ေဟာလီးဝုဒ္နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားက သက္သက္လြတ္သမားေတြတဲ့

ေဟာလီးဝုဒ္နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားက သက္သက္လြတ္သမားေတြတဲ့
Entertainment

ေဟာလီးဝုဒ္နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားက သက္သက္လြတ္သမားေတြတဲ့

၂၀၂၀ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ က်င္းပမယ့္ ၉၂ ႀကိမ္ေျမႇာက္ ေအာ္စကာ ဆုေပးပြဲ အတြက္ ဆန္ခါတင္ ေ႐ြးခ်ယ္ပြဲကို ဇန္နဝါရီလ ၂၇ ရက္ေန႔က ဂါဗာနာ ကပြဲခန္းမမွာ က်င္းပခဲ့ပါတယ္။ ဧည့္သည္ေတြကို ေန႔လည္စာနဲ႔ ဧည့္ခံဖို႔အတြက္ တာဝန္ ယူထားတာက စားဖိုမႉးႀကီး ဝုဖ္ေဂါင္ပတ္ခ္ပါပဲ။ သူက ေန႔လည္စာ အမွာကို စိတ္တိုင္းက် ခ်က္ျပဳတ္ေပးခဲ့ေပမယ့္ အမ်ားစုက အသီး အႏွံကိုသာမွာ စားၾကပါတယ္။ သူက ပုံမွန္အတိုင္း ဟင္းပြဲေတြ အတြက္ ျပင္ဆင္မႈေတြ လုပ္လာေပမဲ့ တကယ္အထင္နဲ႔ အျမင္ကို လြဲေခ်ာ္ေစပါတယ္။

ေအာ္စကာဆု ေပးပြဲေန႔မွာ ေကြၽးမယ့္ အစားအစာေတြအတြက္ အရသာကို ဇန္နဝါရီလ ၃၁ ရက္ေန႔က စစ္ေဆးမႈ လုပ္ခဲ့ ပါတယ္။ သူက “ဘယ္သူေတြ ဘာစားမယ္ ဆိုတာကို မေျပာျပႏိုင္ပါဘူး။ က်ေနာ္တို႔မွာ သက္သက္လြတ္ အတြက္ ဟင္းလွ်ာေတြ ရွိပါ တယ္။ အေကာင္းဆုံး အနံ႔ အရသာနဲ႔စားရမွာပါ” လို႔ ဝုဖ္ေဂါင္ပတ္ခ္က ေျပာပါတယ္။ ေအာ္စကာညအတြက္ ဟင္းပြဲေတြကိုေတာ့ စိတ္ႀကိဳက္ ခ်က္ေပးႏိုင္ရန္ စားဖိုမႉး ၂၀၀ နဲ႔ စားပြဲထိုး ၆၀၀ ကို စီစဥ္ထားၿပီး ျဖစ္ပါတယ္။ အားလုံးကို အသား ဟင္းလ်ာေတြထက္ အသီးအ႐ြက္ ပိုင္းဆိုင္ရာဟင္းပြဲ ပိုမိုေလ့လာ ထားဖို႔ ၫႊန္ၾကားထားပါတယ္။

ဝုဖ္က အားလုံး စီစဥ္ထားေပမဲ့ ဘရက္ပစ္နဲ႔ လီယိုနာဒို ဒီကာပရီယို အတြက္ ဘာေတြ ခ်က္ေပးရမယ္ဆိုတာ ကေတာ့ အခက္အခဲ ျဖစ္ေနပါတယ္လို႔ ဆိုတယ္။ သူတို႔ ၂ေယာက္က 0nce upon a time in Hollywood ကားအတြက္ ဇာတ္ပို႔ဆု ဆန္ခါတင္ စာရင္းမွာပါလို႔ ပြဲကို ေသခ်ာေပါက္တက္မွာပါ။ သူတို႔ ၂ ေယာက္လုံးက ပီဇာႀကိဳက္ သူေတြပါ။ ႀကံႀကံ ဖန္ဖန္ ပီဇာေတြကို မွာစားတတ္လို႔ သူတို႔ကို ဂ႐ုစိုက္ ရလိမ့္မယ္။ ေနာက္ၿပီး သူတို႔က သက္သက္လြတ္ သမားေတြ ျဖစ္လို႔ သက္သက္လြတ္ ပီဇာေတြကို အရသာရွိေအာင္ လုပ္ေပးရမွာပါ။ သူတို႔ ၂ ေယာက္လုံး တူတာက ႀကိဳက္ၿပီေဟ့ဆိုရင္ အားရပါးရ စားတာပါ အနည္းဆုံး ၂ ပြဲေလာက္ေတာ့ စားတတ္ပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ေန႔ အေတြ႕အႀကဳံအရ ေအာ္စကာညမွာ သတ္သတ္ လြတ္ ဟင္းပြဲ ၇၀% ၊ အသားနဲ႔ အသီးအ႐ြက္ အေရာ ဟင္းပြဲ ၂၅ % နဲ႔ အသားဟင္းပြဲ ၅% ျဖစ္မယ္လို႔ ခန႔္မွန္းထား ပါတယ္။

ေမာင္ယႆ ref; Hollywood life photo;

Unicode

ဟောလီးဝုဒ်နာမည်ကြီးတော်တော်များများက သက်သက်လွတ်သမားတွေတဲ့

၂၀၂၀ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ၉၂ ကြိမ်မြှောက် အော်စကာ ဆုပေးပွဲ အတွက် ဆန်ခါတင် ရွေးချယ်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဂါဗာနာ ကပွဲခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဧည့်သည်တွေကို နေ့လည်စာနဲ့ ဧည့်ခံဖို့အတွက် တာဝန် ယူထားတာက စားဖိုမှူးကြီး ဝုဖ်ဂေါင်ပတ်ခ်ပါပဲ။ သူက နေ့လည်စာ အမှာကို စိတ်တိုင်းကျ ချက်ပြုတ်ပေးခဲ့ပေမယ့် အများစုက အသီး အနှံကိုသာမှာ စားကြပါတယ်။ သူက ပုံမှန်အတိုင်း ဟင်းပွဲတွေ အတွက် ပြင်ဆင်မှုတွေ လုပ်လာပေမဲ့ တကယ်အထင်နဲ့ အမြင်ကို လွဲချော်စေပါတယ်။

အော်စကာဆု ပေးပွဲနေ့မှာ ကျွေးမယ့် အစားအစာတွေအတွက် အရသာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ဆေးမှု လုပ်ခဲ့ ပါတယ်။ သူက “ဘယ်သူတွေ ဘာစားမယ် ဆိုတာကို မပြောပြနိုင်ပါဘူး။ ကျနော်တို့မှာ သက်သက်လွတ် အတွက် ဟင်းလျှာတွေ ရှိပါ တယ်။ အကောင်းဆုံး အနံ့ အရသာနဲ့စားရမှာပါ” လို့ ဝုဖ်ဂေါင်ပတ်ခ်က ပြောပါတယ်။ အော်စကာညအတွက် ဟင်းပွဲတွေကိုတော့ စိတ်ကြိုက် ချက်ပေးနိုင်ရန် စားဖိုမှူး ၂၀၀ နဲ့ စားပွဲထိုး ၆၀၀ ကို စီစဉ်ထားပြီး ဖြစ်ပါတယ်။ အားလုံးကို အသား ဟင်းလျာတွေထက် အသီးအရွက် ပိုင်းဆိုင်ရာဟင်းပွဲ ပိုမိုလေ့လာ ထားဖို့ ညွှန်ကြားထားပါတယ်။

ဝုဖ်က အားလုံး စီစဉ်ထားပေမဲ့ ဘရက်ပစ်နဲ့ လီယိုနာဒို ဒီကာပရီယို အတွက် ဘာတွေ ချက်ပေးရမယ်ဆိုတာ ကတော့ အခက်အခဲ ဖြစ်နေပါတယ်လို့ ဆိုတယ်။ သူတို့ ၂ယောက်က 0nce upon a time in Hollywood ကားအတွက် ဇာတ်ပို့ဆု ဆန်ခါတင် စာရင်းမှာပါလို့ ပွဲကို သေချာပေါက်တက်မှာပါ။ သူတို့ ၂ ယောက်လုံးက ပီဇာကြိုက် သူတွေပါ။ ကြံကြံ ဖန်ဖန် ပီဇာတွေကို မှာစားတတ်လို့ သူတို့ကို ဂရုစိုက် ရလိမ့်မယ်။ နောက်ပြီး သူတို့က သက်သက်လွတ် သမားတွေ ဖြစ်လို့ သက်သက်လွတ် ပီဇာတွေကို အရသာရှိအောင် လုပ်ပေးရမှာပါ။ သူတို့ ၂ ယောက်လုံး တူတာက ကြိုက်ပြီဟေ့ဆိုရင် အားရပါးရ စားတာပါ အနည်းဆုံး ၂ ပွဲလောက်တော့ စားတတ်ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ အတွေ့အကြုံအရ အော်စကာညမှာ သတ်သတ် လွတ် ဟင်းပွဲ ၇၀% ၊ အသားနဲ့ အသီးအရွက် အရော ဟင်းပွဲ ၂၅ % နဲ့ အသားဟင်းပွဲ ၅% ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။

မောင်ယဿ ref; Hollywood life photo;

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …