ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ

ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ
International-news

ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ

 

ဒီဖက္ ေခတ္သစ္ကမာၻရဲ႕ ျပႆနာ တစ္ရပ္ပါ ။ ဒီလို ျပႆနာမ်ိဳးက အရင္ကဆိုရင္ ရပ္ထဲ႐ြာထဲက လူႀကီးေတြက ေနာက္မလုပ္ေအာင္ ဆုံးမလိုက္႐ုံနဲ႔ ၿပီးသြားပါတယ္ ။ ဒီဖက္ေခတ္မွာ က်ေတာ့ အကဲဆတ္တဲ့ မိဘေတြေၾကာင့္ မလိုလားအပ္တဲ့ ရႈတ္ေထြးတဲ့ ကိစၥေတြ ေပၚေပါက္ လာပါတယ္ ။

အဲ့ဒါကေတာ့ ကေလးတစ္ေယာက္က ရာဇဝတ္မႈ ဆိုင္ရာ ကိစၥရပ္ တစ္ခုကို က်ဴးလြန္ရင္ ေနာင္က်ဥ္ေအာင္ ႐ိုက္ႏွက္ၿပီး အျပစ္ေပးလိုက္မလား ။ ဥပေဒအရ ေထာင္ခ်မလားဆိုတဲ့ ကိစၥပါပဲ ။ က်ေနာ္တို႔ ငယ္စဥ္အခါက လမ္းမီးလုံး ေတြကို ေလးခြနဲ႔ ပစ္ခြဲဖူးတယ္ ။

ရပ္ကြက္ လူႀကီးေတြက က်ေနာ္တို႔ကို ဖမ္းၿပီး ရပ္ကြက္႐ုံးမွာ ထားတယ္ ။ မိဘေတြကို ေခၚၿပီး လမ္းမီးလုံးကို ျပန္ေလ်ာ္ခိုင္းတယ္ ။ သူတို႔ေတြက အဲ့ဒါမ်ိဳး ေနာင္မလုပ္ေအာင္ တင္ပါးကို တုတ္နဲ႔ ၅ခ်က္စီ ႐ိုက္လိုက္ေသးတယ္ ။ မိဘေတြကလည္း ေက်နပ္တယ္ ။ ဒီဖက္ေခတ္မွာ ဆိုရင္ အဲ့ဒီ လူႀကီးေတြ ကေလးသူငယ္ ညႇင္းဆဲမႈနဲ႔ အတိုင္ခံရမယ္ ။

အဲ့လို အတိုင္မခံခ်င္ေတာ့ လူႀကီးေတြကလည္း ကေလးေတြရဲ႕ အနာဂတ္ကို မစဥ္းစားဘဲ တရားစြဲတယ္ ။ ဥပေဒအရ ပုဒ္မ ၆၊၁ နဲ႔ ေထာင္ ၃ႏွစ္ ခ်လိုက္တယ္ ။ ဒီဖက္ေခတ္မွာ ႀကဳံရတဲ့ ျပႆနာေလးကို တင္ျပတာပါ ။ အခုလည္း မေလးရွားမွာ သူေတာင္းစား ကေလး တစ္ေယာက္က ကားေတြကို ကစားစရာ ေသနတ္နဲ႔ ခ်ိန္ၿပီး ပိုက္ဆံ ေတာင္းတယ္ ။

အျမင္ကပ္တဲ့ လူတစ္ေယာက္က ရဲကို ဖုန္းဆက္ၿပီး တိုင္လိုက္ လို႔ ရဲက အဲ့ဒီ ကေလးကို လာဖမ္းသြားပါတယ္ ။ အဲ့ဒီကေလးကို အမႈကြင္းဆက္လိုက္တာ ကေလး ၁၁ ေယာက္နဲ႔ လူႀကီး ၄ေယာက္ ကို ဖမ္းမိ သြားပါတယ္ ။

ဥပေဒအရ ဆိုရင္ အဲ့ဒီကေလး တရား႐ုံးကို ေရာက္ၿပီး ေထာင္ခ်ခံ ရေတာ့မွာပါ ။ ဒါေပမဲ့ မေလးရွား ရဲေတြက ဖမ္းထားတဲ့ သူေတာင္းစား ေတြကို ျပန္လႊတ္ေပး လိုက္ပါတယ္ ။ ဒါက ရဲကို တိုင္လိုက္လို႔ ၿပီးသြားတာ ။

အဲ့လို မလုပ္လို႔ ကေလးကို ေနာင္က်ဥ္ေအာင္ ဆင္း႐ိုက္ၾကည့္ ။ ပုံမွာ ျမင္တဲ့ အတိုင္း သူ႔အေမက ေစာင့္ၾကည့္ ေနတာ ။ ႐ိုက္တာနဲ႔ အဲ့ဒီ အမ်ိဳးသမီးက တရားစြဲမယ္ ဆိုၿပီး ၿခိမ္းေျခာက္ ေငြေတာင္းေတာ့မွာ ။

ေခတ္သစ္ လူမႈျပႆနာက ရႈတ္ေထြး ပါတယ္ ။ ကိုယ္နဲ႔ မဆိုင္ဘူး ဆိုၿပီး ေဘးထြက္ မေနနဲ႔ ။ ကိုယ့္က အဲ့ ေထာင္ေခ်ာက္ ထဲကို တစ္ခ်ိန္ မဟုတ္ တစ္ခ်ိန္ မိသြားႏိုင္ပါတယ္ ။

ေမာင္ယႆ REF: world of buzz photo;sabah trending

Unicode Version

သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ

 

ဒီဖက် ခေတ်သစ်ကမ္ဘာရဲ့ ပြဿနာ တစ်ရပ်ပါ ။ ဒီလို ပြဿနာမျိုးက အရင်ကဆိုရင် ရပ်ထဲရွာထဲက လူကြီးတွေက နောက်မလုပ်အောင် ဆုံးမလိုက်ရုံနဲ့ ပြီးသွားပါတယ် ။ ဒီဖက်ခေတ်မှာ ကျတော့ အကဲဆတ်တဲ့ မိဘတွေကြောင့် မလိုလားအပ်တဲ့ ရှုတ်ထွေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ် ။

အဲ့ဒါကတော့ ကလေးတစ်ယောက်က ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ကျူးလွန်ရင် နောင်ကျဉ်အောင် ရိုက်နှက်ပြီး အပြစ်ပေးလိုက်မလား ။ ဥပဒေအရ ထောင်ချမလားဆိုတဲ့ ကိစ္စပါပဲ ။ ကျနော်တို့ ငယ်စဉ်အခါက လမ်းမီးလုံး တွေကို လေးခွနဲ့ ပစ်ခွဲဖူးတယ် ။

ရပ်ကွက် လူကြီးတွေက ကျနော်တို့ကို ဖမ်းပြီး ရပ်ကွက်ရုံးမှာ ထားတယ် ။ မိဘတွေကို ခေါ်ပြီး လမ်းမီးလုံးကို ပြန်လျော်ခိုင်းတယ် ။ သူတို့တွေက အဲ့ဒါမျိုး နောင်မလုပ်အောင် တင်ပါးကို တုတ်နဲ့ ၅ချက်စီ ရိုက်လိုက်သေးတယ် ။ မိဘတွေကလည်း ကျေနပ်တယ် ။ ဒီဖက်ခေတ်မှာ ဆိုရင် အဲ့ဒီ လူကြီးတွေ ကလေးသူငယ် ညှင်းဆဲမှုနဲ့ အတိုင်ခံရမယ် ။

အဲ့လို အတိုင်မခံချင်တော့ လူကြီးတွေကလည်း ကလေးတွေရဲ့ အနာဂတ်ကို မစဉ်းစားဘဲ တရားစွဲတယ် ။ ဥပဒေအရ ပုဒ်မ ၆၊၁ နဲ့ ထောင် ၃နှစ် ချလိုက်တယ် ။ ဒီဖက်ခေတ်မှာ ကြုံရတဲ့ ပြဿနာလေးကို တင်ပြတာပါ ။ အခုလည်း မလေးရှားမှာ သူတောင်းစား ကလေး တစ်ယောက်က ကားတွေကို ကစားစရာ သေနတ်နဲ့ ချိန်ပြီး ပိုက်ဆံ တောင်းတယ် ။

အမြင်ကပ်တဲ့ လူတစ်ယောက်က ရဲကို ဖုန်းဆက်ပြီး တိုင်လိုက် လို့ ရဲက အဲ့ဒီ ကလေးကို လာဖမ်းသွားပါတယ် ။ အဲ့ဒီကလေးကို အမှုကွင်းဆက်လိုက်တာ ကလေး ၁၁ ယောက်နဲ့ လူကြီး ၄ယောက် ကို ဖမ်းမိ သွားပါတယ် ။

ဥပဒေအရ ဆိုရင် အဲ့ဒီကလေး တရားရုံးကို ရောက်ပြီး ထောင်ချခံ ရတော့မှာပါ ။ ဒါပေမဲ့ မလေးရှား ရဲတွေက ဖမ်းထားတဲ့ သူတောင်းစား တွေကို ပြန်လွှတ်ပေး လိုက်ပါတယ် ။ ဒါက ရဲကို တိုင်လိုက်လို့ ပြီးသွားတာ ။

အဲ့လို မလုပ်လို့ ကလေးကို နောင်ကျဉ်အောင် ဆင်းရိုက်ကြည့် ။ ပုံမှာ မြင်တဲ့ အတိုင်း သူ့အမေက စောင့်ကြည့် နေတာ ။ ရိုက်တာနဲ့ အဲ့ဒီ အမျိုးသမီးက တရားစွဲမယ် ဆိုပြီး ခြိမ်းခြောက် ငွေတောင်းတော့မှာ ။

ခေတ်သစ် လူမှုပြဿနာက ရှုတ်ထွေး ပါတယ် ။ ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီး ဘေးထွက် မနေနဲ့ ။ ကိုယ့်က အဲ့ ထောင်ချောက် ထဲကို တစ်ချိန် မဟုတ် တစ်ချိန် မိသွားနိုင်ပါတယ် ။

မောင်ယဿ REF: world of buzz photo;sabah trending

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …