ေလာ့ခ္ေဒါင္း ကာလအတြင္း အိမ္တြင္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ကမ္ပိန္း လုပ္တဲ့ ဆယ္မာဟာရက္

ေလာ့ခ္ေဒါင္း ကာလအတြင္း အိမ္တြင္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ကမ္ပိန္း လုပ္တဲ့ ဆယ္မာဟာရက္
International-news

ေလာ့ခ္ေဒါင္း ကာလအတြင္း အိမ္တြင္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ကမ္ပိန္း လုပ္တဲ့ ဆယ္မာဟာရက္

Desperado ႐ုပ္ရွင္ Wild Wild West ႐ုပ္ရွင္ေတြနဲ႔ ကမာၻေက်ာ္ ခဲ့တဲ့ မက္ဆီကန္- အေမရိကန္ ႐ုပ္ရွင္ မင္းသမီး ဆယ္မာဟာရက္က ေကာ္႐ိုနာဗိုင္းရက္ ေလာ့ခ္ေဒါင္း ကာလ အတြင္း အိမ္တြင္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ကမ္ပိန္း တစ္ခုကို ျပဳလုပ္ ခဲ့ပါတယ္ ။

ေအာ္စကာ ဆန္ခါတင္ ႐ုပ္ရွင္ မ်ားစြာကို ႐ိုက္ခဲ့တဲ့ သူမက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေလာ့ခ္ေဒါင္းကာလ အတြင္း အိမ္တြင္းေအာင္း ေနရတဲ့မိသားစုေတြမွာ အိမ္တြင္း အၾကမ္းဖက္မႈေတြ ျဖစ္ေနတာကို တိုက္ဖ်က္ဖို႔ အတြက္ ကမ္ပိန္း တစ္ခု လုပ္ရန္ သူမရဲ႕ဆိုရွယ္ မီဒီယာကေန သန္းေပါင္းမ်ားစြာ ရွိတဲ့ သူမရဲ႕ ေဖာ္လိုဝါေတြကို လႈံ႕ေဆာ္မႈ စတင္ ခဲ့ပါတယ္ ။

သူမရဲ႕ကမ္ပိန္းကို “အမ်ိဳးသမီးမ်ားနဲ႔ အတူ ခိုင္ခိုင္ မာမာ ရပ္တည္မယ္”လို႔ အမည္ေပး ထားပါ တယ္ ။ အဲ့ဒိအတြက္ကို ဖက္ရွင္ ဘရန္းတစ္ခုျဖစ္တဲ့ Gucci က စပြန္ဆာ ေပးခဲ့ပါတယ္ ။ ၿပီးေတာ့ သူမကို ရန္ပုံေငြ အေထာက္အပံ့ အျဖစ္ အဆိုေတာ္ ဘီယြန္းေဆးကလည္း ကူညီပါတယ္ ။
“ေကာ္႐ိုနာဗိုင္းရက္ရဲ႕ တိုက္ခိုက္မႈ ကို ခံေနရတဲ့ အျပင္ အိမ္တြင္း အၾကမ္းဖက္မႈပါ ခံရရင္ က်မတို႔ အရမ္း နစ္နာ ပါတယ္ ။

ေကာ္႐ိုနာဗိုင္းရက္ရဲ႕ အႏၲရာယ္ကို က်မတို႔လို သာမန္ လူေတြက အာဏါပိုင္ေတြ ၫႊန္ၾကားတဲ့အတိုင္း လိုက္နာၿပီး ကာကြယ္လို႔ ရသလို က်မတို႔ ရင္ဆိုင္ေနရတဲ့ အိမ္တြင္း အၾကမ္းဖက္မႈ ေတြကို လည္း က်မတို႔ ကိုယ္တိုင္ တိုက္ဖ်က္ဖို႔ လိုပါတယ္”လို႔ သူမက သူမရဲ႕အင္စတာဂရမ္မွာ ေဖာ္လိုဝါ ၁၅ သန္းနီးပါး အတြက္ ေရးတင္ ခဲ့ ပါတယ္ ။

“ကမာၻေပၚမွာ လိင္ခြဲျခားၿပီး အၾကမ္းဖက္ မႈေတြ ရွိေနပါတယ္ ။ အဲ့ဒိေတာ့ အားနည္းတဲ့အမ်ိဳးသမီးေတြ ဘက္က ေန က်မတို႔ အေရးတႀကီး ရပ္တည္ ေပးဖို႔ လိုေနပါတယ္ ။ က်မတို႔ ၿပိဳင္တူ ေျပာမယ္ ၿပိဳင္တူ ေအာ္ၾကမယ္ ဆိုရင္ လက္ရွိ ျဖစ္ေနတဲ့ ကိစၥေတြမွာ အေျပာင္းအလဲ တစ္ခု ျဖစ္လာ ႏိုင္ပါတယ္ ။ ဒါမ်ိဳးေတြ ေနာက္တစ္ခါ မျဖစ္ေအာင္ က်မတို႔ လုပ္ရပါမယ္”လို႔ သူမက ဆိုတယ္ ။

ေကာ္႐ိုနာ ဗိုင္းရက္ေၾကာင့္ ကမာၻ႔ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက အိမ္တြင္းေအာင္းဖို႔ အတြက္ အစိုးရေတြက အမိန႔္ထုတ္ ထားပါတယ္ ။ အဲ့ဒိကိစၥက အမ်ိဳးသမီးေတြကို အိမ္တြင္းမွာ ႏွိပ္စက္ခံဖို႔အတြက္ ပိတ္ဆို႔ ေပးလိုက္ သလို ျဖစ္ေနပါတယ္ ။ အခ်ိဳ႕ က ဆဲဆို ခံေနရတာေလာက္နဲ႔ ၿပီးေပမဲ့ အခ်ိဳ႕က ႐ုပ္ပိုင္း ဆိုင္ရာ က်ဴးလြန္ ခံရတဲ့ အထိ ျဖစ္ေနပါတယ္ ။ အမ်ိဳးသမီးေတြမွာ အကူအညီ ရွာမရဘဲ ထြက္ေပါက္ မရွိ ျဖစ္ေနပါတယ္ ။ မက္ဆီကန္ မင္းသမီး ဆယ္မာဟာရက္လိုပဲ ေတာင္အာဖရိကန္ မင္းသမီး ခ်ာလိုက္သီ႐ြန္ ကလည္း အမ်ိဳးသမီးမ်ား အခြင့္အေရး ကိစၥအတြက္ လႈပ္ရွားမႈ ေတြကို လုပ္ေနပါတယ္ ။

ေမာင္ယႆ

REF: Asian one / Photo;reuter

Unicode

လော့ခ်ဒေါင်း ကာလအတွင်း အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ်ပိန်း လုပ်တဲ့ ဆယ်မာဟာရက်

Desperado ရုပ်ရှင် Wild Wild West ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော် ခဲ့တဲ့ မက်ဆီကန်- အမေရိကန် ရုပ်ရှင် မင်းသမီး ဆယ်မာဟာရက်က ကော်ရိုနာဗိုင်းရက် လော့ခ်ဒေါင်း ကာလ အတွင်း အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ်ပိန်း တစ်ခုကို ပြုလုပ် ခဲ့ပါတယ် ။

အော်စကာ ဆန်ခါတင် ရုပ်ရှင် များစွာကို ရိုက်ခဲ့တဲ့ သူမက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လော့ခ်ဒေါင်းကာလ အတွင်း အိမ်တွင်းအောင်း နေရတဲ့မိသားစုတွေမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ ဖြစ်နေတာကို တိုက်ဖျက်ဖို့ အတွက် ကမ်ပိန်း တစ်ခု လုပ်ရန် သူမရဲ့ဆိုရှယ် မီဒီယာကနေ သန်းပေါင်းများစွာ ရှိတဲ့ သူမရဲ့ ဖော်လိုဝါတွေကို လှုံ့ဆော်မှု စတင် ခဲ့ပါတယ် ။

သူမရဲ့ကမ်ပိန်းကို “အမျိုးသမီးများနဲ့ အတူ ခိုင်ခိုင် မာမာ ရပ်တည်မယ်”လို့ အမည်ပေး ထားပါ တယ် ။ အဲ့ဒိအတွက်ကို ဖက်ရှင် ဘရန်းတစ်ခုဖြစ်တဲ့ Gucci က စပွန်ဆာ ပေးခဲ့ပါတယ် ။ ပြီးတော့ သူမကို ရန်ပုံငွေ အထောက်အပံ့ အဖြစ် အဆိုတော် ဘီယွန်းဆေးကလည်း ကူညီပါတယ် ။
“ကော်ရိုနာဗိုင်းရက်ရဲ့ တိုက်ခိုက်မှု ကို ခံနေရတဲ့ အပြင် အိမ်တွင်း အကြမ်းဖက်မှုပါ ခံရရင် ကျမတို့ အရမ်း နစ်နာ ပါတယ် ။

ကော်ရိုနာဗိုင်းရက်ရဲ့ အန္တရာယ်ကို ကျမတို့လို သာမန် လူတွေက အာဏါပိုင်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ကာကွယ်လို့ ရသလို ကျမတို့ ရင်ဆိုင်နေရတဲ့ အိမ်တွင်း အကြမ်းဖက်မှု တွေကို လည်း ကျမတို့ ကိုယ်တိုင် တိုက်ဖျက်ဖို့ လိုပါတယ်”လို့ သူမက သူမရဲ့အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၅ သန်းနီးပါး အတွက် ရေးတင် ခဲ့ ပါတယ် ။

“ကမ္ဘာပေါ်မှာ လိင်ခွဲခြားပြီး အကြမ်းဖက် မှုတွေ ရှိနေပါတယ် ။ အဲ့ဒိတော့ အားနည်းတဲ့အမျိုးသမီးတွေ ဘက်က နေ ကျမတို့ အရေးတကြီး ရပ်တည် ပေးဖို့ လိုနေပါတယ် ။ ကျမတို့ ပြိုင်တူ ပြောမယ် ပြိုင်တူ အော်ကြမယ် ဆိုရင် လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေမှာ အပြောင်းအလဲ တစ်ခု ဖြစ်လာ နိုင်ပါတယ် ။ ဒါမျိုးတွေ နောက်တစ်ခါ မဖြစ်အောင် ကျမတို့ လုပ်ရပါမယ်”လို့ သူမက ဆိုတယ် ။

ကော်ရိုနာ ဗိုင်းရက်ကြောင့် ကမ္ဘာ့နိုင်ငံ တော်တော်များများက အိမ်တွင်းအောင်းဖို့ အတွက် အစိုးရတွေက အမိန့်ထုတ် ထားပါတယ် ။ အဲ့ဒိကိစ္စက အမျိုးသမီးတွေကို အိမ်တွင်းမှာ နှိပ်စက်ခံဖို့အတွက် ပိတ်ဆို့ ပေးလိုက် သလို ဖြစ်နေပါတယ် ။ အချို့ က ဆဲဆို ခံနေရတာလောက်နဲ့ ပြီးပေမဲ့ အချို့က ရုပ်ပိုင်း ဆိုင်ရာ ကျူးလွန် ခံရတဲ့ အထိ ဖြစ်နေပါတယ် ။ အမျိုးသမီးတွေမှာ အကူအညီ ရှာမရဘဲ ထွက်ပေါက် မရှိ ဖြစ်နေပါတယ် ။ မက်ဆီကန် မင်းသမီး ဆယ်မာဟာရက်လိုပဲ တောင်အာဖရိကန် မင်းသမီး ချာလိုက်သီရွန် ကလည်း အမျိုးသမီးများ အခွင့်အရေး ကိစ္စအတွက် လှုပ်ရှားမှု တွေကို လုပ်နေပါတယ် ။

မောင်ယဿ

REF: Asian one / Photo;reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …