ေလယာဥ္မႉးက ဒလီပို႔ ေလယာဥ္မယ္က ဆံပင္ညပ္

ေလယာဥ္မႉးက ဒလီပို႔ ေလယာဥ္မယ္က ဆံပင္ညပ္
International-news

ေလယာဥ္မႉးက ဒလီပို႔ ေလယာဥ္မယ္က ဆံပင္ညပ္

ေကာ္႐ိုနာ ဗိုင္းရက္ ျပန႔္ႏွံ႔မႈေၾကာင့္ ခရီးသြား လုပ္ငန္းအားလုံး ရပ္ဆိုင္း သြားၿပီ ျဖစ္ရာ ေလေၾကာင္းလိုင္း ေတြက အထိခိုက္ဆုံး ျဖစ္ခဲ့ရပါတယ္ ။ ေလေၾကာင္းလိုင္း တစ္ခု ထိခိုက္သြားၿပီ ဆိုတာနဲ႔ ေလယာဥ္မႉး ေလယာဥ္မယ္ နဲ႔ အျခား ေလယာဥ္ကြင္း ဝန္ထမ္းေတြ အမ်ားႀကီး အလုပ္လက္မဲ့ ျဖစ္ကုန္ ပါတယ္ ။ သူတို႔အတြက္ အလုပ္ တစ္ခုခု ေပးဖို႔ အတြက္ ေလေၾကာင္းလိုင္းကုမၸဏီ ေတြက စီစဥ္ေပးဖို႔ ႀကိဳးစားေပမဲ့ အားလုံး နီးပါးကိုေတာ့ ဘယ္လိုမွ မစီစဥ္ ေပးႏိုင္ေတာ့ အခ်ိဳ႕ ဝန္ထမ္းေတြက ေတြ႕ကရာ လုပ္ငန္း ေတြကို လုပ္ကိုင္ ၾကရတာေတာ့ပါပဲ ။

အကယ္၍ ေလေၾကာင္းက ဝန္ထမ္း တစ္ေယာက္ေယာက္နဲ႔ ေတြ႕ရင္ သူတို႔ကို ေမးၾကည့္ပါ ၊ သူတို႔ စားဝတ္ေနေရး အတြက္ ဘယ္လို ေျဖရွင္း ေနရသလဲေပါ့ ။ သူတို႔ ႀကဳံသလို လုပ္စားေနရတယ္လို႔ ေျပာျပ ပါလိမ့္မယ္ ။ အရင္လို ေက်ာ့ေက်ာ့ေလး လုပ္ေနလို႔ မရေတာ့ဘူး ။ ဘဝကို ခက္ခက္ခဲခဲ ႐ုန္းကန္ ေနရတယ္လို႔ ေျပာၾကပါလိမ့္မယ္ ။ ဘန္ေကာက္ ႐ိုက္တာ သတင္းဌာန က တင္ျပတဲ့ အေၾကာင္းက ပို စိတ္ဝင္စားစရာ ေကာင္းပါတယ္ ။

ေလေၾကာင္းလိုင္းေတြ ပိတ္လိုက္ေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ေလယာဥ္မႉး ကိုစစ္႐ိုတာနာစစ္ပြန္က အိမ္တြင္းေအာင္း ေနရတဲ့ မိသားစု ေတြကို အစားအေသာက္ လိုက္ပို႔တဲ့ ဒလီ လုပ္ငန္းကို ဆိုင္ကယ္ တစ္စင္းနဲ႔ လုပ္ေန ရပါတယ္ ။ တစ္ရက္ကို ဘတ္ ၁၀၀၀ နဲ႔ အလုပ္လုပ္ ေနရပါတယ္ ။ သူက သူ႔အေဖနဲ႔ ညီမက အစားအေသာက္ေတြကို လိုင္းေပၚက ေရာင္းခ်ေတာ့ သူက ဒလီပို႔ဖို႔အတြက္ အဆင္ေျပ သြားပါတယ္ ။

သူက “ လာမယ့္ တစ္ႏွစ္ေလာက္ထိ ေလေၾကာင္း လုပ္ငန္းေတြ က ဘယ္လို ေနမယ္ ဆိုတာကို တိတိက်က် မသိႏိုင္ ေသးပါဘူး ။ ဒါေၾကာင့္ တစ္ခုခုေတာ့ လုပ္ရမယ္”လို႔ ဆိုတယ္ ။ ဒလီလိုက္ပို႔တယ္ ဆိုတာကေတာ့ ေလယာဥ္မႉးလို ဂုဏ္သိကၡာႀကီးတဲ့ အလုပ္ မဟုတ္ေပမယ့္ ဝင္ေငြရႏိုင္တဲ့ တစ္စိတ္တစ္ပိုင္း ျဖစ္လို႔ သူက လုပ္ေနရ တာပါလို႔ ဆိုတယ္ ။

၃၆ ႏွစ္အ႐ြယ္ ေလယာဥ္မယ္ သာဝနန္ ကေတာ့ ေလေၾကာင္းလိုင္ းပိတ္လို႔ သူမရဲ႕ လက္ေတြကို ရပ္မပစ္လိုက္ ပါဘူးတဲ့ ။ သူမရဲ႕ အိမ္ေရွ႕ခန္း ေလးကို ျပင္ၿပီး ထိုင္ခုံခ် မွန္ေထာင္ၿပီး ဆံသဆိုင္ေလး တစ္ခု ေထာင္လိုက္ပါတယ္ ။ တစ္ေခါင္းကို ဘတ္ ၁၅၀ နဲ႔ ေဈးခ်ိဳခ်ိဳနဲ႔ ညႇပ္ေပး ေနပါတယ္ ။ ေကာင္းကင္ေပၚမွာ အၿပဳံး လွလွေလးနဲ႔ ဝန္ေဆာင္မႈ ေပးတာထက္ ပိုပင္ပန္း ေပမဲ့ သူမအတြက္ ကေတာ့ ဝင္ေငြရစရာ လမ္းတစ္ခုနဲ႔ မိသားစုကို အဆင္ေျပေစ ပါတယ္ ။

ေမာင္ယႆ

REF: world of buzz / Photo;reuter

Unicode

လေယာဉ်မှူးက ဒလီပို့ လေယာဉ်မယ်က ဆံပင်ညပ်

ကော်ရိုနာ ဗိုင်းရက် ပြန့်နှံ့မှုကြောင့် ခရီးသွား လုပ်ငန်းအားလုံး ရပ်ဆိုင်း သွားပြီ ဖြစ်ရာ လေကြောင်းလိုင်း တွေက အထိခိုက်ဆုံး ဖြစ်ခဲ့ရပါတယ် ။ လေကြောင်းလိုင်း တစ်ခု ထိခိုက်သွားပြီ ဆိုတာနဲ့ လေယာဉ်မှူး လေယာဉ်မယ် နဲ့ အခြား လေယာဉ်ကွင်း ဝန်ထမ်းတွေ အများကြီး အလုပ်လက်မဲ့ ဖြစ်ကုန် ပါတယ် ။ သူတို့အတွက် အလုပ် တစ်ခုခု ပေးဖို့ အတွက် လေကြောင်းလိုင်းကုမ္ပဏီ တွေက စီစဉ်ပေးဖို့ ကြိုးစားပေမဲ့ အားလုံး နီးပါးကိုတော့ ဘယ်လိုမှ မစီစဉ် ပေးနိုင်တော့ အချို့ ဝန်ထမ်းတွေက တွေ့ကရာ လုပ်ငန်း တွေကို လုပ်ကိုင် ကြရတာတော့ပါပဲ ။

အကယ်၍ လေကြောင်းက ဝန်ထမ်း တစ်ယောက်ယောက်နဲ့ တွေ့ရင် သူတို့ကို မေးကြည့်ပါ ၊ သူတို့ စားဝတ်နေရေး အတွက် ဘယ်လို ဖြေရှင်း နေရသလဲပေါ့ ။ သူတို့ ကြုံသလို လုပ်စားနေရတယ်လို့ ပြောပြ ပါလိမ့်မယ် ။ အရင်လို ကျော့ကျော့လေး လုပ်နေလို့ မရတော့ဘူး ။ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန် နေရတယ်လို့ ပြောကြပါလိမ့်မယ် ။ ဘန်ကောက် ရိုက်တာ သတင်းဌာန က တင်ပြတဲ့ အကြောင်းက ပို စိတ်ဝင်စားစရာ ကောင်းပါတယ် ။

လေကြောင်းလိုင်းတွေ ပိတ်လိုက်တော့ အသက် ၃၇ နှစ်အရွယ် လေယာဉ်မှူး ကိုစစ်ရိုတာနာစစ်ပွန်က အိမ်တွင်းအောင်း နေရတဲ့ မိသားစု တွေကို အစားအသောက် လိုက်ပို့တဲ့ ဒလီ လုပ်ငန်းကို ဆိုင်ကယ် တစ်စင်းနဲ့ လုပ်နေ ရပါတယ် ။ တစ်ရက်ကို ဘတ် ၁၀၀၀ နဲ့ အလုပ်လုပ် နေရပါတယ် ။ သူက သူ့အဖေနဲ့ ညီမက အစားအသောက်တွေကို လိုင်းပေါ်က ရောင်းချတော့ သူက ဒလီပို့ဖို့အတွက် အဆင်ပြေ သွားပါတယ် ။

သူက “ လာမယ့် တစ်နှစ်လောက်ထိ လေကြောင်း လုပ်ငန်းတွေ က ဘယ်လို နေမယ် ဆိုတာကို တိတိကျကျ မသိနိုင် သေးပါဘူး ။ ဒါကြောင့် တစ်ခုခုတော့ လုပ်ရမယ်”လို့ ဆိုတယ် ။ ဒလီလိုက်ပို့တယ် ဆိုတာကတော့ လေယာဉ်မှူးလို ဂုဏ်သိက္ခာကြီးတဲ့ အလုပ် မဟုတ်ပေမယ့် ဝင်ငွေရနိုင်တဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ သူက လုပ်နေရ တာပါလို့ ဆိုတယ် ။

၃၆ နှစ်အရွယ် လေယာဉ်မယ် သာဝနန် ကတော့ လေကြောင်းလိုင် းပိတ်လို့ သူမရဲ့ လက်တွေကို ရပ်မပစ်လိုက် ပါဘူးတဲ့ ။ သူမရဲ့ အိမ်ရှေ့ခန်း လေးကို ပြင်ပြီး ထိုင်ခုံချ မှန်ထောင်ပြီး ဆံသဆိုင်လေး တစ်ခု ထောင်လိုက်ပါတယ် ။ တစ်ခေါင်းကို ဘတ် ၁၅၀ နဲ့ ဈေးချိုချိုနဲ့ ညှပ်ပေး နေပါတယ် ။ ကောင်းကင်ပေါ်မှာ အပြုံး လှလှလေးနဲ့ ဝန်ဆောင်မှု ပေးတာထက် ပိုပင်ပန်း ပေမဲ့ သူမအတွက် ကတော့ ဝင်ငွေရစရာ လမ်းတစ်ခုနဲ့ မိသားစုကို အဆင်ပြေစေ ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo;reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …

သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္
International-news
သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္

သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္ ရာကယ္ပရက္ဆင္းဂ္ ဆိုတာက တလူဂူး နဲ႔ တမီးလ္ ႐ုပ္ရွင္ေလာက ကေန နာမည္ႀကီး လာၿပီး ေဘာလီးဝုဒ္ ကို ေျခခ်လာတဲ့ မင္းသမီးတစ္လက္ပါ ။ အမ်ိဳးအစားပုံစံကြဲျပားတဲ့ အိႏၵိယ႐ုပ္ရွင္ေလာကမွာ တစ္ခုကေန အျခား တစ္ခုကို ေျပာင္းဖို႔ဆိုတာက အေတာ္မလြယ္တဲ့ ကိစၥပါ ။ ဘာသာစကား ၊ အေလ့အထ နဲ႔ အမႈအက်င့္ ေတြ ကြဲျပားတဲ့ ႐ုပ္ရွင္ေလာကေတြမွာ ႏွံ႔ေအာင္က်င္လည္ႏိုင္ဖို႔ အတြက္ ဘက္ေပါင္းစုံ ကြၽမ္းက်င္မွ အဆင္ေျပ ႏိုင္မွာပါ ။ ႐ုပ္ရွင္ေလာက တစ္ခုနဲ႔ တစ္ခုအကူးမွာ က်ရႈံး သြားတဲ့ မင္းသမီးေတြ …