ႔ အဆက္အသြယ္ရွိတယ္ဆိုၿပီး ေဟာလီးဝုဒ္ ႐ုပ္ရွင္ထုပ္လုပ္သူေတြက အမည္မဲ စာရင္းထဲကို ထည့္ခဲ့တုန္းကဆို သူက အဲ့ဒီအတြက္ ေက်နပ္ခဲ့ရပါတယ္။ သူက က်န္တဲ့ ဘဝမွာလည္း ကြန္ျမဴနစ္အျဖစ္ စြတ္စြဲ တာကို ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။

ေနာက္ပိုင္းက်မွ ေဒၚတန္ထရမ္ဘိုက စပါတာကတ္ ႐ုပ္ရွင္ကားကို ႐ိုက္ၿပီး ေဟာလီးဝုဒ္မွာအသက္ ဆက္ရွင္ ခဲ့ပါတယ္။ ေဟာလီးဝုဒ္႐ုပ္ရွင္ လုပ္ငန္းခြင္ေတြထဲမွာ လူငယ္ေတြ က သူ႔ကို သေဘာ က်ၾကပါတယ္။ သူ႔ရဲ႕ ေဆာင္ပုဒ္က ေတာ့ မင္းမေသခင္မွာ အျခားလူေတြရဲ႕ အက်ိဳးကို လုပ္ေဆာင္ခဲ့ပါလို႔ အၿမဲ ေျပာပါတယ္။ အဲဒါေၾကာင့္ သူ႔သား နဲ႔ ေခြၽးမက ပညာေရးနဲ႔ ပတ္သက္လာရင္ သန္းေပါင္း မ်ားစြာေသာ ေဒၚလာေတြကို အသုံး ျပဳခဲ့ပါတယ္။ အခုေတာ့ ေဟာလီးဝုဒ္က ကြန္ျမဴနစ္ႀကီး ေႂကြလႊင့္ခဲ့ပါၿပီ။

ေမာင္ယႆ ref; bbc photo:

Unicode

ဟောလီးဝုဒ် ကွန်မြူနစ် မင်းသားကြီး ခရစ်ဒေါက်ကလပ် (၁၀၃နှစ်) ကွယ်လွန်

၁၉၆၀ ခုနှစ်လောက်က စပါတာကတ် ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ် ဂန္ထဝင်မင်းသားကြီး ခရစ်ဒေါက်ကလပ်က အသက် ၁၀၃ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၀၆ ခုနှစ် မှာ နယူးယောက်ခ်မှာ မွေးခဲ့တဲ့ မင်းသားကြီးက ဟောလီးဝုဒ် ရွှေခောတ် တစ် လျှောက် လုံး ကျော်ကြားခဲ့သူပါ။ သူက ၁၉၄၉ အော်စကာ ဆန်ကာတင်မှာ ပါခဲ့ဖူးပါတယ်။ သူက လက်ရှိ အော်စကာဆုရ မင်းသား မိုက်ကယ်ဒေါက်ကလက် ရဲ့ဖခင်ပါ။ သား ဒေါက်ကလပ်ကတော့ “အဖေကတော့ ကျနော်တို့ကို ဝမ်းနည်းစရာ အပြည့်နဲ့ ထားခဲ့ပါတယ်။

ဟောလီးဝုဒ် ရွှေခောတ် တစ်လျှောက် အောင်မြင်ခဲ့တဲ့ မင်းသား တစ်ယောက်ဖြစ်ပေမဲ့ ကျနော်တို့အတွက် ရိုးရှင်းတဲ့ အဖေတစ် ယောက်ပါ ပဲ။ သူ့ နောက်ဆုံး မွေးနေ့တုန်းကတောင် ကျနော်က အဖေ့ကို သိပ်ချစ်ပါတယ်။ အဖေ့သား ဖြစ်ရတာ ကျနော်တို့ ဂုဏ်ယူပါတယ် လို့တောင် ပြောခဲ့မိသေးတယ်။ ကျနော်နဲ့ သူ့ချွေးမ ကတ်သရင်းဇီတာဂျုံးက သူ့မွေးနေ့မှာ ဓာတ်ပုံရိုက်ပြီး တွစ်တာပေါ်ကိုတင်လိုက် ပါသေးတယ်။ ကျနော်တို့ရဲ့ ကျန်တဲ့ ဘဝမှာ သူ့ကို လွမ်းနေရမှာပါ” လို့ဆိုတယ်။

သူက ၁၉၉၆ မှာ လေဖြတ်ခဲ့ပါတယ်။စကား ကောင်းကောင်း မပြောနိုင်တာတောင် ရုပ်ရှင်ထဲမှာ ပါချင်နေပါသေးတယ်။ သူက စကားမ ပြောနိုင်ဘဲ ရုပ်ရှင်ရိုက်ချင်တော့ ဟန်နဲ့ပဲ သရုပ်ဆောင်ရတော့တာပေါ့ ၊ အသံတိတ်ကားတွေ ပြန်ပေါ်လာရင် ကောင်းမယ်လို့ လို့ ရီရီမောမောနဲ့ ပြောခဲ့ပါသေးတယ်။ သူ့ကို ကွန်မြူနစ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဟောလီးဝုဒ် ရုပ်ရှင်ထုပ်လုပ်သူတွေက အမည်မဲ စာရင်းထဲကို ထည့်ခဲ့တုန်းကဆို သူက အဲ့ဒီအတွက် ကျေနပ်ခဲ့ရပါတယ်။ သူက ကျန်တဲ့ ဘဝမှာလည်း ကွန်မြူနစ်အဖြစ် စွတ်စွဲ တာကို ကြိုက်နှစ်သက်ခဲ့ပါတယ်။

နောက်ပိုင်းကျမှ ဒေါ်တန်ထရမ်ဘိုက စပါတာကတ် ရုပ်ရှင်ကားကို ရိုက်ပြီး ဟောလီးဝုဒ်မှာအသက် ဆက်ရှင် ခဲ့ပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင် လုပ်ငန်းခွင်တွေထဲမှာ လူငယ်တွေ က သူ့ကို သဘော ကျကြပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က တော့ မင်းမသေခင်မှာ အခြားလူတွေရဲ့ အကျိုးကို လုပ်ဆောင်ခဲ့ပါလို့ အမြဲ ပြောပါတယ်။ အဲဒါကြောင့် သူ့သား နဲ့ ချွေးမက ပညာရေးနဲ့ ပတ်သက်လာရင် သန်းပေါင်း များစွာသော ဒေါ်လာတွေကို အသုံး ပြုခဲ့ပါတယ်။ အခုတော့ ဟောလီးဝုဒ်က ကွန်မြူနစ်ကြီး ကြွေလွှင့်ခဲ့ပါပြီ။

မောင်ယဿ ref; bbc photo:

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …