
ေသြးတိုးကိုထိန္းထားႏိုင္ေလ နလုံးေရာဂါ မစိုးရိမ္ရေလပါပဲ
ေလ့လာမႈအသစ္တစ္ရပ္က သင့္မွာ နလုံးေရာဂါျပင္းျပင္းထန္ထန္ ရွိေနရင္ ေသြးတိုးကိုသာရေအာင္ ထိန္းထားပါက သင္ အသက္ရွည္ ရွည္ ေနႏိုင္လိမ့္မယ္လို႔ ဆိုတယ္။ ပုံမွန္အားျဖင့္ ေသြးတိုးက ေအာက္ေသြး ၈၀၊ အေပၚေသြး ၁၂၀ရွိ ရမွာျဖစ္ပါတယ္။ အသက္အ႐ြယ္ကို လိုက္ၿပီး ေအာက္ေသြး ၁၀၀ အေပၚေသြး ၁၄၀ ေလာက္အထိရွိ ေနႏိုင္ပါတယ္။ အဲ့ဒိအေနအထားကို ပုံမွန္ျဖစ္ေအာင္ ထိန္းထားႏိုင္မယ္ ဆိုရင္ နလုံးေရာဂါရွိေပမဲ့လည္း ကိုယ့္အသက္ကို ၾကာၾကာေမြးႏိုင္ပါတယ္။
ေဘာစတြန္ၿမိဳ႕ အမ်ိဳးသမီးေဆး႐ုံနဲ႔ ဘာမင္ဂမ္ နလုံးအထူးကုဌာန မွာ ေဒါက္တာမူသီယက္ ဦးေဆာင္တဲ့ သုေတသန အဖြဲ႕က နလုံး ေဆာင္မွာ လူနာေတြကို သုေတသနလုပ္ရင္း မွတ္တမ္းတင္ထားခဲ့ၿပီး အထက္ပါ ရလဒ္ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ “ က်မတို႔ ရလာတဲ့ ေတြ႕ ရွိခ်က္က လြယ္ကူလြန္းၿပီး ထိေရာက္မႈအမ်ားႀကီးရွိတဲ့ ေတြ႕ရွိခ်က္ပါ။ နလုံးေရာဂါနဲ႔ ေသြးတိုးႏႈန္း ဆက္သြယ္ခ်က္ က႐ိုးရွင္းလြန္းလို႔ အံံ့အားေတာင္သင့္မိတယ္။ နလုံးေရာဂါသမားေတြ အသက္ရွည္ရွည္ေနႏိုင္ဖို႔အတြက္ အဓိကကေတာ့ ေသြးတိုးႏႈန္းကို ထိန္းထားႏိုင္ဖို႔ပါပဲ”လို႔ဆိုတယ္။
သူတို႔အဖြဲ႕က အဲ့ဒိသုေတသန လုပ္ငန္းကို ၂၀၁၅ ကတည္းက လုပ္ေနခဲ့တာပါ။ သူတို႔က နလုံးေရာဂါ ျပင္းျပင္းထန္ထန္ ခံစားရၿပီး ေဆး႐ုံ ေရာက္လာတဲ့လူနာေတြကို ေသြးတိုးတာကို ျဖစ္တဲ့နည္းနဲ႔ ရေအာင္ထိန္းခဲ့ျခင္းျဖင့္ အေသအေပ်ာက္ ၂၇ % ေလွ်ာ့ခ်ႏိုင္ခဲ့တာကို ေတြ႕လာရပါတယ္။ သူတို႔ အဲ့လို လုပ္တုန္းက လူနာေတြက နားမလည္တဲ့အတြက္ အေခ်အတင္ေတြေတာင္ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔က လုံးလမေလွ်ာ့ဘဲ ဆက္လုပ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔က နည္းဗ်ဴဟာေျပာင္းၿပီး ညင္သာစြာ ကိုင္တြယ္ ခဲ့ပါတယ္။
အသက္၅၀ နဲ႔ အထက္ ဆီးခ်ိဳမရွိတဲ့ နလုံးေရာဂါရင့္ေနသူ ၉၀၀၀ကို ေအာက္ေသြး ၁၃၀ အေပၚေသြး ၁၈၀ အေျခအေန ကို ၿငိမ္ေအာင္ထိန္း ထားႏိုင္ေအာင္ လုပ္ပါတယ္။ (ေအာက္ေသြး ၁၃၀ ေက်ာ္တယ္ဆိုရင္ ေသြးတိုးရွိၿပီလို႔ ယူဆရပါတယ္။) ၃ႏွစ္ၾကာေအာင္ ထိန္းထားခဲ့တာေတာင္ နလုံးေရာဂါ အရင့္အမာ သမားေတြကို အေလအလြင့္မရွိေအာင္ ထိန္းထားႏိုင္ခဲ့ပါတယ္။ အဲ့ဒိအထဲမွာ ၆လဘဲ ခံေတာ့မယ္ဆိုတဲ့ နလုံးသမားေတြေတာင္ ပါပါတယ္။ ၃ႏွစ္ေတာင္ အသက္ဆက္ခြင့္ရတဲ့အတြက္ ဒီစနစ္က ေအာင္ျမင္တယ္လို႔ ဆိုရပါမယ္။ သူတို႔ရဲ႕ေလ့လာမႈမွာ ေက်ာက္ကပ္ အားနည္းသူေတြနဲ႔ ေသြးေပါင္က်တတ္တဲ့သူေတြ မပါပါဘူး။
ေမာင္ယႆ REF: upi
Photo;daily express
Unicode
သွေးတိုးကိုထိန်းထားနိုင်လေ နလုံးရောဂါ မစိုးရိမ်ရလေပါပဲ
လေ့လာမှုအသစ်တစ်ရပ်က သင့်မှာ နလုံးရောဂါပြင်းပြင်းထန်ထန် ရှိနေရင် သွေးတိုးကိုသာရအောင် ထိန်းထားပါက သင် အသက်ရှည် ရှည် နေနိုင်လိမ့်မယ်လို့ ဆိုတယ်။ ပုံမှန်အားဖြင့် သွေးတိုးက အောက်သွေး ၈၀၊ အပေါ်သွေး ၁၂၀ရှိ ရမှာဖြစ်ပါတယ်။ အသက်အရွယ်ကို လိုက်ပြီး အောက်သွေး ၁၀၀ အပေါ်သွေး ၁၄၀ လောက်အထိရှိ နေနိုင်ပါတယ်။ အဲ့ဒိအနေအထားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မယ် ဆိုရင် နလုံးရောဂါရှိပေမဲ့လည်း ကိုယ့်အသက်ကို ကြာကြာမွေးနိုင်ပါတယ်။
ဘောစတွန်မြို့ အမျိုးသမီးဆေးရုံနဲ့ ဘာမင်ဂမ် နလုံးအထူးကုဌာန မှာ ဒေါက်တာမူသီယက် ဦးဆောင်တဲ့ သုတေသန အဖွဲ့က နလုံး ဆောင်မှာ လူနာတွေကို သုတေသနလုပ်ရင်း မှတ်တမ်းတင်ထားခဲ့ပြီး အထက်ပါ ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ ကျမတို့ ရလာတဲ့ တွေ့ ရှိချက်က လွယ်ကူလွန်းပြီး ထိရောက်မှုအများကြီးရှိတဲ့ တွေ့ရှိချက်ပါ။ နလုံးရောဂါနဲ့ သွေးတိုးနှုန်း ဆက်သွယ်ချက် ကရိုးရှင်းလွန်းလို့ အံံ့အားတောင်သင့်မိတယ်။ နလုံးရောဂါသမားတွေ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် အဓိကကတော့ သွေးတိုးနှုန်းကို ထိန်းထားနိုင်ဖို့ပါပဲ”လို့ဆိုတယ်။
သူတို့အဖွဲ့က အဲ့ဒိသုတေသန လုပ်ငန်းကို ၂၀၁၅ ကတည်းက လုပ်နေခဲ့တာပါ။ သူတို့က နလုံးရောဂါ ပြင်းပြင်းထန်ထန် ခံစားရပြီး ဆေးရုံ ရောက်လာတဲ့လူနာတွေကို သွေးတိုးတာကို ဖြစ်တဲ့နည်းနဲ့ ရအောင်ထိန်းခဲ့ခြင်းဖြင့် အသေအပျောက် ၂၇ % လျှော့ချနိုင်ခဲ့တာကို တွေ့လာရပါတယ်။ သူတို့ အဲ့လို လုပ်တုန်းက လူနာတွေက နားမလည်တဲ့အတွက် အချေအတင်တွေတောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က လုံးလမလျှော့ဘဲ ဆက်လုပ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က နည်းဗျူဟာပြောင်းပြီး ညင်သာစွာ ကိုင်တွယ် ခဲ့ပါတယ်။
အသက်၅၀ နဲ့ အထက် ဆီးချိုမရှိတဲ့ နလုံးရောဂါရင့်နေသူ ၉၀၀၀ကို အောက်သွေး ၁၃၀ အပေါ်သွေး ၁၈၀ အခြေအနေ ကို ငြိမ်အောင်ထိန်း ထားနိုင်အောင် လုပ်ပါတယ်။ (အောက်သွေး ၁၃၀ ကျော်တယ်ဆိုရင် သွေးတိုးရှိပြီလို့ ယူဆရပါတယ်။) ၃နှစ်ကြာအောင် ထိန်းထားခဲ့တာတောင် နလုံးရောဂါ အရင့်အမာ သမားတွေကို အလေအလွင့်မရှိအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒိအထဲမှာ ၆လဘဲ ခံတော့မယ်ဆိုတဲ့ နလုံးသမားတွေတောင် ပါပါတယ်။ ၃နှစ်တောင် အသက်ဆက်ခွင့်ရတဲ့အတွက် ဒီစနစ်က အောင်မြင်တယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့လေ့လာမှုမှာ ကျောက်ကပ် အားနည်းသူတွေနဲ့ သွေးပေါင်ကျတတ်တဲ့သူတွေ မပါပါဘူး။
မောင်ယဿ REF: upi
Photo;daily express
No Comments