ေလျဖတ္ေနသူေတြအတြက္ သတင္းေကာင္းတစ္ရပ္

ေလျဖတ္ေနသူေတြအတြက္ သတင္းေကာင္းတစ္ရပ္
Health

ေလျဖတ္ေနသူေတြအတြက္ သတင္းေကာင္းတစ္ရပ္

ဟူဆန္ၿမိဳ႕က မက္သဒစ္ ေဆး႐ုံ ေလျဖတ္ေလငန္း ေရာဂါဌာနက ေလျဖတ္ေလငန္း ေရာဂါသည္ေတြကို ဦးေႏွာက္ကေန သံလိုက္လႈိင္းနဲ႔ လႈံ႕ေဆာ္ေပးတာက ေရာဂါသက္သာ ေစတာကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုတယ္ ။ သူတို႔က သံလိုက္လႈိင္း လႈံ႕ေဆာ္ကရိယာကို တီထြင္ၿပီး ေနာက္မွာ အႀကိဳစမ္းသက္ ကုသမႈေတြကို လုပ္ေနပါတယ္ ။

တိုးတက္မႈေတြ ရေနေပမဲ့ ေဘးထြက္ဆိုးက်ိဳး ကို ေလ့လာေနတုန္း ျဖစ္ ပါတယ္ ။ အဲ့ဒိ ကရိယာကို တစ္ရက္လွ်င္ တစ္နာရီမွ် ဝတ္ဆင္ထားပါက ဦးေႏွာက္အတြင္း ႂကြက္သားလႈတ္ရွားမႈ ထိန္းခ်ဳပ္ခန္းက ဆဲလ္ေတြကို သန္စြမ္းလာေအာင္ လုပ္ေပးႏိုင္လို႔ ေလျဖတ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔လည္း ဆိုပါတယ္ ။

ေခါင္စြတ္ပုံစံ လုပ္ထားလို႔ ဦးေခါင္မွာ စြတ္ထား႐ုံ နဲ႔ အလြယ္တကူ တပ္ဆင္အသုံးျပဳ ႏိုင္ပါတယ္ ။ ေလျဖတ္ဌာနက ေဒါက္တာခ်ဴက “က်ေနာ္တို႔က စမ္းလုပ္ၾကည့္ တာပါ ။ ရလဒ္က က်ေနာ္တို႔ကို အံ့အားသင့္သြားေစပါတယ္ ။

နာတာရွည္ ေလျဖတ္ ေလငန္းသမားေတြ အတြက္ အမ်ားႀကီး အေထာက္ အကူ ျဖစ္ေတာ့မွာပါ ။ ႂကြက္သား ထိန္းခ်ဳပ္ခန္းထဲက ဆဲလ္ေတြကို လႈံ႕ေဆာ္ေပး႐ုံ သက္သက္ပါပဲ ။ ဆဲလ္ေတြ ကြဲျပတ္ ထြက္ေနတာ မက်န္းမမာ ျဖစ္ေနတာေတြကို သံလိုက္လႈိင္းနဲ႔ ကုသၿပီးေတာ့ သူတို႔ကို ပုံမွန္ျပန္ၿပီး အလုပ္လုပ္ ေစတာပါ” လို႔ ဆိုတယ္ ။

သူတို႔က စမ္သက္ခ်က္ကို ဦးေႏွာက္ေသြးေၾကာပိတ္ၿပီး ေလျဖတ္သြားတဲ့ ေဝဒနာရွင္ ၃၀ကို စၿပီး စမ္းတာပါ ။ ဦးေႏွာက္ထဲ ေသြးစီးမႈမမွန္လို႔ ဦးေႏွာက္ပ်က္စီးမႈေတြ ျဖစ္ေနသူေတြပါ ။ ကိုယ့္သေဘာနဲ႔ ကိုယ္ အစမ္းသက္ခံ သူေတြက အနည္းဆုံး ကိုယ္တစ္ပိုင္ ေသေနသူေတြပါ ။

သုေတသီေတြက အနည္းဆုံး သုံလၾကာ ေလျဖတ္ထားတဲ့ သူေတြကို အရင္ ေ႐ြးခ်ယ္ခဲ့ပါတယ္ ။ သူတို႔က ၃လ ေအာက္ဆိုရင္ သူ႔ဖာသာ သူျပန္ေကာင္းလာႏိုင္တဲ့ အတြက္ေၾကာင့္ ၃လေက်ာ္တဲ့သူေတြကို ေ႐ြးတာပါ ။ သံလိုက္လႈိင္း ထုတ္တဲ့စက္ကို ေခါင္းမွာ စြတ္ေပးၿပီး စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ ထားပါတယ္ ။

လူ၃၀ ကို ၂စုခြဲၿပီး တစ္စုကို ေဆးတိုက္ၿပီး ကုသပါတယ္ ။ က်န္တစ္စုကိုေတာ့ သံလိုက္ လႈိင္းထုတ္ စက္ တစ္ရက္ကို မိနစ္၄၀ၾကာ တစ္လ စြတ္ေပးၿပီး ဦးေႏွာက္ကိုလႈံ႕ေဆာ္ပါတယ္ ။ ေဆးနဲ႔ ကုသ သူေတြထက္ ၉ဆ သာေအာင္ပိုၿပီး ေကာင္းတာကို ေတြ႕ရပါတယ္ ။ ဒါေပမဲ့ စမ္းသက္ခ်က္က ၿပီးျပည့္စုံေအာင္ မလုပ္ရေသးပါဘူး ။

လုံးဝေကာင္းသြားေအာင္ အထိ မစမ္းရေသးပါဘူး ။ စက္က ထုတ္လႊတ္တဲ့ လႈိင္းပမာဏကို လူနာတစ္ခ်င္းစီအတြက္ ခ်ိန္တြယ္ရမယ့္ ပမာဏတြက္ခ်က္မႈ လုပ္ရဦးမွာ လုပ္ငန္းစဥ္ ပိုင္းဆိုင္ရာ ရႈတ္ေထြးမႈ အနည္းငယ္ ရွိပါေသးတယ္ ။

ေမာင္ယႆ REF ; UPI

Photo:Blessy Jhon

Unicode Version

လေဖြတ်နေသူတွေအတွက် သတင်းကောင်းတစ်ရပ်

ဟူဆန်မြို့က မက်သဒစ် ဆေးရုံ လေဖြတ်လေငန်း ရောဂါဌာနက လေဖြတ်လေငန်း ရောဂါသည်တွေကို ဦးနှောက်ကနေ သံလိုက်လှိုင်းနဲ့ လှုံ့ဆော်ပေးတာက ရောဂါသက်သာ စေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုတယ် ။ သူတို့က သံလိုက်လှိုင်း လှုံ့ဆော်ကရိယာကို တီထွင်ပြီး နောက်မှာ အကြိုစမ်းသက် ကုသမှုတွေကို လုပ်နေပါတယ် ။

တိုးတက်မှုတွေ ရနေပေမဲ့ ဘေးထွက်ဆိုးကျိုး ကို လေ့လာနေတုန်း ဖြစ် ပါတယ် ။ အဲ့ဒိ ကရိယာကို တစ်ရက်လျှင် တစ်နာရီမျှ ဝတ်ဆင်ထားပါက ဦးနှောက်အတွင်း ကြွက်သားလှုတ်ရှားမှု ထိန်းချုပ်ခန်းက ဆဲလ်တွေကို သန်စွမ်းလာအောင် လုပ်ပေးနိုင်လို့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ် ။

ခေါင်စွတ်ပုံစံ လုပ်ထားလို့ ဦးခေါင်မှာ စွတ်ထားရုံ နဲ့ အလွယ်တကူ တပ်ဆင်အသုံးပြု နိုင်ပါတယ် ။ လေဖြတ်ဌာနက ဒေါက်တာချူက “ကျနော်တို့က စမ်းလုပ်ကြည့် တာပါ ။ ရလဒ်က ကျနော်တို့ကို အံ့အားသင့်သွားစေပါတယ် ။

နာတာရှည် လေဖြတ် လေငန်းသမားတွေ အတွက် အများကြီး အထောက် အကူ ဖြစ်တော့မှာပါ ။ ကြွက်သား ထိန်းချုပ်ခန်းထဲက ဆဲလ်တွေကို လှုံ့ဆော်ပေးရုံ သက်သက်ပါပဲ ။ ဆဲလ်တွေ ကွဲပြတ် ထွက်နေတာ မကျန်းမမာ ဖြစ်နေတာတွေကို သံလိုက်လှိုင်းနဲ့ ကုသပြီးတော့ သူတို့ကို ပုံမှန်ပြန်ပြီး အလုပ်လုပ် စေတာပါ” လို့ ဆိုတယ် ။

သူတို့က စမ်သက်ချက်ကို ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်သွားတဲ့ ဝေဒနာရှင် ၃၀ကို စပြီး စမ်းတာပါ ။ ဦးနှောက်ထဲ သွေးစီးမှုမမှန်လို့ ဦးနှောက်ပျက်စီးမှုတွေ ဖြစ်နေသူတွေပါ ။ ကိုယ့်သဘောနဲ့ ကိုယ် အစမ်းသက်ခံ သူတွေက အနည်းဆုံး ကိုယ်တစ်ပိုင် သေနေသူတွေပါ ။

သုတေသီတွေက အနည်းဆုံး သုံလကြာ လေဖြတ်ထားတဲ့ သူတွေကို အရင် ရွေးချယ်ခဲ့ပါတယ် ။ သူတို့က ၃လ အောက်ဆိုရင် သူ့ဖာသာ သူပြန်ကောင်းလာနိုင်တဲ့ အတွက်ကြောင့် ၃လကျော်တဲ့သူတွေကို ရွေးတာပါ ။ သံလိုက်လှိုင်း ထုတ်တဲ့စက်ကို ခေါင်းမှာ စွတ်ပေးပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက် ထားပါတယ် ။

လူ၃၀ ကို ၂စုခွဲပြီး တစ်စုကို ဆေးတိုက်ပြီး ကုသပါတယ် ။ ကျန်တစ်စုကိုတော့ သံလိုက် လှိုင်းထုတ် စက် တစ်ရက်ကို မိနစ်၄၀ကြာ တစ်လ စွတ်ပေးပြီး ဦးနှောက်ကိုလှုံ့ဆော်ပါတယ် ။ ဆေးနဲ့ ကုသ သူတွေထက် ၉ဆ သာအောင်ပိုပြီး ကောင်းတာကို တွေ့ရပါတယ် ။ ဒါပေမဲ့ စမ်းသက်ချက်က ပြီးပြည့်စုံအောင် မလုပ်ရသေးပါဘူး ။

လုံးဝကောင်းသွားအောင် အထိ မစမ်းရသေးပါဘူး ။ စက်က ထုတ်လွှတ်တဲ့ လှိုင်းပမာဏကို လူနာတစ်ချင်းစီအတွက် ချိန်တွယ်ရမယ့် ပမာဏတွက်ချက်မှု လုပ်ရဦးမှာ လုပ်ငန်းစဉ် ပိုင်းဆိုင်ရာ ရှုတ်ထွေးမှု အနည်းငယ် ရှိပါသေးတယ် ။

မောင်ယဿ REF ; UPI

Photo:Blessy Jhon

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …