ေသွ်ာင္ေနာက္မလိုက္ခ်င္တဲ့ ဆံထုံး ဒီပီကာ

ေသွ်ာင္ေနာက္မလိုက္ခ်င္တဲ့ ဆံထုံး ဒီပီကာ
Entertainment

ေသွ်ာင္ေနာက္မလိုက္ခ်င္တဲ့ ဆံထုံး ဒီပီကာ

ျမန္မာ့ ဆို႐ိုးမွာေတာ့ ေသွ်ာင္ေနာက္ ဆံထုံးပါ ဆိုတာပဲ ရွိပါတယ္။ ခင္ပြန္းသည္ ျဖစ္သူေနာက္ကို ဇနီးသည္ က လိုက္ ေနရတာကို ရည္ၫႊန္းၿပီး အမ်ိဳးသားေတြ ရဲ႕အမွတ္အသား ျဖစ္တဲ့ ေသွ်ာင္ နဲ႔ အမ်ိဳးသမီးေတြ ရဲ႕ အမွတ္အသား ျဖစ္တဲ့ ဆံထုံး ကိုတင္စားၿပီး ေသွ်ာင္ေနာက္ ဆံထုံးပါလို႔ ေျပာ ၾက တာ ပါ။ ။

တကယ့္ လက္ေတြ႕ မွာကေတာ့ ျဖစ္ခ်င္ သလို ျဖစ္ေနတာပါ။ ဆံထုံးေနာက္ကို လိုက္ေနရတဲ့ ေသွ်ာင္ေတြ လည္ ရွိ ပါ တယ္။ ေဘာလီး ဝုဒ္ စတား ဒီပီကာ ပဒူကုန္ ကေတာ့ သူမ ရဲ႕ခင္ပြန္းျဖစ္သူ ရမ္ ဗာ ဆင္း ရဲ႕ ဆုယူပြဲမွာ ေနာက္ က ေန လိုက္ မရပ္ခ်င္ဘူး ဆိုၿပီး ပြဲ မ တက္ ခဲ့ ပါဘူး။

ၿပီးခဲ့တဲ့ စေနေန႔ညက အာသံမွာ က်င္းပခဲ့တဲ့ ႐ုပ္ရွင္ပြဲေတာ္မွာ ရမ္ဗာဆင္း သ႐ုပ္ေဆာင္တဲ့ ဂူလီဘြိဳင္း ႐ုပ္ရွင္က အဓိက ဆု ေတြကို သိမ္း ပိုက္ ယူ ႏိုင္ ခဲ့ ပါ တယ္။ အဲ့ဒီမွာ ရမ္ဘာဆင္းက အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆုကို ရ ခဲ့ ပါ တယ္။ ဆုေပးပြဲအခမ္းအနားမွာ ရမ္ဘာဆင္းရဲ႕ ဇနီးသည္ ဒီပီကာ မပါလာတာ နဲ႔ ပတ္သက္ၿပီး မီဒီယာေတြက ေမးျမန္းခဲ့တာရွိပါတယ္။

ဆုယူၿပီးအိမ္ျပန္ေရာက္ေတာ့ သူက ဒီပီကာကို ဆုကိုေပးၿပီး ဓာတ္ပုံ႐ိုက္ကာ လိုင္းေပၚတင္ခဲ့ပါတယ္။ သူမက အိပ္ရာထဲမွာ သူယူလာတဲ့ဆု ကိုဝမ္းသာေနတဲ့ပုံ ေအာက္မွာ က်ေနာ့္ေလဒီေလးကေတာ့ က်ေနာ့္အတြက္ ေလဒီဆိုးေလး ျဖစ္ေနၿပီ သူမရဲ႕ အၿပဳံး နဲ႔ မ်က္ႏွာ႐ႊင္လန္းမႈက ဝမ္းသာေနပုံ ေပါက္ပါတယ္ လို႔ ပုံစာတင္ခဲ့ပါတယ္။

အဲ့ဒိပုံကိုတင္လိုက္ေတာ့ မိနစ္ပိုင္းေလးမွာပဲ like ၇ သိန္း ၃ ေသာင္းေက်ာ္ရခဲ့ပါတယ္။ ပရိသက္ေတြကလည္း ျပန္စာေတြ အမ်ားႀကီး ေရးတင္ၾကပါတယ္။ မင္းသမီးက ေတာ့ သူရဲ႕ အင္စတာဂရမ္မွာ က်မကသူ႔ရဲ႕ ေနာက္ေက်ာမွာရပ္ၿပီး သူ႔အရိပ္ခိုလိုက္ေနမယ့္ သူမဟုတ္ပါဘူးလို႔ေရးတင္ခဲ့ပါတယ္။ မင္းသမီးက သူ႔မရဲ႕ခင္ပြန္းသည္ ရဲ႕ အရိပ္ကို ခိုၿပီးေတာ့ ေအာင္ျမင္မႈကိုမရွာခ်င္ဘူးလို႔ဆိုတဲ့သေဘာပါပဲ။

ေမာင္ယႆ REF: Bollywood life photo ; Hindustan times

Unicode

သျှောင်နောက်မလိုက်ချင်တဲ့ ဆံထုံး ဒီပီကာ

မြန်မာ့ ဆိုရိုးမှာတော့ သျှောင်နောက် ဆံထုံးပါ ဆိုတာပဲ ရှိပါတယ်။ ခင်ပွန်းသည် ဖြစ်သူနောက်ကို ဇနီးသည် က လိုက် နေရတာကို ရည်ညွှန်းပြီး အမျိုးသားတွေ ရဲ့အမှတ်အသား ဖြစ်တဲ့ သျှောင် နဲ့ အမျိုးသမီးတွေ ရဲ့ အမှတ်အသား ဖြစ်တဲ့ ဆံထုံး ကိုတင်စားပြီး သျှောင်နောက် ဆံထုံးပါလို့ ပြော ကြ တာ ပါ။ ။

တကယ့် လက်တွေ့ မှာကတော့ ဖြစ်ချင် သလို ဖြစ်နေတာပါ။ ဆံထုံးနောက်ကို လိုက်နေရတဲ့ သျှောင်တွေ လည် ရှိ ပါ တယ်။ ဘောလီး ဝုဒ် စတား ဒီပီကာ ပဒူကုန် ကတော့ သူမ ရဲ့ခင်ပွန်းဖြစ်သူ ရမ် ဗာ ဆင်း ရဲ့ ဆုယူပွဲမှာ နောက် က နေ လိုက် မရပ်ချင်ဘူး ဆိုပြီး ပွဲ မ တက် ခဲ့ ပါဘူး။

ပြီးခဲ့တဲ့ စနေနေ့ညက အာသံမှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ ရမ်ဗာဆင်း သရုပ်ဆောင်တဲ့ ဂူလီဘွိုင်း ရုပ်ရှင်က အဓိက ဆု တွေကို သိမ်း ပိုက် ယူ နိုင် ခဲ့ ပါ တယ်။ အဲ့ဒီမှာ ရမ်ဘာဆင်းက အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရ ခဲ့ ပါ တယ်။ ဆုပေးပွဲအခမ်းအနားမှာ ရမ်ဘာဆင်းရဲ့ ဇနီးသည် ဒီပီကာ မပါလာတာ နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့တာရှိပါတယ်။

ဆုယူပြီးအိမ်ပြန်ရောက်တော့ သူက ဒီပီကာကို ဆုကိုပေးပြီး ဓာတ်ပုံရိုက်ကာ လိုင်းပေါ်တင်ခဲ့ပါတယ်။ သူမက အိပ်ရာထဲမှာ သူယူလာတဲ့ဆု ကိုဝမ်းသာနေတဲ့ပုံ အောက်မှာ ကျနော့်လေဒီလေးကတော့ ကျနော့်အတွက် လေဒီဆိုးလေး ဖြစ်နေပြီ သူမရဲ့ အပြုံး နဲ့ မျက်နှာရွှင်လန်းမှုက ဝမ်းသာနေပုံ ပေါက်ပါတယ် လို့ ပုံစာတင်ခဲ့ပါတယ်။

အဲ့ဒိပုံကိုတင်လိုက်တော့ မိနစ်ပိုင်းလေးမှာပဲ like ၇ သိန်း ၃ သောင်းကျော်ရခဲ့ပါတယ်။ ပရိသက်တွေကလည်း ပြန်စာတွေ အများကြီး ရေးတင်ကြပါတယ်။ မင်းသမီးက တော့ သူရဲ့ အင်စတာဂရမ်မှာ ကျမကသူ့ရဲ့ နောက်ကျောမှာရပ်ပြီး သူ့အရိပ်ခိုလိုက်နေမယ့် သူမဟုတ်ပါဘူးလို့ရေးတင်ခဲ့ပါတယ်။ မင်းသမီးက သူ့မရဲ့ခင်ပွန်းသည် ရဲ့ အရိပ်ကို ခိုပြီးတော့ အောင်မြင်မှုကိုမရှာချင်ဘူးလို့ဆိုတဲ့သဘောပါပဲ။

မောင်ယဿ REF: Bollywood life photo ; Hindustan times

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …