ေလ့က်င့္ခန္း လုပ္ျခင္း အက်ိဳး

ေလ့က်င့္ခန္း လုပ္ျခင္း အက်ိဳး
Health

ေလ့က်င့္ခန္း လုပ္ျခင္း အက်ိဳး

 

သင္တို႔ရဲ႕ ေန႔စဥ္ ေနထိုင္မႈ ဘဝထဲမွာ နိစၥဓူဝ မိမိကိုယ္ကိုယ္ ေစာင့္ေရွာက္ႏိုင္ျခင္းသည္သာ က်န္းမာသက္ရွည္ ေပ်ာ္႐ႊင္ ေစႏိုင္မွာ ျဖစ္ပါတယ္ ။ သင့္ က်န္းမာေရးဟာ သင့္ လက္ထဲမွာပင္ ရွိေနတယ္ဆိုတာ သင္သိဖို႔ လိုပါတယ္ ။

သင့္မွာ ဘယ္လို ေရာဂါ ေဝဒနာေတြ ရွိေနၿပီလည္းဘယ္လိုကုသမလည္း သင္ ဘာေတြကို ဆင္ျခင္မလည္း သင္ ဘယ္လို လိုက္နာမလည္း ဆိုတာေတြကို နားလည္ သိရွိထားဖို႔ လိုပါတယ္ ။ ကုသျခင္း ထက္ ႀကိဳတင္ ကာကြယ္ျခင္းက ပိုၿပီး ထိေရာက္ေၾကာင္း သင့္ကို ေျပာျပခ်င္ ပါတယ္ ။

သင္ ေန႔စဥ္ ေလ့က်င့္ခန္း လုပ္ပါ ။ ေလ့က်င့္ခန္း လုပ္ျခင္းဟာ ေရာဂါ ေဝဒနာ မ်ားစြာကို သင့္ထံ ဝင္ေရာက္ မလာေအာင္ တားဆီး ေပးႏိုင္ပါတယ္ ။ ေနာက္ထပ္ ေျပာခ်င္တာ ကေတာ့ သင္ ေလ့က်င့္ခန္း လုပ္ျခင္းဟာ သင့္ကို ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ် ကေန ေလ်ာ့ခ် ေပးႏိုင္မွာ ျဖစ္ပါတယ္ ။

ေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာ လူတစ္ေယာက္ အတြက္ ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ် ေပးတယ္လို႔ သုေတသနသစ္ တစ္ရပ္မွာ ေဖာ္ျပေပးထား ပါတယ္ ။ ပညာရွင္ ေတြရဲ႕ေလ့လာမႈ အရ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာ ကင္ဆာ အမ်ိဳးအစား ေပါင္း ၇ ခုရဲ႕ ျဖစ္ႏိုင္ေခ်ကို ၂၅ ရာခိုင္ႏႈန္း ေလ်ာ့ေပး တယ္လို႔ ဆိုပါတယ္ ။

အူမႀကီး ကင္ဆာ ၊ ရင္သား ကင္ဆာ ၊ သားအိမ္ ကင္ဆာ ၊ ေက်ာက္ကပ္ ကင္ဆာ ၊ ႐ိုးတြင္းျခင္ဆီ ကင္ဆာ ၊ အသည္း ကင္ဆာ တို႔ အပါအဝင္ ျဖစ္ပါတယ္ ။ သုေတသီေတြ အဆိုအရ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္ဖို႔ ဆိုတာ ႏွလုံး ေသြးေၾကာက်ဥ္း ေရာဂါ ဆီးခ်ိဳေရာဂါ စတဲ့ နာတာရွည္ ေရာဂါမ်ိဳးေတြကို ေလ့က်င့္ခန္း ျပဳလုပ္ၿပီး ပုံမွန္ ထိန္းခ်ဳပ္ ေပးျခင္းနဲ႔ လည္းသက္ဆိုင္တယ္လို႔ ဆိုထားပါတယ္ ။

လူတစ္ေယာက္ဟာ တစ္ပတ္ကို ႏွစ္နာရီ ကေန ငါးနာရီခြဲ ေလာက္ အထိ ေလ့က်င့္ခန္း လုပ္ေပးရမွာ ျဖစ္ပါတယ္ ။ အေၾကာင္းရင္း အတိအက်ကို ပညာရွင္မ်ားမွ ထုတ္မေျပာႏိုင္ေသး ေသာ္ညားလည္း လူေပါင္း ၇သိန္း ခြဲေက်ာ္ ပါဝင္ခဲ့တဲ့ ေလ့လာမႈမွ သိရတဲ့ အေျဖကေတာ့ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းသည္ ကင္ဆာေရာဂါ အမ်ားစုနဲ႔ ဆက္ႏြယ္ ေနတယ္ ဆိုတာကို ျမင္ေတြ႕ ေလ့လာ သိရွိခဲ့တယ္လို႔ ဆိုပါတယ္ ။

ဒါေၾကာင့္မို႔ သင္ဟာ ကင္ဆာ ေရာဂါကို မျဖစ္ခင္ ကာကြယ္သည့္ အေနျဖင့္ တစ္ပတ္လွ်င္ အနည္းဆုံး ပ်မ္းမွ်နာရီ ႏွစ္နာရီမွ ငါးနာရီခြဲေလာက္ အထိ ေလ့က်င့္ခန္း ျပဳလုပ္ေပးပါလို႔ တိုက္တြန္း လိုက္ရပါတယ္ … ။

စႏၵီျမင့္မိုရ္#

Unicode Version

လေ့ကျင့်ခန်း လုပ်ခြင်း အကျိုး

 

သင်တို့ရဲ့ နေ့စဉ် နေထိုင်မှု ဘဝထဲမှာ နိစ္စဓူဝ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်ခြင်းသည်သာ ကျန်းမာသက်ရှည် ပျော်ရွှင် စေနိုင်မှာ ဖြစ်ပါတယ် ။ သင့် ကျန်းမာရေးဟာ သင့် လက်ထဲမှာပင် ရှိနေတယ်ဆိုတာ သင်သိဖို့ လိုပါတယ် ။

သင့်မှာ ဘယ်လို ရောဂါ ဝေဒနာတွေ ရှိနေပြီလည်းဘယ်လိုကုသမလည်း သင် ဘာတွေကို ဆင်ခြင်မလည်း သင် ဘယ်လို လိုက်နာမလည်း ဆိုတာတွေကို နားလည် သိရှိထားဖို့ လိုပါတယ် ။ ကုသခြင်း ထက် ကြိုတင် ကာကွယ်ခြင်းက ပိုပြီး ထိရောက်ကြောင်း သင့်ကို ပြောပြချင် ပါတယ် ။

သင် နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ ။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ရောဂါ ဝေဒနာ များစွာကို သင့်ထံ ဝင်ရောက် မလာအောင် တားဆီး ပေးနိုင်ပါတယ် ။ နောက်ထပ် ပြောချင်တာ ကတော့ သင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ သင့်ကို ကင်ဆာရောဂါ ဖြစ်နိုင်ချေ ကနေ လျော့ချ ပေးနိုင်မှာ ဖြစ်ပါတယ် ။

လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ လူတစ်ယောက် အတွက် ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျော့ချ ပေးတယ်လို့ သုတေသနသစ် တစ်ရပ်မှာ ဖော်ပြပေးထား ပါတယ် ။ ပညာရှင် တွေရဲ့လေ့လာမှု အရ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ကင်ဆာ အမျိုးအစား ပေါင်း ၇ ခုရဲ့ ဖြစ်နိုင်ချေကို ၂၅ ရာခိုင်နှုန်း လျော့ပေး တယ်လို့ ဆိုပါတယ် ။

အူမကြီး ကင်ဆာ ၊ ရင်သား ကင်ဆာ ၊ သားအိမ် ကင်ဆာ ၊ ကျောက်ကပ် ကင်ဆာ ၊ ရိုးတွင်းခြင်ဆီ ကင်ဆာ ၊ အသည်း ကင်ဆာ တို့ အပါအဝင် ဖြစ်ပါတယ် ။ သုတေသီတွေ အဆိုအရ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ ဆိုတာ နှလုံး သွေးကြောကျဉ်း ရောဂါ ဆီးချိုရောဂါ စတဲ့ နာတာရှည် ရောဂါမျိုးတွေကို လေ့ကျင့်ခန်း ပြုလုပ်ပြီး ပုံမှန် ထိန်းချုပ် ပေးခြင်းနဲ့ လည်းသက်ဆိုင်တယ်လို့ ဆိုထားပါတယ် ။

လူတစ်ယောက်ဟာ တစ်ပတ်ကို နှစ်နာရီ ကနေ ငါးနာရီခွဲ လောက် အထိ လေ့ကျင့်ခန်း လုပ်ပေးရမှာ ဖြစ်ပါတယ် ။ အကြောင်းရင်း အတိအကျကို ပညာရှင်များမှ ထုတ်မပြောနိုင်သေး သော်ညားလည်း လူပေါင်း ၇သိန်း ခွဲကျော် ပါဝင်ခဲ့တဲ့ လေ့လာမှုမှ သိရတဲ့ အဖြေကတော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကင်ဆာရောဂါ အများစုနဲ့ ဆက်နွယ် နေတယ် ဆိုတာကို မြင်တွေ့ လေ့လာ သိရှိခဲ့တယ်လို့ ဆိုပါတယ် ။

ဒါကြောင့်မို့ သင်ဟာ ကင်ဆာ ရောဂါကို မဖြစ်ခင် ကာကွယ်သည့် အနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး ပျမ်းမျှနာရီ နှစ်နာရီမှ ငါးနာရီခွဲလောက် အထိ လေ့ကျင့်ခန်း ပြုလုပ်ပေးပါလို့ တိုက်တွန်း လိုက်ရပါတယ် … ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …