ေဟာင္ေကာင္ အေရးနဲ႔ပတ္သက္ၿပီး ျပန္လည္ သုံးသပ္ဖို႔ တ႐ုတ္ကို စက္မႈ ထိပ္သီး ၇ ႏိုင္ငံ တိုက္တြန္း

ေဟာင္ေကာင္ အေရးနဲ႔ပတ္သက္ၿပီး ျပန္လည္ သုံးသပ္ဖို႔ တ႐ုတ္ကို စက္မႈ ထိပ္သီး ၇ ႏိုင္ငံ တိုက္တြန္း
International-news

ေဟာင္ေကာင္ အေရးနဲ႔ပတ္သက္ၿပီး ျပန္လည္ သုံးသပ္ဖို႔ တ႐ုတ္ကို စက္မႈ ထိပ္သီး ၇ ႏိုင္ငံ တိုက္တြန္း

တ႐ုတ္ အစိုးရက ေဟာင္ေကာင္ကြၽန္းကို တစ္ႏိုင္ငံ စနစ္၂ မ်ိဳးဆိုၿပီး ကတိနဲ႔ အဂၤလိပ္လက္ကေန လြဲယူၿပီး ေနာက္ပိုင္းမွာ ေဟာင္ေကာင္ကြၽန္းေပၚကို တစ္ထစ္ခ်င္း ကန႔္သတ္မႈေတြ လုပ္လာျခင္းအေပၚ စက္မႈထိပ္သီး ၇ ႏိုင္ငံက ေနာက္ဆုံး တ႐ုတ္ အစိုးရ ျပဌာန္းခဲ့တဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒ နဲ႔ ပတ္သက္ၿပီး ျပန္လည္ စဥ္းစား သုံးသပ္ဖို႔ ေတာင္းဆို လိုက္ပါတယ္ ။

တ႐ုတ္ ဗဟိုအစိုးရရဲ႕ ျပည္မႀကီးမွာ က်င့္သုံးတဲ့ တစ္ပါတီ အာဏါရွင္ စနစ္ကို ေဟာင္ေကာင္မွာ က်င့္သုံးဖို႔ ႀကိဳးစား ေနပါတယ္ ။ အဲ့ဒိ စနစ္က ေဟာင္ေကာင္မွာ အလုပ္ ျဖစ္မွာ မဟုတ္ဘဲ ေဟာင္ေကာင္ကြၽန္းသား ေတြကို စိတ္ဓာတ္ေရးရာပိုင္း ပ်က္စီးေစၿပီး ေဒသတြင္း မတည္ၿငိမ္မႈေတြကို ျဖစ္ေပၚလာေစမွာပါ ။ ၾကာသပေတးေန႔ ကေန စေနေန႔ အထိ က်င္းပမယ့္ ၁၃ ႀကိမ္ေျမာက္ အမ်ိဳးသား ျပည္သူ႔ကြန္ရက္ အစည္းအေဝးမွာ ေဟာင္ေကာင္ကြၽန္း အမ်ိဳးသားလုံၿခဳံေရး ဥပဒၾကမ္းကို ေဆြးေႏြးမယ္ မေဆြးေႏြးဘူး ဆိုတာကို တ႐ုတ္ အစိုးရပိုင္ သတင္းဌာန ေတြက ထုတ္ျပန္ျခင္း မရွိခဲ့ပါဘူး ။

စက္မႈထိပ္သီး ႏိုင္ငံ ၇ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြ စုေပါင္းၿပီး ပူးတြဲ ေၾကျငာခ်က္ တစ္ေစာင္ ထုတ္ျပန္ ခဲ့ပါတယ္ ။ အမ်ိဳးသားလုံၿခဳံေရး ဥပေဒမူၾကမ္းက တစ္ႏိုင္ငံစနစ္ ၂မ်ိဳး စည္းမ်ဥ္းကို ေက်ာ္လြန္ၿပီး လုပ္ေဆာင္ ေနတဲ့ သေဘာရွိတဲ့ အတြက္ စြန႔္စားလြန္းရာ က်ေၾကာင္း ၊ေဟာင္ေကာင္ကြၽန္း ေပၚမွာ တစ္ပါတီ အာဏါရွင္စနစ္ ရွင္သန္လာေအာင္ လုပ္တဲ့ပုံစံမ်ိဳးျဖစ္ေနေၾကာင္း ၊အရင္ကတည္းက ေဟာင္ေကာင္ ကြၽန္းက ျပည္မႀကီး ထက္ ပိုမို ႂကြယ္ဝၿပီး ေအာင္ျမင္ေနတာရယ္ ျပည္မႀကီးထက္ ပိုမို လြတ္လပ္ ေနတာကို အတားအဆီး ျဖစ္ေစဖို႔အတြက္ ေသြးသစ္ေလာင္းတဲ့ ဥပေဒ ျပဌာန္းဖို႔ ႀကိဳးစားေနတယ္လို႔ ျမင္ေၾကာင္း ဆိုပါတယ္ ။

စက္မႈထိပ္သီး ၇ ႏိုင္ငံ ျဖစ္တဲ့ အေမရိကန္ ၊ကေနဒါ ၊ျပင္သစ္ ၊ဂ်ာမဏီ ၊ အီတလီ၊ဂ်ပန္နဲ႔ ၿဗိတိန္တို႔ အျပင္ ဥေရာပ သမဂၢ က တ႐ုတ္တို႔ရဲ႕ အမ်ိဳးသား လုံၿခဳံေရးဥပေဒမႈၾကမ္းက လြတ္လပ္တဲ့ တရားစီရင္ေရး စနစ္ တည္ရွိမႈ ၊ ဥပေဒေဘာင္ အတြင္းမွာ ေနထိုင္တဲ့ ျပည္သူေတြရဲ႕ လြတ္လပ္မႈနဲ႔ အခြင့္အေရးကို တိုက္႐ိုက္ ထိခိုက္ၿပီး ၿခိမ္းေျခာက္မႈ ျပဳလာလိမ့္မယ္လို႔ ဆိုလာပါတယ္ ။ ဒါေၾကာင့္သူတို႔က တ႐ုတ္အစိုးရကို ေဟာင္ေကာင္ကြၽန္း အေရးနဲ႔ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ေတာင္းဆို လိုက္ေၾကာင္း ဆိုပါတယ္ ။

ေမာင္ယႆ

REF: upi / Photo; Upi

Unicode

ဟောင်ကောင် အရေးနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ တရုတ်ကို စက်မှု ထိပ်သီး ၇ နိုင်ငံ တိုက်တွန်း

တရုတ် အစိုးရက ဟောင်ကောင်ကျွန်းကို တစ်နိုင်ငံ စနစ်၂ မျိုးဆိုပြီး ကတိနဲ့ အင်္ဂလိပ်လက်ကနေ လွဲယူပြီး နောက်ပိုင်းမှာ ဟောင်ကောင်ကျွန်းပေါ်ကို တစ်ထစ်ချင်း ကန့်သတ်မှုတွေ လုပ်လာခြင်းအပေါ် စက်မှုထိပ်သီး ၇ နိုင်ငံက နောက်ဆုံး တရုတ် အစိုးရ ပြဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေ နဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစား သုံးသပ်ဖို့ တောင်းဆို လိုက်ပါတယ် ။

တရုတ် ဗဟိုအစိုးရရဲ့ ပြည်မကြီးမှာ ကျင့်သုံးတဲ့ တစ်ပါတီ အာဏါရှင် စနစ်ကို ဟောင်ကောင်မှာ ကျင့်သုံးဖို့ ကြိုးစား နေပါတယ် ။ အဲ့ဒိ စနစ်က ဟောင်ကောင်မှာ အလုပ် ဖြစ်မှာ မဟုတ်ဘဲ ဟောင်ကောင်ကျွန်းသား တွေကို စိတ်ဓာတ်ရေးရာပိုင်း ပျက်စီးစေပြီး ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာစေမှာပါ ။ ကြာသပတေးနေ့ ကနေ စနေနေ့ အထိ ကျင်းပမယ့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ရက် အစည်းအဝေးမှာ ဟောင်ကောင်ကျွန်း အမျိုးသားလုံခြုံရေး ဥပဒကြမ်းကို ဆွေးနွေးမယ် မဆွေးနွေးဘူး ဆိုတာကို တရုတ် အစိုးရပိုင် သတင်းဌာန တွေက ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး ။

စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ စုပေါင်းပြီး ပူးတွဲ ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါတယ် ။ အမျိုးသားလုံခြုံရေး ဥပဒေမူကြမ်းက တစ်နိုင်ငံစနစ် ၂မျိုး စည်းမျဉ်းကို ကျော်လွန်ပြီး လုပ်ဆောင် နေတဲ့ သဘောရှိတဲ့ အတွက် စွန့်စားလွန်းရာ ကျကြောင်း ၊ဟောင်ကောင်ကျွန်း ပေါ်မှာ တစ်ပါတီ အာဏါရှင်စနစ် ရှင်သန်လာအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေကြောင်း ၊အရင်ကတည်းက ဟောင်ကောင် ကျွန်းက ပြည်မကြီး ထက် ပိုမို ကြွယ်ဝပြီး အောင်မြင်နေတာရယ် ပြည်မကြီးထက် ပိုမို လွတ်လပ် နေတာကို အတားအဆီး ဖြစ်စေဖို့အတွက် သွေးသစ်လောင်းတဲ့ ဥပဒေ ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ မြင်ကြောင်း ဆိုပါတယ် ။

စက်မှုထိပ်သီး ၇ နိုင်ငံ ဖြစ်တဲ့ အမေရိကန် ၊ကနေဒါ ၊ပြင်သစ် ၊ဂျာမဏီ ၊ အီတလီ၊ဂျပန်နဲ့ ဗြိတိန်တို့ အပြင် ဥရောပ သမဂ္ဂ က တရုတ်တို့ရဲ့ အမျိုးသား လုံခြုံရေးဥပဒေမှုကြမ်းက လွတ်လပ်တဲ့ တရားစီရင်ရေး စနစ် တည်ရှိမှု ၊ ဥပဒေဘောင် အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို တိုက်ရိုက် ထိခိုက်ပြီး ခြိမ်းခြောက်မှု ပြုလာလိမ့်မယ်လို့ ဆိုလာပါတယ် ။ ဒါကြောင့်သူတို့က တရုတ်အစိုးရကို ဟောင်ကောင်ကျွန်း အရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တောင်းဆို လိုက်ကြောင်း ဆိုပါတယ် ။

မောင်ယဿ

REF: upi / Photo; Upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …